
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-အကြမ်းဖက်မှုရပ်တန့်ပြီး မတရားဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို ဩစတြေးလျနဲ့ စင်ကာပူက ပူးတွဲ တောင်းဆိုလိုက်တဲ့သတင်း
-မြန်မာအမျိုးသမီးရှေ့နေတဦး အမေရိကန်ပေးတဲ့ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု ရရှိတဲ့သတင်းနဲ့
-မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူမြို့နယ် ၃ ခုကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မရတဲ့သတင်း
-ပြည်ထောင်စုထဲက သီးခြားခွဲထွက်ဖို့ ဆန္ဒမရှိဘူးလို့ အေအေက ပြောကြားလိုက်တဲ့သတင်းနဲ့
-တရားရုံးလျှို့ဝှက်စာတွေ ပြင်ပ မပေါက်ကြားဖို့ စစ်ကောင်စီဥပဒေရေးရာဝန်ကြီးက သတိပေးလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းစစ်တပ်ကိုယ်စားလှယ်တချို့ အစီအစဉ်အတိုင်းမတက်ရောက်ဖြစ်ခဲ့ပါဘူး။
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံကိုထွက်ပြေးလာမယ့် လူငယ်တွေကို အကာအကွယ်ပေးဖို့ အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက အိတ်ဖွင့်စာပေးပို့တောင်းဆိုခဲ့ပါတယ်။ ဒီသတင်းကို ဒီဗွီဘီသတင်းထောက် သုတချမ်းသာပေးပို့ထားပါတယ်။
DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှု၊ ကရင်နီစစ်ပွဲသတင်းယူရတဲ့ အတွေ့အကြုံ၊ ကိုရီးယားက ဆရာဝန်သပိတ် စတာတွေပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တာဟာ စစ်အာဏာရှင်တပ်ပျက်ဖို့အတွက် အစပျိုး လိုက်တာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌက ပြောလိုက်ပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မတ်လ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
- NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြင်သစ်နိုင်ငံခြားရေးအရာရှိတွေမြန်မာ့အရေးဆွေးနွေးတဲ့သတင်း
- သတင်းထောက်အပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ် ဝန်ခံလိုက်တဲ့သတင်းနဲ့
- မြန်မာကျောင်းသား ၁၀၀၀ ကျော်အတွက် အမေရိကန်က ပညာသင်ဆုပေးမယ့်သတင်းတွေကို နားဆင်ရမှာပါ။
ဂန့်ဂေါမြို့နယ်က ပြည်သူတွေဟာ မြေမြုပ်မိုင်း အန္တရာယ်ကြောင့် လယ်ယာစိုက်ပျိုးဖို့အခက်အခဲတွေကြုံနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို လင်းအိမ်ပေးပို့ထားတာပါ။
PDF တွေကယ်ထုတ်ထားတဲ့ ကလေးတက္ကသိုလ်ဆရာနဲ့ကျောင်းသားတွေကို
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မိုးမိတ်နဲ့ မဘိမ်းမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့သတင်း
-စစ်တွေမှာ ရေတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားတွေသေဆုံး ဒဏ်ရာရခဲ့တဲ့တသင်းနဲ့
-မြဝတီနယ်စပ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြန်လွှဲပေးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ကလေးတက္ကသိုလ် ဆရာနဲ့ ကျောင်းသား ၁၄၀ ကျော်ကို လုံခြုံရာမှာ ကယ်ထုတ်ထားတယ်လို့ NUG ပြောဆိုလိုက်တဲ့သတင်း
စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ဆေးရုံ ဆေးခန်း ၃၀၀ ကျော်ပျက်စီးပြီး ကျန်းမာရေး လုပ်သား ၁၀၀ ကျော် အသတ်ခံရတဲ့သတင်းနဲ့
ကျောက်ဖြူ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီတပ်က အဓမ္မခေါ်သွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ။