DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak ( ၂၅ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၅  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ တိုက်နယ်ဆေးရုံတရုံ ပျက်စီးသွားတဲ့သတင်း 

    -ကရင်စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ထိုင်းနယ်စပ်ကနေ  ပထမဆုံးအသုတ် ပေးပို့လိုက်တဲ့ သတင်းနဲ့

    -နိုင်ငံတဝန်း စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေတဲ့  မြို့နယ်ပေါင်း  ၁၇၀ ကျော်ရှိလာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    5 min
  • "သမိုင်းအမွေအနှစ် ခြံအမှတ် ၅၄ ကို ဖျောက်ဖျက်မည့်အကြံ " (WeeklyNewsDigest 24032024)


    DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ သမိုင်းအမွေအနှစ်"ခြံအမှတ် ၅၄"ကို ဖျောက်ဖျက်မည့်အကြံ ပြည်သူလက်မခံ၊ NCA ၇ ဖွဲ့ ချင်းမိုင်ဆွေးနွေးပွဲ၊ ရိုဟင်ဂျာဆန္ဒပြပွဲရဲ့ နောက်ကွယ်၊ ကုလလူ့အခွင့်အရေးကောင်စီနဲ့ မြန်မာ့အရေး စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • ဆင်ဘို ခလရ ၁၄၁ ကို KIA ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်

    ကချင်ပြည်နယ်ထဲ နေရာ ၄ ခုထက်မနည်းမှာ တိုက်ပွဲတွေဆက်ရှိနေပြီး ဆင်ဘို ခလရ ၁၄၁ ကိုလည်း KIA နဲ့ပူးပေါင်းတပ်တွေက ၃ ကြိမ်မြောက်အဖြစ် ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

    ဒီဗွီဘီသတင်းထောက် စိုးသူအောင် သတင်းပေးပို့ထားပါတယ်။

    3 min
  • ရိန်းဂျားတပ်ဖွဲ့ဝင်ဆေးမှူးအဖြစ် တော်လှန်ရေးမှာပါဝင်နေတဲ့ CDM သူနာပြု မော်ကူးမြာ

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်

    ကရင်နီ(ကယား)ပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး
    ခုခံတွန်းလှန်စစ်ဆင်နွှဲတိုက်ခိုက်လာတာ အခုဆို သုံးနှစ်ကျော် ရှိပါပြီ။
    ဒီကာလတွေအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ကရင်နီလူငယ်များစွာ
    အသက်ပေးခဲ့ရသလို ပြည်သူသိန်းနဲ့ချီပြီး နေအိမ်တွေကနေ
    စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

    လွိုင်ကော်ဇာတိ ကယားတိုင်းရင်းသူတဦးဖြစ်တဲ့ မော်ကူးမြာကတော့

    အာဏာမသိမ်းခင်အချိန်က သူနာပြုအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ခဲ့သူပါ။
    စစ်တပ်က အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း CDM လုပ်ကာ ရန်ကုန်က
    စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး လွိုင်ကော်ကို
    ပြန်လာခဲ့ပါတယ်။

    https://burmese.dvb.no/post/644687

    7 min
  • DVB Newsbreak ( ၂၂ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ဖယ်ခုံမြို့နယ်မှာ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲလို့  သေဆုံးဒဏ်ရာရခဲ့တဲ့ သတင်း 

    -ထိုင်းနိုင်ငံဘက် ထွက်ပြေးတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို မြန်မာပြည်ကို  ပြန်လွှဲပေးလိုက်တဲ့သတင်းနဲ့

    -မိုးသက်လေပြင်းတွေကြောင့်  ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ နေအိမ် အဆောက်အအုံတွေ ပျက်စီးသွားတဲ့သတင်းတွေနားဆင်ရဖို့ရှိပါတယ်

    5 min
  • စစ်မှုထမ်းခိုင်းရန် ရေဦးမြို့ပေါ်က လူငယ်များနေရပ်ပြန်ခေါ်ဖို့ မိဘများကို စစ်ကောင်စီ ဖိအားပေးနေ

    ရေဦးမြို့ပေါ်မှာလူငယ်တွေကို သတ်မှတ်အချိန်အတွင်းနေရပ်ပြန်ခေါပြီးစစ်မှုထမ်းခိုင်းဖို့ မိဘတွေကို စစ်ကောင် စီက ဖိအားပေးနေပါတယ်။ နိုင်ငံတဝှမ်းပြည်သူတွေကို ဖိအားပေးအနိုင်ကျင့်နေတဲ့ စစ်မှုထမ်းဥပဒေယန္တရားမှာ ပူးပေါင်းဆောင်ရွက်သူအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ NUG သမ္မတရုံးတာဝန်ရှိသူကပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။

    3 min
  • DVB Newsbreak ( ၂၁ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက် ထပ်မံထွက်ပြေးတဲ့သတင်း

    -မြောက်ဦးမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးသွားတဲ့ သတင်းနဲ့

    -အရှေ့တောင်အာရှ ကင်ဆာဝေဒနာရှင် ကလေးငယ်များကွန်ရက်၏ အထူးစောင့်ကြည့် နိုင်ငံတွေမှာ  မြန်မာနိုင်ငံ ပါဝင်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ။ 

    5 min
  • စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်တိုင်း တဖက်အိမ်နီးချင်းနိုင်ငံဘက် အစုလိုက် ထွက်ပြေးမှု မကြာခဏဖြစ်

    စစ်ကောင်စီရဲ့တပ်တွေဟာ မကြာခဏဆိုသလို တိုက်ပွဲဖြစ်တိုင်း တဖက်အိမ်နီးချင်းနိုင်ငံဘက်ကို အစုလိုက် ထွက် ပြေးလေ့ ရှိပါတယ်။ အခုလို ဖြစ်ရတာတွေဟာ စစ်ကောင်စီတပ်မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်း ရည်မရှိ တော့ဘူးဆိုတာကို ပြသနေတာဖြစ်တယ်လို့ CDM အရာရှိတွေက သုံးသပ်ပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်။

    6 min
  • DVB Newsbreak ( ၂၀ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် ၅၄ ကို လေလံဆွဲမယ့်သူ မရှိလို့  လေလံပွဲ ပျက်သွားတဲ့သတင်း

    -စစ်ကောင်စီတပ်ရဲ့  အကြမ်းဖက်မှုများရပ်တန့်ရေး ကမ္ဘာက ဝိုင်းဝန်းလုပ်ဆောင်ဖို့ ကုလလူ့အခွင့်အရေး ကောင်စီမှာ တောင်းဆိုလိုက်တဲ့သတင်းနဲ့ 

    -တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ရင်းလိုက် စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေတဲ့သတင်း

    6 min
  • DVB Newsbreak ( ၁၉ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -မြန်မာပြည်မှာ

    ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချပြီး အရပ်သားတွေကို
    ကာကွယ်ပေးဖို့ ကုလသမဂ္ဂအကြီးအကဲက တောင်းဆိုလိုက်တဲ့သတင်း 

    -စစ်မှုထမ်းဖို့  ရွေးချယ်ခံရတဲ့ လူငယ် ၂ ဦး အဆိပ်သောက် သတ်သေသွားတဲ့သတင်းနဲ့

    -ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတဲ့ သတင်းတွေကို နားဆင်ကြရမှာပါ


    6 min