
Sign up to save your podcasts
Or


ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ စောမူတူးစေးဖိုးတို့ စစ်ခေါင်းဆောင်ကို သွားရောက်တွေ့ဆုံတဲ့သတင်း
-ဖားကန့် အနန့်ပါဒေသကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့
-မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ HRW က ပြောကြားလိုက်တဲ့သတင်းတွေကို နားဆင်ကြရမှာပါ
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-တရုတ်အကျိုးစီးပွားကို အထိခံမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း
-နေပြည်တော်မှာ တောင်ကျရေကြောင့် နေအိမ် ၂ လုံး မျောပါပြီး သားအမိ ၂ ယောက် သေဆုံးသွားတဲ့ သတင်းနဲ့
-ရွှေပြည်သာမှာ ဥရောပနိုင်ငံတွေက ပလတ်စတစ်စွန့်ပစ်အမှိုက်တွေ တွေ့ရှိတဲ့သတင်းတွေကို နားဆင်ကြရမှာပါ
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ ဂါဇာကမ်းမြောင်ဒေသ အစ္စရေး-ဟားမတ်စ်စစ်ပွဲ၊ ကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု၊ ပဲခူးရေးဘေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)မှာ စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော် ထပ်တိုးချထားလိုက်ပြီး ပျူစောထီးရွာတွေကို စစ်ကောင်စီက ရိက္ခာထောက်ပို့တာတွေ ပြန်လုပ်နေတယ်လို့ စစ်ကိုင်းဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသ၊ စစ်ဌာနချုပ် (မုံရွာ) မှာ စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော်ထပ်တိုးချထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာ မူးမြစ်ရေလျှံတာကြောင့် ရေကြီးရေလျှံပြီး စပါးဧက ၁၀၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။ ပုလဲမြို့နယ်မှာတော့ စစ်ကောင်စီက စစ်ကြောင်းဆက်တိုက်ထိုးနေပြီး ပျူစောထီးတွေကို လက်တွေ့စစ်ဆင်ရေးသင်တန်းပေးနေတယ်လို့ ပုလဲမြို့နယ်ပအဖ တာဝန်ရှိသူကပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။ နားဆင်နိုင်ပါပြီ။
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လုံးဝမရှိတော့ဘူးလို့ KNU ၊ CNF နဲ့ ABSDF အဖွဲ့ ၃ ဖွဲ့က ကြေညာလိုက်တဲ့သတင်း
-ရှမ်းပြည်နယ် သီပေါ၊ နမ္မတူနဲ့ ကလောမှာ ရေကြီးနေတဲ့သတင်းနဲ့
-(UWSA) ဝ တပ်ဖွဲ့ အရာရှိ ၂ ယောက်ကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-ကချင်စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက် ရှုတ်ချလိုက်တဲ့သတင်း
-မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ သိုလှောင်ထားတဲ့ယမ်းတွေပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီက ပြောတဲ့အပေါ် KIO ကတုံ့ပြန်လိုက်တဲ့သတင်း
-ပဲခူးမှာ ရေပြန်ကျသွားပေမဲ့ လှည်းကူးမှာတော့ ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော် အကူအညီလိုအပ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
ကချင်စစ်ရှောင်စခန်းကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကန့်ကွက် ရှုတ်ချလိုက်တဲ့သတင်း
ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ် တသက်တကျွန်းချမှတ်လိုက်တဲ့ သတင်းနဲ့
ပဲခူးရေဘေး ကူညီကယ်ဆယ်ရေး သွားရောက်သူတွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-လိုင်ဇာအနီး စစ်ရှောင်စခန်းကို စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူ အများအပြား သေဆုံး ဒဏ်ရာရသွားတဲ့သတင်း
-စစ်ဘေးရှောင်စခန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်းနဲ့
-ပဲခူးမှာ ရေဘေးဒုက္ခသည် ၄၀၀၀၀ ကျော်ရှိလာပြီး နေအိမ်အတွင်း ပိတ်မိနေသူများကို ကယ်ထုတ်နေရတဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-ပဲခူး၊ သထုံနဲ့ မှော်ဘီတိုက်ကြီးမှာ ပြည်သူတွေ ရေဘေးနဲ့ ကြုံနေရတဲ့သတင်း
-တန့်ဆည်မြို့နယ်မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့သတင်းနဲ့
-အန်စီအေ ၈ နှစ်ပြည့်ပွဲတက်ဖို့ စ ကေအိုင်အေကို စစ်ကောင်စီ ဖိတ်ကြားလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ