
Sign up to save your podcasts
Or


DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ နေပြည်တော် စစ်အုပ်စုကို စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်နိုင်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှု၊ ကုလလုံခြုံရေးကောင်စီမြန်မာ့အရေးတံခါးဖွင့်ဆွေးနွေးပွဲ၊ မြန်မာစစ်တပ်နဲ့ အမုန်းစကား၊ အပူဒဏ်ခံစားနေရတဲ့ပြည်သူတွေ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်ပြီး ပထမဆုံးအနေနဲ့ တံခါးဖွင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒါဟာ ကောင်းမွန်တဲ့အလားအလာတွေနဲ့ ဖြေရှင်းချက်တွေရလာနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
ဒီဗွီဘီသတင်းထောက် ဝေဝေတင်ဆက်ပေးမှာပါ။
https://burmese.dvb.no/post/646919
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးဖွင့် ဆွေးနွေးပွဲပထမဆုံးအကြိမ် ကျင်းပတဲ့သတင်း
-မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်တဲ့သတင်းနဲ့
-အဆိုတော် မေသူနဲ့ ဟာသသရုပ်ဆောင် အိုကေတို့ကို စစ်ကောင်စီ အမှုဖွင့်အရေးယူ လိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-နေပြည်တော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းသူမဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့သတင်း
-ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဘင်္ဂလားဒေ့ရှ် အကျဉ်းသားတွေ လဲလှယ်မယ့်သတင်းနဲ့
-မြန်မာနိုင်ငံမှာ ရာသီဥတု ပူလွန်းလို့ ဖျားနာသူများလာတဲ့သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်
ဆီဆိုင်မြို့မှာ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး မပေါက်ကွဲသေးတဲ့ မိုင်းတွေနဲ့လက်နက်ကြီးတွေ ရှိနေတ ာကြောင့် ပြည်သူတွေ မြို့ထဲကို ပြန်ဝင်တာမလုပ်ကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ပြောပါတယ်။သီဟ သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို နယူးဇီလန်က ဖိတ်ကြားတဲ့အပေါ် ဝေဖန်ကန့်ကွက်ခံနေရတဲ့သတင်း
-လေးကေ့ကော်အနီး ကန်ကုန်းကာကင်းစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့
-ရခိုင်မှာ တလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀ ကျော်သေဆုံး၊ ၈၀ ဒဏ်ရာရသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံပြီး အွန်လိုင်းလောင်းကစားကိစ္စ ဆွေးနွေးခဲ့တဲ့သတင်း
-မြန်မာနယ်စပ်မှာ တရုတ်စစ်တပ်က ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတဲ့သတင်းနဲ့
-ဖျာပုံထောင်မှာ ပစ်ခတ်နှိမ်နင်းမှုကြောင့် နိုင်ကျဉ်းအပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာရသွားတဲ့ သတင်းတွေနားဆင်ကြရမှာပါ
ရန်ကုန်မှာ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းတဲ့အတွက် မိသားစုဝင်တွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေ၊ နေရပ် ကနေ ထွက်ပြေးတိမ်းရှောင်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်၊ ဝေဝေ တင်ဆက်ပေးမှာပါ၊
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဧပြီ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
စိန်လုံ စစ်ကောင်စီ ဗျူဟာတပ်စခန်းကြီးကို KIA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်လိုက်တဲ့သတင်း
-အရပ်သား အသေအပျောက်အများဆုံး ၅ နိုင်ငံမှာ မြန်မာပါဝင်တဲ့သတင်းနဲ့
-ပါရီအိုလံပစ် အားကစားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံက အရည်အချင်းပြည့်မီတဲ့ အားကစားသမား တယောက်မှ မရှိတဲ့သတင်းတွေနားဆင်ရမှာပါ
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္ဒရား IIMM ရဲ့ အစီရင်ခံစာကို ကြိုဆိုပေမယ့် ရိုဟင်ဂျာတွေရဲ့ အခြေအနေက စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီသတင်းကို မင်းညိုက ပေးပို့ထားတာပါ။