DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • အဓမ္စစစ်မှုထမ်းရန် ဘုန်းကြီးများကိုပါ ဖိအားပေးနေ

    ပဲခူးတိုင်းထဲမှာ အဓမ္စစစ်မှုထမ်းဖို့အတွက် ဘုန်းကြီးတွေကပါ ဖိအားပေးနေသလို ရွာတိုင်း စစ်မှုးထမ်းဖို့ မဲနိူက်ခိုင်းနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို မင်းညိုကပေးပို့ထားပါတယ်။

    5 min
  • DVB Newsbreak 5.5 (၂၃ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....

    လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့  ဗိုလ်မှူးချုပ် ၆ ဦးကို သေဒဏ်နဲ့  တသက်တကျွန်း အမိန့်ချမှတ်လိုက်တဲ့သတင်း၊ 

    အိန္ဒိယဘက်ထွက်ပြေးတဲ့ စစ်သားတွေကို ပြန်ခေါ်တဲ့ လေယာဉ် ပြေးလမ်းကျော်ကျပြီး ၈ ဦး ဒဏ်ရာရတဲ့သတင်းနဲ့ 

    ဗိုလ်မှူးစောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF စစ်ကောင်စီတပ်ရဲ့ အထောက်အပံ့မယူတော့ဘဲ  ခွဲထွက်တဲ့တင်းတွေကို နားဆင်ရမှာပါ။

    6 min
  • DVB Newsbreak 5.5 (၂၂ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....

    • အိန္ဒိယဘက် ထွက်ပြေးလာတဲ့ မြန်မာစစ်သား ၂၇၆  ဦးကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်မယ့် သတင်း

    • စစ်ကောင်စီတပ်က ၃ နှစ်အတွင်း ပြည်သူလူထု နေအိမ်ပေါင်း ၈သောင်းလောက်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်းနဲ့ 

    • မြန်မာနိုင်ငံဟာ နိုင်ငံကြီးတွေရဲ့ နောက်လိုက်လုပ်လို့မရဘဲ ကိုယ့်မူနဲ့ကိုယ် အခိုင်အမာရပ်တည်ရမယ်လို့ NUG ကပြောကြားလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ

    • 6 min
    • နိုင်ငံကြီးများ၏ နောက်လိုက်လုပ်လို့မရဘဲ ကိုယ့်မူနှင့် အခိုင်အမာရပ်တည်မည်ဟု NUG ပြော

      မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲလုပ်လို့လည်းမရသလို အင်အားကြီးနိုင်ငံတွေရဲ့ နောက်လိုက်လည်းဖြစ်လို့မရဘဲ ကိုယ့်ရဲ့မူနဲ့ ခိုင်ခိုင်မာမာ ရပ်တည် လျှောက်လှမ်းကြမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပြောပါတယ်။ 

      4 min
    • ဒီပဲယင်းနယ်တွင် NUG တရားရေးအဖွဲ့ဝင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ ၄ ဦး သတ်ဖြတ်ခံရ

      စစ်ကိုင်းတိုင်း ဒီပဲယင်းနယ်မှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တဲ့ NUG

      တရားရေးအဖွဲ့ဝင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ ၄ ယောက်ရဲ့ရုပ်အလောင်း တွေကို တွေ့ရှိခဲ့ပါတယ်။ ရဲစခန်းမှူးဟောင်းရဲ့အကူအညီနဲ့ ဒီပဲယင်း-ရေဦးနယ်က
      ကျေးရွာတွေကို စစ်ကောင်စီက ညပိုင်းတွေမှာ အလစ်ဝင်ပြီး NUG
      နဲ့ဆက်စပ်သူတွေကို ရှာဖွေဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။

      3 min
    • " ပလက်ဝအပြီး ရခိုင်မြောက်ပိုင်းကို AA သိမ်းမလား" (WeeklyNewsDigest 21012024)



      DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။

      ဒီတပတ်အစီအစဉ်မှာတော့ ပလက်ဝအပြီး ရခိုင်မြောက်ပိုင်းကို AA ထပ်သိမ်းမလား၊ မွန်ပြည်သစ် ဘယ်လဲ၊ အီရန်စလိုက်တဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲသစ် စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

      30 min
    • နိုင်ငံတဝန်း ကုန်သွယ်ပမာဏ၏ ၄၀ ရာခိုင်နှုန်းခန့် လျော့ကျ၊ ကုန်ကြမ်းမရှိသဖြင့် ဆန်စက်၊ ဆီစက်များရပ်ထား

      ၂၀၂၂-၂၃ စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးကောင်းကောင်းမလုပ်နိုင်ဘဲ

      ကုန်ကြမ်းမရှိတာကြောင့် နိုင်ငံတဝန်း ဆန်စက်၊ ဆီစက်တွေ ရပ်ဆိုင်းထားရတဲ့
      အခြေအနေတွေဖြစ်ပေါ်နေသလို နယ်စပ်ကုန်သွယ်ရေး ဂိတ် ၁၄ ခုမှာလည်း
      ပုံမှန်ကုန်စည်စီးဆင်းမှုမရှိတော့တာကြောင့် တနိုင်ငံလုံး ကုန်သွယ်ပမာဏရဲ့
      ၄၀ ရာခိုင်နှုန်းဝန်းကျင် လျော့ကျနေပါတယ်။ 


      7 min
    • DVB Newsbreak 5.5 ( ၁၉ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

      ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၁၉ ရက်ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....

      -ကာကွယ်ရေးဦးစီးချုပ်နေရာ လွှဲပေးဖို့ မဘသ ဆရာတော်က စစ်ခေါင်းဆောင်ကို တောင်းဆိုလိုက်တဲ့သတင်း  

      -၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့  ကေအန်ယူက ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ 

      -ကရင်နီ ရှမ်းနဲ့ တနင်္ဿာရီ ဒေသက သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ အကူအညီတွေ လိုအပ်နေတဲ့ သတင်းတွေနားဆင်ကြရဖို့ရှိပါတယ်။

      6 min
    • DVB Newsbreak 5.5 ( ၁၈ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

      ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၁၈ ရက်ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....

      -စစ်ကောင်စီတပ်သား ၂၀၀ ကျော် အိန္ဒိယဘက် ထပ်မံထွက်ပြေးသွားတဲ့သတင်း

      ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပိုမိုဖြတ်တောက်လိုက်တဲ့သတင်းနဲ့ 

      -မိန်းကလေးနဲ့ အမျိုးသမီး ၁၇ ဦးကို လိင်ကုန်ကူးမှုကနေ ကယ်တင်နိုင်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ

      5 min
    • DVB Newsbreak 5.5 ( ၁၇ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

      ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၁၇ ရက်ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....

      -ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တကျော့ပြန်တိုက်ပွဲပြန်ဖြစ်နေ တဲ့သတင်း 

      -ဝါရင့်နိုင်ငံရေးသမားကြီး မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်နိုင်ထောမွန် ကွယ်လွန်သွားတဲ့ သတင်းနဲ့ 

      -ထိုင်းအစိုးရက မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ရှိနေတဲ့ သတင်းတွေ နားဆင်ရမှာပါ။

      5 min