DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • ၂၀၂၄ တွင် သတင်းလွတ်လပ်ခွင့် အခြေအနေ ပိုဆိုးရွာလာနိုင်

    ၂၀၂၃ ခုနှစ်အတွင်း သတင်းလွတ်လပ်ခွင့်ကို စစ်ကောင်စီက နည်းမျိုးစုံသုံး ဖိနှိပ်ခဲ့သလို ၂၀၂၄ မှာလည်း သတင်း လွတ်လပ်ခွင့် အခြေအနေ ပိုဆိုးရွာလာနိုင်တယ်လို့ သတင်းစာဆရာတွေက သုံးသပ်ထားပါတယ်။ ဒီသတင်းကို ဖူးအိအိနွယ် ပေးပို့ထားပါတယ်။

    5 min
  • DVB Newsbreak 5.5 ( ၂ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၂  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက  ရှေ့နေနဲ့  ပေးမတွေ့တဲ့  သတင်း 

    -ကျားဖြန့် အွန်လိုင်းလောင်းကစား ပူးပေါင်းတိုက်ဖျက်ရေးအပါအဝင် တရုတ်နိုင်ငံဆိုင်ရာမူဝါဒကို NUG က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ 

    -လွတ်လပ်ရေးနေ့အတွက် ရန်ကုန် ပြည်လမ်းပိတ်ထားလို့  တက္ကစီသမားတွေ အခက်ကြုံနေရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ


    6 min
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဆက်သွယ်ခွင့်မရတာ အချိန် ၁ နှစ်ကျော်ရှိလာ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဆက်သွယ်ခွင့်မရတာ အချိန် ၁ နှစ်ကျော်ရှိလာပြီး နောက်ဆုံးအယူခံတင်ခွင့်အဖြစ် တရားသူကြီးချုပ်ဆီတင်တဲ့ ပြည်ထောင်စုတရားစီရင်ရေးပုဒ်မ ၂၀ တခုသာ လုပ်ဆောင်ဖို့ ကျန်တော့တယ်လို့ နေပြည်တော်အချုပ်ထောင်နဲ့နီးစပ်သူကပြောပါတယ်။ သုတချမ်းသာ သတင်းပေးပို့ထားပါတယ်။

    3 min
  • ၂၀၂၃ ခုနှစ်၌ အချိန်မီဆေးကုသခွင့်မရသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးသေဆုံး

    ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဆေးဝါးကုသခွင့်

    အချိန်မီ မရခဲ့တာကြောင့်  ကွယ်လွန်သွားတဲ့  နိုင်ငံရေး အကျဉ်းသားပေါင်း ၁၇
    ယောက်အထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုက်အဝန်းကနေ သတိရပါတယ်။ 


    3 min
  • "၂၀၂၃ တနှစ်တာသတင်းသုံးသပ်ချက်"  (WeeklyNewsDigest31122023)

    DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနဲ့ ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားစရာသတင်းတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်

    30 min
  • မြန်မာပြည်တွင်း၌ ဆေးဝါးဈေးနှုန်းများ မြင့်တက်

    မြန်မာပြည်တွင်းမှာ ဒီဇင်ဘာတတိယပတ်ကစလို့ ဆေးဝါးဈေးနှုန်းတွေ သိသိသာသာ မြင့်တက်နေပြီး နာတာရှည် ရောဂါအတွက် သောက်သုံးရတဲ့ ဆေးဝါးတချို့ ပြတ်လပ်တာတွေနဲ့ ကြုံရတယ်လို့ ဆေးဝါးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။

    4 min
  • DVB Newsbreak 5.5 ( ၂၈ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဒီဇင်ဘာလ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -မြဝတီမှာရှိတဲ့  အွန်လိုင်းလောင်းကစားငွေလိမ်လုပ်ငန်းတွေကို ပူးပေါင်းနှိပ်နင်းဖို့  ထိုင်းစစ်တပ်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့သတင်း 

    -စစ်ကောင်စီရဲစခန်းနဲ့ တပ်စခန်းတွေကို အေအေနဲ့   TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့ 

    -နေပြည်တော်မှာ စစ်ဆရာဝန် ဗိုလ်မှူးကြီး တယောက်က သူ့ရဲ့  ဇနီးဖြစ်သူကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်မှုဖြစ်ပွားခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ


    6 min
  • ရန်ကုန်တွင် လျှပ်စစ်မီး ယာယီထပ်ပြတ်မည့်အပေါ် ဝေဖန်မှုမြင့်တက်

    ဓာတ်အားလိုင်းတွေ ပြုပြင်ထိန်းသိမ်းရေးအတွက် ရန်ကုန်မှာ လျှပ်စစ်မီး

    ထပ်ပြီး ယာယီပြတ်တောက်မယ်ဆိုတဲ့ ကြေညာချက်အပေါ် လူထုရဲ့ ဝေဖန်မှုတွေ
    မြင့်တက်နေပါတယ်။ 

    ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ဖို့အတွက်

    ဓာတ်အားထုတ်လုပ် ပို့လွှတ်နိုင်မှု ၁၀၀ MW လျှော့ချမှာဖြစ်ပြီး ဒီဇင်ဘာ ၂၆
    ရက်ကနေ ဇန်နဝါရီ ၂ ရက်ထိ ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်မီး
    ယာယီပြတ်တောက်မယ်လို့   ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက
    ကြေညာထားတာပါ။ 

    3 min
  • DVB Newsbreak 5.5 ( ၂၆ ၊ ဒီဇင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဒီဇင်ဘာလ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့

    -လာမယ့် ၂၀၂၄ ခုနှစ်မှာ နိုင်ငံရေး ရှုပ်ထွေးမှုပိုများလာနိုင်ပြီး ညီညွတ်ရေးတည်ဆောက်ဖို့ အဓိကလိုအပ်နေတယ်လို့  လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်တဲ့သတင်း

    -ရိုဟင်ဂျာ နေရပ်ပြန်ရေး ဩစတြေးလျက ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာ ၂၃၅ သန်း ကူညီမယ့်သတင်းနဲ့ 

    -ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားခဲ့တဲ့ တော်လှန်ရေး ရဲဘော်တွေ အတွက် ရန်ပုံငွေရှာ ကမ်ပိန်း စတင်မယ်သတင်းတွေ နားဆင်ကြရဖို့ ရှိပါတယ်။ 


    6 min
  • ၂၀၂၄ တွင် နိုင်ငံရေး ရှုပ်ထွေးမှုပိုများနိုင်၊ ညီညွတ်ရေးတည်ဆောက်ရန် လိုအပ်

    လာမယ့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အငြင်းအခုံဖြစ်တာတွေ ရှုပ်ထွေးတာတွေ ပိုများလာနိုင်ပြီး ညီညွတ်ရေးတည်ဆောက်ဖို့က အဓိကစိန်ခေါ်မှုဖြစ်လာမယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။

    6 min