
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၆ ရက်ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....
နမ့်ဖတ်ကာအနီး စစ်လေယာဉ် ၁ စီးကို ကေအိုင်အေက ပစ်ချလိုက်တဲ့သတင်း
-ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်တွေကို ဆန့်ကျင်တဲ့အကြောင်း စစ်ကောင်စီက ကြေညာလိုက်တဲ့သတင်းနဲ့
-ဖျာပုံခရိုင်တရားရုံးက လူငယ် ၁၄ ယောက်ကို PDF လို့ စွပ်စွဲပြီး သေဒဏ်ချမှတ်ခဲ့တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။
ပေါင်းတည်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို PDF တွေ ခိုအောင်းနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးရှို့ပြီး ဒေသခံ တွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ သတင်းကိုမင်းညိုကပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....
-ပလက်ဝဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ ရက္ခိုင့်တပ်တော် ကြေညာလိုက်တဲ့သတင်း၊
-မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော် အေမီဈာန်၊ မော်ဒယ် ဖူးပွင့်ခိုင် အပါအဝင် မြန်မာ အယောက် ၃၀ လောက် ပြန်မလွတ်သေးတဲ့သတင်းနဲ့
-ဟွန်ဒီငွေလွဲ လုပ်ငန်းတွေကို စစ်ကောင်စီက ရှာဖွေဖော်ထုတ် ဖမ်းဆီးနေတဲ့သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ။
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ လွတ်မြောက်သွားတဲ့ လောက်ကိုင် ၊ အမှတ်တရ ဒေါ်မာမာအေး၊ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီး စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
စစ်တက္ကသိုလ်တွေတည်ရှိတဲ့ ပြင်ဦးလွင်မြို့မြောက်ဘက် ၁၀ မိုင်ကျော်အကွာအဝေးအထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တပ်တွေ ထိုးစစ်ဆင်ရောက်ရှိနေပြီး ပြည်သူတွေ စစ်ကောင်စီစခန်းတွေနဲ့ဝေးရာမှာနေကြဖို့ မန္တလေး PDF ခေါင်းဆောင်တွေက မေတ္တာရပ်ခံပါတယ်။ ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြောက်ပိုင်း ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ယာယီ အပစ်ရပ်ဖို့ သဘောတူညီမှုရသွားတဲ့ သတင်း
-မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ ပြန်လည်ရွေးချယ်ခံရတဲ့သတင်းနဲ့
-ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၄၀၀ ကျော်ကို မြန်မာဘက်ပြန်ပို့ခဲ့တယ်လို့ အိန္ဒိယစစ်ဦးစီးချုပ်က ပြောကြားလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ကရင်တိုင်းရင်းသားအခွင့်အရေး နှောင့်ယှက်တားဆီးသူတွေကို ဆန့်ကျင်တော်လှန်ဖို့ ကရင်နှစ်သစ်ကူးနေ့မှာ ကေအန်ယူခေါင်းဆောင်က တိုက်တွန်းလိုက်တဲ့သတင်း
-အာဆီယံအထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးတဲ့ သတင်းနဲ့
-မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်တဲ့ သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်နိုင်ဖို့ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူ အညီအပြည့်အဝရဖို့အတွက် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို သီးခြားစီတွေ့ဆုံခဲ့တာ လို့ PPST ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။
နတ်သံကွင်းမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသန်းပစ်ခတ်တာကြောင့် နေအိမ် ၁၀၀ နီးပါးမီးလောင်ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောင်ခန့် သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-၂၀၂၄ ပထမပတ်အတွင်း စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၅၀ ခန့်သေဆုံးဟု ကုလ ထုတ်ပြန်လိုက်တဲ့သတင်း
- ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ ဗိုလ်မှူးချုပ် ၈ ဦးအထိ ဆုံးရှုံး၊ ၄,၀၀၀ ခန့် လက်နက်ချဟု NUG ပြောဆိုလိုက်လိုက်တဲ့သတင်း
-တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပလက်ဝမြို့ခံ ထောင်ချီ ထွက်ပြေးနေရကြရတဲ့သတင်းကို နားဆင်ရမှာပါ။