DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak ( ၆ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဖေဖော်ဝါရီ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ........

    -ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးခဲ့ပြီး အရပ်သားပြည်သူတွေ အပေါ်  အကြမ်းဖက်တိုက်ခိုက်မှုရပ်တန့်ဖို့ ၉ နိုင်ငံက တောင်းဆိုလိုက်တဲ့သတင်း 

    -မြန်မာ့ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် လူထုအသံနားထောင်ပြီး ဆက်လုပ်မည်ဟု ဂျပန် နိုင်ငံခြားရေး ဒု-၀န်ကြီးက ပြောကြားလိုက်တဲ့သတင်းနဲ့

    -ဒီးမော့ဆိုမြို့နယ်မှာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့  စစ်ကောင်စီတပ်ကို  အရေးယူဖို့ တိုက်တွန်းလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ

    6 min
  • DVB Newsbreak ( ၅ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဖေဖော်ဝါရီ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ........

    • ဒီမော့ဆိုမြို့နယ်ရှိ စာသင်းကျောင်း ၂ ကျောင်းကို စစ်တပ်က လေကြောင်းကနေ  ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ သေဆုံးဒဏ်ရာရ သွားတဲ့သတင်း 

    • -အသံတိတ်သပိတ်မှာပါဝင်ခဲ့တဲ့  အင်းစိန် GTI ကျောင်းသားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီး ရိုက်နှက်ခဲ့တဲ့သတင်းနဲ့ 

    • မြန်မာနယ်ခြားစောင့်ရဲ  ၇၀ လောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့သတင်း  နားဆင်ရမှာပါ

    • 5 min
    • "မင်းအောင်လှိုင်ဩဇာခံကျားဖြန့် ခေါင်းဆောင်ရဲ့ဇာတ်သိမ်း၊" (WeeklyNewsDigest 04022024)

      DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။

      ဒီတပတ်အစီအစဉ်မှာတော့ မင်းအောင်လှိုင်ဩဇာခံ ကျားဖြန့် ခေါင်းဆောင်ရဲ့ ဇာတ်သိမ်း၊ ကာလုံနဲ့ အာဏာသိမ်း ၃ နှစ်ပြည့်၊ တော်လှန်ရေးအလွန် လမ်းပြမြေပုံ စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

      30 min
    • စစ်ကိုင်းဖက်ဒရယ်ယူနစ်ဖွဲ့စည်းပုံရေးဆွဲရေး ဆက်လုပ်မည်

      စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံရေးဆွဲရေးအတွက် အလုံးစုံပါဝင်တဲ့

      အစုအဖွဲ့တခုကို မကြာခင်အတည်ပြုသွားမယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်
      ဥက္ကဋ္ဌ  ဦးမြင့်ထွေးက ဒီဗွီဘီကို  ပြောပါတယ်။

      https://burmese.dvb.no/post/636848

      4 min
    • ၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေး ဆက်လက် ဆိုးရွားနေဦးမည်ဟု ပညာရှင်များ သုံးသပ်

      စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ

      ကုန်သွယ်မှုကျဆင်းတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ
      ပြန်ထွက်သွားတာနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ၂၀၂၄ ခုနှစ်မှာလည်း
      မြန်မာနိုင်ငံရဲ့ စီးပွားရေးက အဆိုးဘက်ကို ဆက်လက်ဦးတည်နေဦးမယ်လို့
      ပညာရှင်တွေက ခန့်မှန်း သုံးသပ်ပါတယ်။

      https://burmese.dvb.no/post/636857


      4 min
    • DVB Newsbreak ( ၂ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

      ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဖေဖော်ဝါရီ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....

      -ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ညမထွက်အရအမိန့် ထုတ်ပြန်လိုက်တဲ့သတင်း

      -ချင်းပြည် Chinland အစိုးရဖွဲ့စည်းကြောင်း ကြေညာလိုက်တဲ့သတင်းနဲ့ 

      -စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဖွဲ့စည်းပြီး  ဖွဲ့စည်းပုံရေးဆွဲရေး ဆက်လက် လုပ်ဆောင်ဖို့ ရှိနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ။

      6 min
    • အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ အသံတိတ်သပိတ်

      အာဏာသိမ်း၃ နှစ်ပြည့်နေ့မှာ အသံတိတ်သပိတ်နဲ့ အဖြူရောင်ကန်ပိန်းကို တနိုင်ငံလုံးက ပြည်သူတွေက သွေးမ အေးကြောင်းပြသဖို့ ရတဲ့နည်းနဲ့ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဝေဝေပေးပို့ထားပါတယ်၊

      4 min
    • DVB Newsbreak ( ၁ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

      ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဖေဖော်ဝါရီ ၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....

      -မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားဖို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တောင်းဆိုတဲ့သတင်း

      -စစ်ကောင်စီနဲံ ဆက်နွှယ်နေတဲ့ မြန်မာဘဏ် ၂ ခုနဲ့ ကုမ္ပဏီ ၃ ခုကို သြစတြေးလျက ပိတ်ဆို့ ဒဏ်ခတ်တဲ့သတင်းနဲ့ 

      -တိုင်းပြည်တည်ငြိမ်ရေးနှင့်ရွေးကောက်ပွဲ အကြောင်းပြပြီး စစ်ကောင်စီ ၆ လ သက်တမ်းထပ်တိုးတဲ့တသင်းတွေကို နားဆင်ရမှာပါ။

      7 min
    • DVB Newsbreak ( ၃၁ ဇန်နဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

      ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇန်နဝါရီ ၃၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ....

      -အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဖက်ဒရယ်ယူနစ် အစိုးရတွေ ဖွဲ့စည်းမယ်လို့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက ကြေညာလိုက်တဲ့သတင်း  

      -ကိုးကန့် ကျားဖြန့်ခေါင်းဆောင် ၁၀ ယောက်ကို   စစ်ကောင်စီက တရုတ်ရဲလက် အပ်နှံလိုက်တဲ့သတင်းနဲ့ 

      -စစ်အာဏာသိမ်း ၃ နှစ်ပြည့်မှာ  မြန်မာ့လူ့အခွင့်အရေး အခြေအနေ ပိုဆိုးရွားနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက ပြောကြားလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ။


      5 min
    • လှုပ်လှုပ်ရှားရှား ကမ္ဘာတလွှားအစီစဉ်

      လှုပ်လှုပ်ရှားရှားကမ္ဘာတလွှားအစီအစဉ်ကိုရှုစားနေကြရတာပါ။ ဒီတပတ်မှာတော့ ကမ္ဘာတဝှမ်းက ထူးထူးခြားခြားသတင်းတွေနဲ့အတူတူရကီလေယာဉ်မှုးတွေပါတဲ့ အာကာသခရီးစဉ်၊ အကြမ်းဖက်မှုတွေ ပြင်းထန်လာတဲ့ကာရေဘီယံဒေသတွင်းနိုင်ငံနဲ့ ဓါးစာခံ(ဒဇာခံလို့ဖတ်) အစ္စရေး မိသားစုတွေရဲ့ တောင်းဆိုချက် စတာတွေကို တင်ဆက် ပေးထားပါတယ်ရှင် ။

      16 min