
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာပြည် ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေးဆီပြန်သွားဖို့ အမေရိကန်နဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးတွေက တောင်းဆိုလိုက်တဲ့သတင်း
-စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ ကူညီဆောင်ရွက်ပေးသူတွေကို စုံစမ်းအရေးယူမယ်လို့ NUG အစိုးရက ပြောကြားလိုက်တဲ့သတင်းနဲ့
-ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပွဲတွေ ပြည်တွင်းပြည်ပမှာ ကျင်းပကြတဲ့ သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-နိုင်ငံသားတိုင်း စစ်မှုထမ်းကြဖို့ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း
-ရခိုင်ပြည်နယ်မှာ စစ်သင်္ဘော ၂ စီးနဲ့ ဇက်ရေယာဉ် ၁ စီးတို့ကို အေအေက တိုက်ခိုက် နှစ်မြှုပ်လိုက်တဲ့သတင်းနဲ့
-အမေရိကန်နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ၂ ဦး ဝါရှင်တန်မှာတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးဖို့ရှိနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
အာဏာသိမ်းစစ်ကောင်စီက အကောင်အထည်ဖော် ကျင့်သုံးတော့မယ့် ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ စစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်းဆိုင်ရာ ကြိုတင်စီမံမှုတွေထဲက တခုဖြစ်တယ်လို့
DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ အိမ်နီးချင်းတိုင်းပြည်တွေဆီထွက်ပြေးနေရတဲ့ ပြည်ပြေးစစ်တပ်၊ ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲ၊ ကရင်နီစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ကောလင်းမြို့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ
DVB
စစ်ကိုင်းတိုင်း၊ ကောလင်းကို ပြန်လည်ရရှိဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ၃ ရက် မြောက် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ် ကောင်စီဟာ စိတ်ဓာတ်စစ်ဆင်ရေးအရ ကောလင်းကိုပြန်လည်ရရှိဖို့ကြိုးစားနေတာဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေက အကောင်းဆုံးဟန့်တားထားနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီဗွီဘီသတင်းထောက် ထက်အောင် သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ရာနဲ့ချီ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့သတင်း
-ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေတဲ့သတင်းနဲ့
-ထိုင်း-မြန်မာနယ်စပ်မှာ ယာယီစစ်ရှောင်စခန်း ၃ ခုဖွင့်လှစ်ဖို့ ရှိနေတဲ့သတင်းတွေ နားဆင်ကြရဖို့ ရှိပါတယ်။
စစ်ကောင်စီလေတပ်ဲရဲ့ ဗုံးကြဲတိုက်ခိုက်တာခံရတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက စာသင်းကျောင်း၂ ကျောင်းက ကလေးငယ်တွေဟာ အခုအချိန်အထိ စိတ်ထိခိုက်ကြေကွဲနေကြ နေကြတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို သီဟက ကရင်နီပြည်နယ်ကနေ ပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံဆိုင်ရာအရေးပေါ်အခြေအနေ အမေရိကန်က ၁ နှစ်သက်တမ်း ထပ်တိုးလိုက်တဲ့သတင်း
-ကရင်နီ စစ်ရှောင်မိသားစုဝင် ၇ ဦးကို စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့သတင်းနဲ့
-ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားရှိ စစ်ကောင်စီတပ်ရင်းတွေကို အေအေ သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာဖြစ်ပါတယ်၊
အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်းမှာ ပညာသင်ကျောင်းနေအရွယ် ကလေးငယ်နဲ့ လူငယ်တွေရဲ့ ပညာသင်ယူခွင့်တွေ ဘယ်လောက်အထိ ဆုံးရှုံးနေပါလဲ။ ဒီသတင်းကို ဝေဝေက တင်ဆက်ပေးထားပါတယ်၊
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ........
-ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းကို အေအေက တိုက်ခိုက် သိမ်းပိုက် လိုက်တဲ့သတင်း
-NUG နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ထဲ KIO ပါဝင်လာတဲ့သတင်းနဲ့
- လှိုင်သာယာမှာ အထည်ချုပ်အလုပ်သမား ၁၀၀၀ ကျော် အခွင့်အရေးချိုးဖောက်ခံနေရတဲ့ သတင်းတွေ နားဆင်ရမှာပါ။