DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • "သင်္ဘောနဲ့တိုက်မိပြီး ပြိုကျသွားတဲ့ ဘာလ်တီမိုးတံတားကြီး " (WeeklyNewsDigest 31032024)


    DVB Weekly News Digest အစီအစဉ် နားဆင်ရမှာဖြစ်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ သင်္ဘောနဲ့တိုက်မိလို့ပြိုကျသွားတဲ့ ဘာလ်တီမိုးတံတားကြီး၊ မော်စကိုဗုံးကွဲမှုနဲ့ IS၊ အမျိုးသမီးပါဝင်မှုများလာတဲ့ စစ်ရေးပြပွဲ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • အာဏာသိမ်း ၃ နှစ်အတွင်း တိုက်လေယာဉ်၊ ရဟတ်ယာဉ် ၁၂ စီး အထိ ပျက်ကျခဲ့

    မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကနေ  ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်၊ သယ်ပို့လေယာဉ်၊ ရဟတ်ယာဉ်တွေ ၁၂ စီအထိ ပျက်ကျခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ  ဗိုလ်မှူးချုပ်အထိ ပါဝင်နေပါ တယ်။

    DVB က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ပစ်ချခံရတာ၊  စက်ချို့ယွင်းတာတွေ ကြောင့် လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျခဲ့ရတာပါ။ အများစုဟာ အခု ၂၀၂၄ ခုနှစ်ထဲမှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ် ၊ ရဟတ်ယာဉ် ၆ စီး ရှိနေပါတယ်။

    လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျမှုကြောင့် သေဆုံးသူတွေထဲမှာတော့  ရာထူးအကြီးဆုံး အရာရှိက ဗိုလ်မှူးချုပ်ဖြစ်ပြီး ကရင်ပြည်နယ် သင်္ဃန်းညီနောင်မှာ ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းက KNLA တော်လှန်ရေးပူးပေါင်းတပ်ရဲ့ ပစ်ချမှုကြောင့် EuroCopter ရဟတ်ယာဉ် ပျက်ကျပြီး လိုက်ပါလာတဲ့ ဗိုလ်မှူးချုပ် အေးမင်းနောင် သေဆုံးခဲ့တာလို့ KNUက ထုတ်ပြန်ထားတာပါ၊

    ပျက်ကျပြီးချိန် တော်လှန်ရေးတပ်တွေရဲ့ ဖမ်းဆီးခံရသူ လေယာဉ်မှူးကတော့ ကရင်နီမှာ ၂၀၂၃ ခုနှစ်က ပစ်ချခံရတဲ့  K-8  တိုက်လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး ဖြစ်ပါတယ်။

    စစ်ကောင်စီလေတပ်ရဲ့ အရန်အင်အား လျော့နည်းလာပေမဲ့ Y-12 လို သယ်ပို့လေယာဉ်တွေကနေ ဗုံးကြဲနေတာတွေကို တော်လှန်ရေးတပ်တွေ ကြုံနေရဆဲပဲလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်တပ်က လေယာဉ်တွေကို ထုတ်မပြနိုင်တဲ့ အခြေအနေကို  တွေ့ရတယ်လို့လည်း ဆိုပါတယ်။

    4 min
  • DVB Newsbreak ( ၂၉ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၉  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -သမိုင်းဝင်ယောယုံစခန်းအပါအဝင် စခန်းကြီးငယ် ၅၀ ကျော်ကို KIA နဲ့ ပူးပေါင်းအဖွဲ့ က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်း 

    -ရခိုင်စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေရှားပါးမှု ပိုဆိုးလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန် လိုက်တဲ့သတင်းနဲ့ 

    -ရွှေဈေး တကျပ်သားကို ကျပ် ၄၄ သိန်း နီးပါးထိ စံချိန်တင်မြင့်တက်လာတဲ့သတင်းတွေကို နားဆင်ကြရမှာပါ

    6 min
  • မြန်မာ့ရွှေဈေး ကျပ် ၄၄ သိန်းအထိမြင့်တက်

    မြန်မာနိုင်ငံရဲ့ရွှေဈေးကွက်က စစ်တပ်အာဏာသိမ်းပြီးကတည်းက တောက်လျှောက်မြင့်တက်နေခဲ့ပြီး မတ်လ ၂၈ရက်နေ့မှာ ကျပ် ၄၄သိန်း နီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဟန်နသတင်းပေးပို့ထားပါတယ်။

    4 min
  • ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ မီးလောင်မှု နေအိမ် ၃၀၀ ကျော်ပျက်စီး လူ ၆၀၀၀ ကျော်အိုးအိမ်မဲ့ဖြစ်

    ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်ကောင်စီစစ်သင်္ဘောကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၆၀၀၀ ကျော်ဟာ အိုးမဲ့အိမ်ဲ့ဖြစ်ခဲ့ရတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) လူ သားချင်းစာနာထောက်ထားမှုနှင့်ကယ်ဆယ်ရေးဌာနမှူးက ပြောပါတယ်။ အောင်ခန့် သတင်းပေးပို့ထားပါတယ်။

    4 min
  • DVB Newsbreak ( ၂၈ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၈  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ရုရှားစစ်ဘက်ဆိုင်ရာ အရာရှိ ၂၇ ဦးကို စစ်ခေါင်းဆောင်က ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ချီးမြှင့်တဲ့ သတင်း

    -ရန်ကုန်မြို့လယ်ခေါင် ဆူးလေခုံကျော်တံတားအောက်မှာ ဗုံးပေါက်ပြီး လူငယ် ငါးဦးဒဏ်ရာရသွားတဲ့ သတင်းနဲ့ 

    -သိန္နီမြို့နယ်မှာ  MNDAA ကိုးကန့်တပ်နဲ့  SSPP/SSA  ရှမ်းတပ်တို့  တိုက်ပွဲဖြစ်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ 


    6 min
  • မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိုင်းအောက်လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုပြုချက် ၄ ချက် အလုပ်ဖြစ်နိုင်မလား

    မြန်မာ့အရေးနဲ့ပတ်သက်လို့ ကူညီဖြေရှင်းနိုင်ရေး ထိုင်းအောက်လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုပြုချက် ၄ ချက်ဟာ အလုပ်ဖြစ်နိုင်မလား ဆိုတဲ့အပေါ် လေ့လာသူတွေ နိုင်ငံရေးသမားတွေရဲ့အမြင် သုံးသပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။

    5 min
  • DVB Newsbreak ( ၂၇ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၇  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ဖက်စစ်တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ညနေပိုင်းမှာ ပြောင်းလဲ ကျင်းပတဲ့ သတင်း 

    -ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်တဲ့သတင်းနဲ့

    -ရန်ကုန်၊ ဘုရင့်နောင်ဆိပ်ကမ်းကနေ စစ်တွေကိုသွားမယ့် ကုန်သင်္ဘောပေါ်ကနေ ငွေကျပ် တစ်ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းမိတဲ့သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်


    5 min
  • DVB Newsbreak ( ၂၆ မတ် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  မတ်လ  ၂၆  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -စစ်မှုထမ်းဥပဒေကျင့်သုံးပြီးနောက် နိုင်ငံတဝန်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် ၃၆ ဦး အသတ်ခံရတဲ့သတင်း 

    -ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ 

    -ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို  AA က ကြိုဆိုလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ။

    6 min
  • ကရင်နီဘက်စုံတက္ကသိုလ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေ

    ကရင်နီဘက်စုံတက္ကသိုလ် (Karenni Comprehensive University) ကို လာမယ့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။ ဒီသတင်းကို ဖူးအိအိနွယ် ပေးပို့ထားပါတယ်။

    4 min