
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....
-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ် ပထမဆုံးအကြိမ် တက်ရောက်တဲ့ သတင်း
-စစ်ရဟတ်ယာဉ်ပစ်ချခံရမှုမှာ တပ်မမှူးအပါအဝင် ၅ ဦးသေဆုံးသွားတဲ့သတင်းနဲ့
-ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီတွေက မြန်မာစစ်အုပ်စုကို အထောက်အပံ့ပေးနေတဲ့ သတင်းတွေနားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....
-ကရင်ပြည်နယ်၊ မြဝတီခရိုင်မှာ စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီး ပစ်ချခံရပြီး ပျက်ကျသွားတဲ့သတင်း
- ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ စစ်ကောင်စီတပ်တွေအားလုံး ဆုတ်ခွာသွားတဲ့သတင်း
-ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းနေတယ်လို့ တရုတ်သံအမတ်က ပြောကြားလိုက်တဲ့သတင်းနဲ့
-စစ်ကျွန်အဖြစ်မှ ရုန်းထွက်ကြဖို့ ရန်ကုန်မှာ လူငယ်တွေ ဆန္ဒပြခဲ့ကြတဲ့သတင်းတွေ နားဆင်ကြရမှာပါ
လွိုင်ကော်မြို့တိုက်ပွဲနဲ့ကရင်နီဒေသကတိုက်ပွဲတွေမှာ မျှော်မှန်းထားတဲ့အခြေအနေထိမရောက်သေးပေမယ့် အတိုင်း အတာတခုအ ထိ အားရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက ဒီဗွီဘီနဲ့ တွေ့ဆုံတုန်းမှာ ပြောပါတယ်။ ဒီသတင်းကို သီဟ ကရင်နီပြည်နယ်ကနေ ပေးပို့ထားပါတယ်။
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ ကရင်နယ်ခြားစောင့်တပ် BGF ဘယ်လဲ၊ ပြည်ပြေးတပ်နဲ့ ပြေးလမ်းချော်တဲ့လေယာဉ်၊ အဓမ္မစစ်သားစုဆောင်ရေး စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ကရင်အချင်းချင်း မတိုက်ခိုက်ချင်တော့တဲ့အကြောင်းနဲ့ စစ်ကောင်စီတပ်ဆီက
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး
ဆွေးနွေးတုန်းမှာ BGF ဘက်က အချက် ၂ နှစ်ချက်ကို တောင်းဆိုခဲ့ပေမဲ့ အဖြေထွက်မလာသေးဘူးလို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။
“တောင်းဆိုတာကတော့ ထူးထူးထွေထွေ မဟုတ်ပါဘူး။ ကျနော်တို့အချင်းချင်း
BGF ဘက်က တောင်းဆိုချက်တွေကို ဒုချုပ်က စစ်ခေါင်းဆောင်
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....
-မြန်မာနိုင်ငံအနှံ့ အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာပြီး လျှပ်စီးလက် မိုးကြိုးပစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်း
-မလေးရှားနိုင်ငံ စိုက်ပျိုးရေးခြံတခုမှာ မြေပြိုကျလို့ မြန်မာနိုင်ငံသား ၅ ဦး သေဆုံးသွားတဲ့ သတင်းနဲ့
-စစ်အာဏာသိမ်း ၃ နှစ် အတွင်း အကျဉ်းသား ၉၀၀၀၀ ကျော်လွှတ်ပေးရာ၌ နိုင်ကျဉ်း ၇၀၀၀ ကျော်သာပါဝင်တဲ့သတင်းတွေ နားဆင်ကြရမှာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....
-ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်တဲ့ ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး ဆီဆိုင်မြို့က ဌာနဆိုင်ရာ ရုံးတွေမှာ ပအိုဝ့်အလံတွေ လွှင့်ထူတဲ့သတင်း။
--ရခိုင်ပြည်နယ်အနှံ့ အင်တာနက်ဖြတ်ခံရပြီး ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းတဲ့သတင်းနဲ့
-မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ပြန်လွှတ်ပေးရန် နိုင်ငံတကာရုပ်ရှင်အဖွဲ့များ တောင်းဆိုတဲံသတင်းကို နားဆင်ရမှာပါ
ကရင်နီမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတချို့က တာဝန်ရှိသူတွေနဲ့ ကနဉီးညှိနှိုင်းသဘောတူညီမှုတွေရှိနေပြီး မကြာခင် တပ်ရင်းလိုက် ဘက်ပြောင်းမှုတွေကို ကရင်နီပြည်နယ်ထဲမှာ အကောင်အထည်ဖော်တော့မယ်လို့ KNDFဘက်က ပြောဆိုပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....
-အိန္ဒိယမှာ ပြေးလမ်းချော်ကျခဲ့တဲ့ စစ်ကောင်စီလေယာဉ်ပေါ်က ဒဏ်ရာရတွေသယ်လာတဲံ လူနာတင်ယာဉ် မတော်တဆထပ်မံဖြစ်ပွားခဲ့တဲ့သတင်း
-မန့်ဝိန်းကြီးတိုက်ပွဲမှာ တရုတ်ဘက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန် လွှဲပြောင်းပေးတဲ့သတင်းနဲ့
- ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၇၀၀ ကူညီမယ့်သတင်းတွေ နားဆင်ရမှာပါ
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အနေနဲ့ အညာဒေသက လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေမှာ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Comma nd) ကောင်းကောင်း မဖော်ဆောင်နိုင်သေးဘူးလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ကျွမ်းကျင်သူ တွေက သုံးသပ်ပြောဆိုပါတယ်။