
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-စစ်အာဏာရှင်စနစ် ဖြုတ်ချရေး ပူးပေါင်းပါဝင်ကြဖို့ ချင်းအမျိုးသားတပ်ဦးက ချင်းအမျိုးသားနေ့မှာ တိုက်တွန်းလိုက်တဲ့သတင်း
-မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို တရားဝင်သာလာရောက်ဖို့ ထိုင်းဝန်ကြီးချုပ်က သတိပေးလိုက်တဲ့သတင်းနဲ့
- NUG အစိုးရက နွေဦးထီကို မကြာမီ ပြန်လည် ဖွင့်လှစ်ရောင်းချမယ့်သတင်းတွေနားဆင်ကြရဖို့ ရှိပါတယ်
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာပြည် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင်က တရုတ်နိုင်ငံထံက အကူအညီတောင်းခံလိုက်တဲ့သတင်း
-မန္တလေးပတ်စပို့ရုံးမှာ တန်းစီနေတဲ့ လူအုပ်ပိမိ အသက်ရှူကြပ်ပြီး အမျိုးသမီး ၂ ယောက် သေဆုံးသွားတဲ့သတင်းနဲ့
-မံစီမြို့နယ်ရှိ စီခမ်းကြီး စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ။
DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ အင်ဒိုနီးရှားရွေးကောက်ပွဲ၊ စစ်မှုထမ်းဥပဒေဂယက်၊ မွန်ပြည်သစ်ပါတီနှစ်ဖွဲ့ကွဲသွားပြီလား စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ပြည်သူ့ စစ်မှုထမ်းဥပဒေကိုသုံးပြီး ပေါ်တာဆွဲတာ၊
နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့
စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဥပဒေကိုဗန်းပြပြီး နိုင်ငံတကာစစ်စည်းကမ်းနဲ့
ဖမ်းဆီးခံရတာ၊ ပေါ်တာဆွဲခံရတာတွေရှိလာရင် ပြည်သူတွေအနေနဲ့
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ ကို မြန်မာဘက် ပြန်လွှဲပေးလိုက်တဲ့သတင်း
-နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားရာကနေ ပစ်သတ်လိုက်တဲ့ သတင်း
-စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပါက ပြည်သူတွေ တိုင်ကြားနိုင်ဖို့ NUG လူ့အခွင့်အရေးဌာနက စီစဉ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ၁၁၁၁စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်နေတာ ၃ လကျော် ရှိလာပြီး မြို့ရဲ့ ၇၅ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားပါတယ်။ လတ်တလော လွိုင်ကော်မြို့ရဲ့ မြေပြင်အခြေအနေတွေကို သတင်းထောက် သီဟက အနီးကပ် တင်ဆက်ပေးထားပါတယ်။။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-PDF တပ်တွေထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်တဲ့သတင်း
-စစ်ကောင်စီ ဗိုလ်မှူးချုပ် ၁ ဦးကို အေအေက အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီး ၁ ဦးကို အသေ ရရှိခဲ့တဲ့သတင်း၊
-စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် ရန်ကုန်ရှိ ထိုင်းသံရုံးမှာ ပြည်ပထွက်ဖို့ ဗီဇာလျှောက်ထားသူ အလွန်များပြားနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ။
အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)က ကြေညာ လိုက်ပါတယ်။ ဒီသတင်းကို ခင်ရူပါက တင်ဆက် ပေးထားပါတယ်။
တိုက်ပွဲတွေကြောင့် အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ သတင်းအချက်အလက်တွေ သိရဖို့ အခု နောက်ပိုင်းမှာ ရေဒီယိုကိုသာ အများဆုံး အသုံးပြုနေရပါတယ်။ ဒီသတင်းကို လင်းအိမ်ပေးပို့ထားတာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့သတင်း
-ပြည်သူ့စစ်မှုထမ်းဥပဒေကို လုံးဝလိုက်နာစရာမလိုဘူးလို့ NUG က တိုက်တွန်းလိုက်တဲ့ သတင်းနဲ့
-အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ