
Sign up to save your podcasts
Or


ကလေးတက္ကသိုလ် ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ၁၄၀ ကျော်ကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ကယ်ထုတ်ပေးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဗွီဘီကို ပြောပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ကျပ် ၂သောင်း တန်တွေ ထွက်ရှိမယ့်သတင်း မဟုတ်မှန်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ကြေညာလိုက်တဲ့သတင်း
-အာဏာရှင်ပြုတ်ကျတဲ့အထိ ပြည်သူအားလုံးနဲ့ ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ SSPP/SSA ပြောကြားလိုက်လိုက်တဲ့သတင်းနဲ့
ပဲခူးတိုင်း ပြည်ခရိုင်နဲ့ သာယာ၀တီခရိုင်တွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ အဖမ်းခံရသူတွေထဲက ၃၀ ကျော်လောက်က စစ်ကြောရေးတွေမှာ အသတ်ခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-၃ နှစ်ကျော်အတွင်း စစ်ခေါင်းဆောင်က စစ်ကောင်စီအုပ်ချုပ်ရေးထိပ်ပိုင်းနေရာ ၁၅၀ ကျော်ကို ဖြုတ်ထုတ်ခန့် ပြုလုပ်ခဲ့တဲ့သတင်း
-ယူရေနီယံ အရောင်းအဝယ်ကိစ္စ ယာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ RCSS ဥက္ကဋ္ဌ စဝ်ယွက်စစ်က ငြင်းဆိုလိုက်တဲ့သတင်းနဲ့
-တက္ကသိုလ်ကျောင်းသားတွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတဲ့သတင်းတွေ နားဆင်ရမှာပါ
"မိဘအခြေအနေအရ၊ လုပ်ငန်းသဘာဝ အခြေအနေအရ သူတို့နေနိုင်သလောက် တိုင်းပြည်ထဲမှာ နေမယ်ဆိုတဲ့ လူငယ်လူတန်းစားတရပ် ရှိနေတယ်။ ဒါပေမယ့် အဲဒီလူငယ် လူတန်းစားကိုပါ အတင်းကို လက်နက်ကိုင်တော်လှန်ရေးကြီးထဲကို တွန်းပို့ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားဘဝကို တွန်းပို့သလိုမျိုးလို့ ကျနော့်အနေနဲ့ တွေ့နေရတာပေါ့ဗျာ"
DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ် "ယူရေနီယံ ရောင်းလိုတဲ့ SSA နဲ့ ဂျပန်ယာကူဇာ၊ ရိုဟင်ဂျာကို နိုင်ငံသားပေးပြီး စစ်မှုထမ်းခိုင်းတဲ့ စစ်ကောင်စီရဲ့အကြံ၊ ထိုင်းကိုထွက်ခွာနေကြတဲ့ မြန်မာလူငယ်တွေ စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊
ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူထားတဲ့
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ လောင်းကစားရုံကို စစ်တပ်က ဝင်ရာက်စီးနင်းပြီး လူ ၄၀၀ ကျော်ကို ဖမ်းဆီးလိုက်တဲ့သတင်း
-မကွေးတိုင်းမှာ Grade 9 စာမေးပွဲ မေးခွန်းပေါက်ကြားလို့ ဖြေဆိုမှုရပ်နားထားလိုက် ရတဲ့သတင်းနဲ့
-ကြည့်ရှုဖို့ မသင့်တော်တဲ့ တေးသီချင်းဗီဒီယို ရိုက်ကူးသရုပ်ဆောင်ပါက အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း
-အီးယူအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ရှားပေးဖို့ အရပ်ဖက် အဖွဲ့အစည်း ၃၅၀ ကျော်က တောင်းဆိုတဲ့သတင်းနဲ့
-မြန်မာနိုင်ငံကနေ
ပြည်သူ့စစ်မှုထမ်းဉပဒေကို အသက်သွင်းလိုက်ပေမယ့် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေ တွေမှာ ထိရောက်မှု ရှိလာနိုင်မှာမဟုတ်ဘူးလို့ တိုင်ရင်းသားတော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။ ဒီဉပဒေအပေါ် ကွဲပြားတဲ့အမြင်တွေရှိနေပေမယ့် လူငယ်တွေအနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ဆန့်ကျင်ကြဖို့ အဖွဲ့အသီးသီးက တိုက်တွန်းထားပါတယ်။ စိုးသူအောင် သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-အမျိုးသမီးတွေကို စစ်မှုထမ်းအဖြစ် ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီက ပြောလိုက်တဲ့သတင်း
-ရိုဟင်ဂျာတွေ စစ်မှုထမ်းရင် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမယ်ဆိုပြီး စစ်ကောင်စီက စည်းရုံးနေတဲ့သတင်း
-ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား အယောက် ၆၀၀ လောက်ကို ကယ်ထုတ်ဖို့ ကြိုးပမ်းနေတဲ့ သတင်းတွေ နားဆင်ရမှာပါ