DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင် အေအေ သိမ်းယူထားတဲ့မြို့ ၉ မြို့အထိ ရှိလာ

    ရမ်းဗြဲမြို့ကိုအပြီးသတ် သိမ်းပိုက်လိုက်ပြီးတဲ့နောက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အေအေ သိမ်းယူ ထားတဲ့မြို့က ၉ မြို့အထိ ရှိလာပါတယ်။ လက်ရှိမှာတော့ ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလည်း ရှိနေနိုင်သေးတာကြောင့် စိုးရိမ်နေရဆဲလို့ ဒေသခံတွေက ပြောပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။

    3 min
  • DVB Newsbreak ( ၁၂ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -အရပ်သားနေရာတွေကို  လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်း 

    -ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရွှံ့နွံကန် ပြိုကျပြီး  လူ ၂၀ ကျော် သေဆုံးသွားတဲ့သတင်းနဲ့ 

    -မြန်မာနိုင်ငံတဝန်းမှာ ဆယ်တန်းစာမေးပွဲဖြေဆိုသူ  ၁ သိန်းကျော်လောက်ပဲရှိတဲ့အထိ စံချိန်တင် လျှော့နည်းကျဆင်းသွားတဲ့သတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။

    6 min
  • DVB Newsbreak ( ၁၁ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

    -တက္ကသိုလ်ဝင်စာမေးပွဲတွေ စတင်ကျင်းပနေရာမှာ ဖြေဆိုသူ နည်းပါးနေတဲ့သတင်း 

    -မြဝတီ သင်္ကန်းညီနောင်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး အလယ်ဘိုတဲစခန်းကုန်းကနေ စစ်ကောင်စီတပ်တွေ စွန့်ခွာ ထွက်ပြေးသွားတဲ့သတင်းနဲ့ 

    -မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချမှုပိတ်ပင်ဖို့  ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု စတင်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ပြင်ပေမယ့် ရွေးကောက်ပွဲ မဖြစ်လာနိုင်သေး

    ကန့်သတ်ချက်တွေများနေတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြန်ပြင်ဆင်တဲ့ နည်းဥပဒေ ထွက်ရှိလာပြီ ဖြစ်တာကြောင့် မှတ်ပုံပြန်တင်မယ့် နိုင်ငံရေးပါတီအသစ်တွေအတွက် လုပ်သာကိုင်သာ ရှိသွားပေမယ့် ဒီနှစ်ထဲမှာတော့ ရွေးကောက်ပွဲက ဖြစ်လာဦးမှာ မဟုတ်သေးဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ဒီသတင်းကို အောင်သူ

    ပေးပို့ထားပါတယ်။

    5 min
  • "ကူမင်း၊ ဘန်ကောက်၊ မဲလ်ဘုန်းဆွေးနွေးပွဲနဲ့ မြန်မာ့အရေး" (WeeklyNewsDigest 10032024)


    DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ မအောင်မြင်တဲ့ ကူမင်းဆွေးနွေးပွဲ၊ ဘန်ကောက်မြန်မာ့အရေးဆွေးနွေးပွဲနဲ့ အာဆီယံ-ဩစတြေးလျထိပ်သီးအစည်းအဝေး၊ စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အပြိုင်လေလံဆွဲရန် လျှောက်ထားရသည့် အဆင့်ရောက်နေ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့

    တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေးနဲ့ အပြိုင် လေလံဆွဲဖို့
    လျှောက်ထားရတဲ့အဆင့်ကို ရောက်နေပြီး စစ်ကောင်စီရဲ့ အပြုအမူဟာ
    လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

    https://burmese.dvb.no/post/642036

    4 min
  • ကောလင်းနှင့် ကနီတွင် တိုက်ပွဲများဖြစ်ပွား၊ စစ်ရှောင်ဦးရေ ပိုများလာ

    စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့မှာ မတ်လ ၂ ရက်ကစပြီး

    ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး စစ်ရှောင်ပြည်သူအရေအတွက် တနေ့တခြား
    ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီက ကောလင်းမြို့ကို ပြန်သိမ်းပြီးနောက် မြို့ရဲ့ ၇၀ ရာခိုင်နှုန်းထက်မနည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

    မတ်လ ၄ ရက်နေ့မှာတော့ ကာကွယ်ရေးအဖွဲ့တွေက ကောလင်းမြို့ပေါ် ရပ်ကွက်တွေက

    စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

    ကောလင်းဒေသခံတဦးက “ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲပြန်ဖြစ်တာတွေ

    ရှိတယ်ဗျ။ ၃ လပိုင်း ၂ ရက်နေ့ကနေ ပြန်ဖြစ်တယ်။ သစ်ဖုလတောင်ကုန်းမှာရှိတဲ့
    စကစ ကျောက်တန်းရွာကို ဆင်းပြီးတော့မှ ငါးကြီးအိုင်ကို မီးရှို့တယ်။
    မီးရှို့ပြီးတော့မှ ကျောက်တန်းကို ထပ်ပြီးမီးရှို့တယ်။ မီးရှို့ပြီးတော့မှ
    ခံသာရွာဘက် တိုးဖို့လုပ်တဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့
    ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတယ်ပေါ့” လို့ ပြောပါတယ်။

    ကောလင်းမြို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ကြောင်း

    ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့မှာ ကြေညာခဲ့ပြီး သုံးလနီးပါးကြာချိန်မှာ
    ပြန်လက်လွှတ်ခဲ့ရတာပါ။


    4 min
  • DVB Newsbreak ( ၈ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

    -နွေဦးတော်လှန်ရေးကာလ စစ်အာဏာသိမ်း ၃ နှစ်အတွင်း အမျိုးသမီး ၁၁၀၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့  NUG က ပြောလိုက်တဲ့သတင်း 

    -ကချင်ပြည်နယ်  ဒေါ့ဖုန်းယန်ရှိ ခလရ ၁၄၂  စစ်ကောင်စီ တပ်ရင်းတရင်းလုံး ကေအိုင်အေထံ လက်နက်ချသွားတဲ့သတင်းနဲ့ 

    -ကရင်ပြည်နယ် မြဝတီ သင်္ကန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းတွေကို ကေအန်ယူက တိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်

    5 min
  • DVB Newsbreak ( ၇ မတ် ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

    -မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ဖို့ အာဆီယံ-ဩစတြေးလျ ပူးတွဲထုတ်ပြန်တောင်းဆိုလိုက်တဲ့သတင်း

    -ရခိုင်ပြည်နယ်မှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃ သိန်းခွဲရှိလာတဲ့သတင်းနဲ့

    -မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိ  စစ်ကောင်စီစခန်းတွေကို  ကေအိုင်အေက  တိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ၆ မတ် ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ 

    -TNLA သိမ်းပိုက်ထားတဲ့ မြို့တွေမှာ  ညမထွက်ရအမိန့် ပယ်ဖျက်လိုက်တဲ့သတင်း

    -တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး စစ်တွေမြို့ခံတွေ  ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတဲ့သတင်းနဲ့

    -ထိုင်းဗီဇာအခကြေးငွေယူပြီး မသမာမှုပြုလုပ်ပါက တိုင်ကြားနိုင်တယ်လို့ ထိုင်းသံရုံးက ထုတ်ပြန်လိုက်တဲ့သတင်း 

    6 min