
Sign up to save your podcasts
Or


ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ စစ်စခန်းအပြင်ကိုတောင်
ချင်းတော်လှန်ရေးတပ်တွေအနေနဲ့ ချင်းပြည်နယ်မှာ ၈၀ ရာခိုင်နှုန်းအထိ
ချင်းတော်လှန်ရေးတပ်တွေ အနေနဲ့ လက်ရှိမှာ ရိဒ်ခေါဒါရ်မြို့၊
ချင်းတော်လှန်ရေးတပ်တွေက မြေပြင်ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်
ချင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီအနေနဲ့ ပြန်လည်
ချင်းအမျိုးသားတပ်မတော် ပြောခွင့်ရသူ ဆလိုင်းထက်နီက
စစ်ကောင်စီကို ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်တဲ့
နွေဦးတော်လှန်ရေးမှာ တတိုင်းပြည်လုံး ပါဝင်နေတဲ့အတွက် အာဏာရှင်စနစ်ကို
ဆလိုင်းထက်နီက “ကျနော်တို့တင်မဟုတ်ဘဲ တပြည်လုံး နွေဦးတော်လှန်ရေးမှာ
မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ
သီဟ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
-ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ တရုတ်က ပြောကြားလိုက်တဲ့သတင်း
-မူဆယ် ၁၀၅ မိုင် စစ်ကောင်စီဗျူဟာကုန်းကို MNDAA နဲ့ ပူးပေါင်းအဖွဲ့ က သိမ်းပိုက်လိုက်တဲ့သတင်းနဲ့
-ရန်ကုန်မှာ လျှပ်စစ်မီးတွေ ဆိုးဆိုးရွားရွား ပြတ်တောက်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
မြန်မာနိုင်ငံမှာ တိုက်ပွဲအချိန်ကြာလာတာနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် တနေ့တခြားပိုများလာပြီး စားနပ်ရိက္ခာမလုံလောက်တော့တဲ့အကြပ်အတည်း ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ သုတချမ်းသာက တင်ဆက်ပေးထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာလ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
အီးယူက မြန်မာစစ်အုပ်စုအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်လုပ်လိုက်တဲ့သတင်း
မော်လူးမြို့ကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေထံကနေ စစ်ကောင်စီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမယ့် သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
-မြန်မာနိုင်ငံက အာဖဂန်နစ္စတန်ကို ကျော်လွန်ပြီး ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံဖြစ်လာတဲ့သတင်း
-စစ်ကောင်စီနဲ့ ဆွေးနွေးတဲ့ကိစ္စ မစိုးရိမ်ကြဖို့နဲ့ ဘုံရည်မှန်းချက်ပြည့်တဲ့အထိ ပြည်သူနဲ့အတူ လက်တွဲလုပ်ဆောင်မယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာလိုက်တဲ့သတင်း
-Dawei (ထားဝယ်) Watch သတင်းဌာန မြိတ်အခြေစိုက် သတင်းသမား ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
တိုင်းရင်းသား ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ဆွေးနွေးမှု ရလဒ်ကောင်းရလို့ ဝမ်းသာတယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်တဲ့သတင်း
-ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ နှုံးဘူးဗျူဟာကုန်းကို အေအေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့
- ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှာရှိတဲ့ NUG တရားရုံး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
-မြန်မာငွေလိမ်ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို တရုတ်ရဲက ဖမ်းဝရမ်းထုတ်လိုက်တဲ့သတင်း
-လက်နက်ကြီးကျလို့ သိန္နီဈေးနဲ့ လွိုင်ကော်ဈေးကြီး မီးလောင်ပျက်စီးသွားတဲ့ သတင်းနဲ့
မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်အနီးရှိ အိမ်ခြေ ၂၀၀၀၀ ကျော်ကို စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်းတဲ့ သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ လောင်စာဆီဂယက်နဲ့ ဆီမှောင်ခိုဂိုဏ်း၊ စစ်တိုက်ဖို့ တပ်ပြေးရဲပြေးတွေပြန်ခေါ်နေရတဲ့ စကစ၊ ပူတင်ရဲ့ရှေ့အလယ်ပိုင်းခရီး စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်အားလုံး ပြည်သူ့ဘက်ကို ကူးပြောင်းရန် တီမောသမ္မတ တိုက်တွန်း
သုတချမ်းသာ
မြန်မာစစ်ကောင်စီတပ်က အရာရှိ အကြပ်စစ်သည်တွေအားလုံး ပြည်သူ့ဘက်ကူးပြောင်းပြီး နိုင်ငံသစ်ထူထောင်မယ့်လမ်းကို ရွေးချယ်ကြဖို့ အရှေ့တီမောနိုင်ငံသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ် အရာရှိ၊ အရာခံတွေနဲ့ တပ်သားတွေအားလုံး မြန်မာပြည်သူတွေဘက်ကို ကူးပြောင်းကြဖို့ တီမောလက်စ်တေနိုင်ငံ သမ္မတက ဒီဇင်ဘာ ၈ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PVTV ကနေ ဗီဒီယိုသတင်းစကားပြောဆိုခဲ့တာပါ။
သမ္မတဟိုဆေးရာမို့စ်ဟော်တာက "အပစ်အခတ်ရပ်ဖို့ လက်နက်ချဖို့ လက်နက်တွေကို စစ်တန်းလျားမှာပဲ ပြန်ထားဖို့ အခွင့်အရေးကြီးရှိနေပါတယ်။ သင်တို့ရဲ့ ပြည်သူတွေကို ထပ်ပြီး မသတ်ဖြတ်ပါနဲ့တော့။ မြန်မာပြည်သူတွေအတွက် အရှေ့တောင်အာရှအတွက် အာရှသားတို့အတွက် နောက်ထပ် ဒီမိုကရေစီရရှိဖို့ ဘဝအသစ်တခုရရှိဖို့ အခွင့်အရေးဟာ သင်တို့လက်ထဲမှာ ရှိနေပါတယ်။ မြန်မာစစ်တပ်က ဗိုလ်မှူးများ၊ တပ်ကြပ်ကြီးများ၊ စစ်သားများ သင်တို့ဟာ နောက်ထပ်ကျည်တတောင့်မှ ထပ်မပစ်ရုံနဲ့ မြန်မာနိုင်ငံအတွက် တံခါးအသစ်တချပ်ကို ဖွင့်ပေးနိုင်ပါလိမ့်မယ်” လို့ သတင်းစကားပါးလိုက်ပါတယ်။
တိုက်ပွဲမဖြစ်ခင် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားတွေနဲ့ မိသားစုတွေကို လုံခြုံရေးအာမခံချက်ပေးထားပြီး Non CDM ဝန်ထမ်းတွေကိုလည်း အချိန်မီ CDM ဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာ တတိယအပတ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "စစ်တပ်မှာရှိနေတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေဟာ သမိုင်းမှာ သမိုင်းတွင်မယ့်အလုပ် ပြည်သူဘက်မှာရပ်တည်တဲ့အလုပ်ကို လုပ်လို့ရတယ်ဆိုတာ သတိပေးပြောကြားတာပေါ့နော်။ ပြည်သူတွေကကျွေးလို့ ပြည်သူ့ကြားမှာ ပေါက်ဖွားလာတာ အဲ့ဒီတော့ ပြည်သူ့ကို သစ္စာစောင့်ရမှာ။ အာဏာရူးတွေ၊ သူတို့အတွက်အ သက်ပေးနေမဲ့အစား မှတ်တမ်းကောင်းကောင်း ပြည်သူဘက်က ရပ်တည်တယ်ဆိုတဲ့ဟာ ဖြစ်အောင်လုပ်ကြဖို့ တိုက်တွန်းပြောကြားတာဖြစ်ပါတယ်"လို့ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး အောက်တိုဘာလကုန်ပိုင်းကနေ ရက် ၄၀ ကျော်ကာလအတွင်း ဒီဇင်ဘာ ၈ ရက်အထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေဆီကနေ လက် နက်ချ အလင်းဝင်လာသူ စုစုပေါင်း ၆၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
နိုင်ငံတ၀န်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ရဲတပ်ဖွဲနဲ့ စစ်သည် အရေအတွက် ၁၀၀၀၀ ကျော်အထိ ရှိနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့- ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI)ရဲ့ အစီရင်ခံစာအရ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို တိုက်ရိုက်အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဟန်နသတင်းပေးပို့ထားပါတယ်။