DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • အန်စီအေ ၈ နှစ်ပြည့်ပွဲ တက်ရန် ကေအိုင်အေကို စစ်ကောင်စီ ဖိတ်ကြား

    အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်ဖြစ်နေတဲ့

    ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)အဖွဲ့ကို
    တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ၈ နှစ်ပြည့်
    အခမ်းအနားမှာ ပါဝင်တက်ရောက်ဖို့  စစ်ကောင်စီက ဖိတ်ကြားထားတယ်လို့
    ကေအိုင်အေက ပြောပါတယ်။

    စစ်ကောင်စီဟာ ကချင်ပြည်နယ်မှာ စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ပြီး

    လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ကေအိုင်အေနဲ့တပ်တွေ
    တိုက်ပွဲတွေပြင်းထန် ဖြစ်နေသလို ဒေသခံပြည်သူတွေထောင်နဲ့ချီပြီး
    ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာပါ။

    ကချင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ  တိုက်ပွဲတွေပြင်းထန်နေပေမဲ့

    စစ်ကောင်စီကတော့ အောက်တိုဘာ ၁၅ ရက်မှာ
    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ၈
    နှစ်ပြည့် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။

    ဒီအခမ်းအနားတက်ရောက်ဖို့ စစ်ကောင်စီရဲ့ ဖိတ်ကြားစာကို 

    ကချင်လွတ်မြောက်ရေး တပ်မတော်ဘက်ကလက်ခံရရှိထားပေမဲ့ အဲဒီအခမ်းအနား
    တက်ရောက်မယ် မတက်ရောက်ဘူး ဆိုတာကိုတော့ ဗဟိုကော်မတီက အခုချိန်ထိ
    မဆုံးဖြတ်ရသေးဘူးလို့  ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး
    နော်ဘူက ဒီဗွီဘီကို ပြောပါတယ်။

    အန်စီအေ ၈ နှစ်ပြည့်အခမ်းအနားကို  ‘ဝ’ ဦးဆောင်တဲ့

    မြောက်ပိုင်းအဖွဲ့တွေအပြင် တိုင်းရင်းသားတော်လှန်ရေး
    လက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေ
    ဆွေးနွေးကြဖို့ဆိုပြီး ဖိတ်ကြားထားတယ်လို့ အဲဒီတော်လှန်ရေးအဖွဲ့တွေနဲ့
    နီးစပ်သူက ပြောပါတယ်။

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်ကတော့ အခုချိန်ထိ စစ်ကောင်စီရဲ့

    ဖိတ်ကြားစာမရသေးဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ
    ဒုတိယဗိုလ်မှူးကြီးတာအိုက်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

    အန်စီအေ ၈ နှစ်ပြည့်အခမ်းအနားမှာ သက်ဆိုင်သူအားလုံးပါဝင်ပြီး

    အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်နိုင်ဖို့အတွက်
    အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး ၅ ဖွဲ့ဘက်က
    အဆိုပြုထားသလို စစ်ကောင်စီဘက်ကကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီး
    အခမ်းအနားကျင်းပနိုင်ရေး အဖွဲ့တစ်ခုကိုလည်းဖွဲ့စည်းထားတယ်လို့ PPST
    ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့  အန်စီအေစာချုပ်ဟာ လက်ရှိအချိန်ထိ အသက်ဝင်နေဆဲ

    ဖြစ်တယ်ဆိုတာကိုပြသဖို့အတွက် အန်စီအေ သဘောတူစာချုပ် ၈
    နှစ်ပြည့်အခမ်းအနားကို  လက်မှတ်ရေးထိုးချိန်က အသိသက်သေအဖြစ်ပါဝင်ခဲ့ကြတဲ့
    နိုင်ငံတွေအားလုံးကိုတက် ရောက်ပေး ဖိတ်ကြားထားပြီး သက်ဆိုင်သူအားလုံးနဲ့
    စာချုပ်ပါကိစ္စတွေကို ပြန်လည်ဆွေးနွေးကြဖို့လည်းရှိ နေပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့နိုင်ငံရေးအကျပ်အတည်းနဲ့ စစ်ရေး

    အကျပ်အတည်းတွေကို လျှော့ချနိုင်ဖို့အတွက် စစ်ကောင်စီဟာ
    တရုတ်နိုင်ငံရဲ့အကူညီနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိနေတဲ့
    တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

    အဲဒီဆွေးနွေးပွဲတွေမှာ စစ်ကောင်စီကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံကို

    တက်ရောက်ဖို့အပြင် အနာဂတ်ဖက်ဒရယ်ဆိုင်ရာ ပြဿနာတွေကို
    ဖြေရှင်းနိုင်ရေးဆွေးနွေးကြဖို့ ပြောဆိုခဲ့ပေမဲ့ မြောက်ပိုင်း
    လက်နက်ကိုင်အဖွဲ့တွေဘက်က ပြောဆိုဆွေးနွေးခဲ့ခြင်းမရှိသလို
    ငြိမ်းချမ်းရေးညီလာခံကိုလည်း လက်ရှိနိုင်ငံရေးအခြေအနေအရ
    တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

    5 min
  • နိုဘယ်ဆုရှင်များ၏ ရှာဖွေတွေ့ရှိမှု သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(08102023)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ ကမ္ဘာ့ဆရာများနေ့နဲ့ မြန်မာပြည်က ဆရာများ၊ နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှု၊ မြန်မာစီးပွားရေးနဲ့ နိုင်ငံရေး သုံးသပ်ချက်စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။


    30 min
  • မြန်မာ့အရေးအတွက် အမေရိကန်က ငွေကြေးပိုထောက်ပံ့ရန် တွန်းအားပေးနေ

    Burma Act နဲ့ဆက်စပ်တဲ့ မြန်မာ့အရေး

    ငွေကြေးထောက်ပံ့မှုပမာဏကို လာမယ့် နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော် ၂ ရပ်က အတည်ပြုဆုံးဖြတ်ဖို့ရှိနေပြီး အကူအညီတွေပိုရလာအောင်
    မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တွန်းအားပေး ဆောင်ရွက်နေပါတယ်။

    Burma Act တခုလုံးကို အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်

    အက်ဥပဒေမူကြမ်း NDAA ထဲမှာ အမေရိကန်လွှတ်တော် ၂ ရပ်က ထည့်သွင်းခဲ့တာ၊
    မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်းဘဲ အကူအညီပေးမယ့်
    အချက်ပါဝင်တဲ့ အမေရိကန်အစိုးရ ဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကို ၂၀၂၂
    ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က
    လက်မှတ်ရေးထိုးအတည်ပြုထားတာစတဲ့ အခြေအနေတွေကနေ စပ်ဆက်ပြီး
    မြန်မာပြည်သူတွေရလာနိုင်စရာရှိတဲ့ ငွေကြေးနဲ့ အထောက်အပံ့တွေကို အပြည့်အဝ
    ဒါမှမဟုတ် ပိုရလာအောင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက
    တွန်းအားပေးနေတယ်လို့ ဆိုပါတယ်။

    မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ ကိုရင်အေးက "နိုဝင်ဘာမှာ

    ဆုံးဖြတ်တော့မယ့် Burma Act နဲ့ပတ်သက်ပြီး ငွေကြေးဘယ်လောက်ပေးမယ်ဆိုတဲ့
    ဆုံးဖြတ်ချက်တွေကို ကျနော်တို့လည်းဝိုင်းပြီး တွန်းအားပေးပြီးတော့ များသထက်
    များအောင် ပိုက်ဆံတွေ ပိုရသထက်ရအောက် ကြိုးစားနေတာရှိပါတယ်။ အလားတူပဲ
    စစ်ကောင်စီဟာ အသက်ငင်နေတယ်လို့ပြောလို့ရပါတယ်။ ဘက်ပေါင်းစုံမှာ
    နိုင်ငံတကာမှာလည်းကြည့်၊ သူ့ကို ဘယ်သူမှ ဆေးဖော်ကြောဖက်မလုပ်တော့ဘူး။ UN
    မှာက အစ သူ နေရာလုံးဝမရတော့ဘူး။ ကျနော်တို့ရဲ့သူရဲကောင်း
    ဦးကျော်မိုးထွန်းကို ဆက်ပြီး ထားထားမယ်ဆိုတဲ့ အနေအထားရှိတယ်။ အာဆီယံကအစ
    သူ့ကို အသိအမှတ်မပြုတော့ဘူးဆိုတဲ့ အနေအထားရှိတယ်။ အဲလိုအနေအထားတွေမှာ
    ကျနော်တို့က သူတို့ကို အင်နဲ့အားနဲ့ ပြုတ်ကျသွားအောင်
    နောက်ဆုံးအခြေအနေလေးကို တွန်းချလို့ရအောင် ကြိုးစားနေကြတာဖြစ်ပါတယ်" လို့
    ပြောပါတယ်။

    အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာအခြေစိုက်ထားတဲ့

    မြန်မာသံရုံးနဲ့ စစ်သံရုံးတို့ကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက
    အပတ်စဉ် ဆန္ဒပြ ကန့်ကွက်နေ ကြပြီး အောက်တိုဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းကလည်း
    ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    ဒီလိုစဉ်ဆက်မပြတ်လုပ်ဆောင်နေတာဟာ စစ်ကောင်စီနဲ့လက်အောက်ခံသံရုံးတွေကို

    ပြည်သူတွေက လုံးဝလက်မခံကြောင်း နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှာ
    ပေါ်လွင်စေချင်တာကြောင့်ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

    ၈၈ မျိုးဆက်ကျောင်းသားတယောက်ဖြစ်တဲ့ ဒေါ်နီနီဝေက

    "ဒီညီအကိုမောင်နှမတွေနဲ့ ဒီ PDF ကလေးတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေနဲ့
    တစိတ်တည်း တဝမ်းတည်း ရှိနေတယ်ဆိုတာကို ပြသချင်တဲ့အတွက် အားလုံးက
    ဒီကိုလာရောက်ပြီးတော့ ဆန္ဒပြတာဖြစ်ပါတယ်။ တကျပ်တတ်နိုင်တတ်နိုင်
    နှစ်ကျပ်တတ်နိုင်တတ်နိုင် အားလုံး ပြည်သူတွေ PDF ကလေးတွေအတွက် တတ်နိုင်သမျှ
    ပါဝင်ပေးကြပါလို့ ကူညီပေးကြပါလို့ အားလုံးကို
    တိုက်တွန်းနှိုးဆော်ချင်ပါတယ်" လို့ ပြောပါတယ်။

    အမေရိကန်အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အမေရိကန်

    အောက်လွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ အတည်ပြုခဲ့ပြီး
    စာမျက်နှာ ၂၅ မျက်နှာပါဝင်တဲ့ Burma Act တခုလုံးကိုလည်း ထည့်သွင်းခဲ့ပါတယ်။

    NDAA အရ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ အမေရိကန်စိုးရက ၂၀၂၃

    ခုနှစ်ကနေ ၂၀၂၇ နှစ်အတွင်းမှာ ဘဏ္ဍာရေးရန်ပုံငွေတွေကို
    ခွင့်ပြုပေးသွားဖို့ရှိနေပြီး တော်လှန်ရေး လက်နက်ကိုင်တွေနဲ့
    တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေ အပါအဝင်
    အစီအစဉ် ၇ ခုကို ပေးအပ်သွားဖို့ ရှိနေပါတယ်။

    3 min
  • DVB Newsbreak 5.5 ( ၆ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၆  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -မြန်မာနိုင်ငံတောင်ပိုင်းမှာ စစ်တပ်က ပိုမိုရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုတွေ ကျူးလွန် လာနေတယ်လို့ မွန်လူ့အခွင့်အရေးအဖွဲ့က  ထုတ်ပြန်လိုက်တဲ့သတင်း

    -ဘန်ကောက် ကုန်တိုက် ပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးအတွက် ဝမ်းနည်းကြောင်း သေနတ်သမား ထိုင်းလူငယ်ရဲ့ မိဘက ပြောကြားလိုက်တဲ့သတင်းနဲ့ 

    -အာရှအားကစားပြိုင်ပွဲ  နဂါးလှေလှော်ပြိုင်ပွဲမှာ  မြန်မာအမျိုးသားအသင်း ကြေးတံဆိပ်ဆုရရှိတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak 5.5 ( ၅ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၅  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်း 

    -မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုတွေ ကျူးလွန်နေတာ စစ်ဆေးတွေ့ရှိရတယ်လို့   ILO စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့ 

    -ကိုးကန့် လုပ်ငန်းရှင် ၁၁ ဦးကို  တရုတ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့ သတင်းတွေ နားဆင်ကြရဖို့ရှိပါတယ်။

    6 min
  • DVB Newsbreak 5.5 ( ၄ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)


    ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ကုန်တိုက်တခုမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ  မြန်မာအမျိုးသမီး တယောက် သေဆုံးသွားတဲ့သတင်း

    -မြန်မာစစ်တပ်အတွက် အင်ဒိုနီးရှားက လက်နက်ရောင်းနေတဲ့ကိစ္စ စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်တဲ့သတင်းနဲ့

    -ကေအန်ယူ ဥက္ကဋ္ဌဟောင်းနဲ့  စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုဟာ ကေအန်ယူအဖွဲ့အစည်းနဲ့  မသက်ဆိုင်ဘူးလို့  ကေအန်ယူဗဟိုက  တုံ့ပြန်လိုက်တဲ့သတင်းတွေကို နားဆင်ကြရမှာပါ။

    6 min
  • DVB Newsbreak 5.5   ( ၃ ရက်၊ အောက်တိုဘာ   ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    DVB Newsbreak 5.5   ( ၃ ရက်၊ အောက်တိုဘာ   ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီနေ့နားဆင်ရမယ့် သတင်းများ

    -မြန်မာပြည်သူလူထု ၂ သန်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နိုင်ငံအနှံ့ မြေမြုပ်မိုင်းကြောင့် သေဆုံးသူတွေများလာနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်

    -အာဆီယံ- အီးယူ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဖိုရမ်မှာ  စစ်ကောင်စီကို တက်ခွင့်ပြုတဲ့ အပေါ်  NUG အစိုးရက ကန့်ကွက်ရှုတ်ချ

    မြန်မာ့စီးပွားရေး GDP တိုးတက်နှုန်းဟာ လာမယ့်နှစ်မှာ ၂ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်း

    6 min
  • DVB Newsbreak 5.5 ( ၂ ရက် အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် နှစ်ယောက်ရဲ့  အမှုတွေအတွက် အထူးအယူခံတက်ဖို့ ကြန့်ကြာနေတဲ့သတင်း 

    -ထားဝယ်အကျဉ်းထောင်ကနေ  နိုင်ငံရေးအကျဥ်းသား ၁၄ ဦး လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့သတင်းနဲ့ 

    -ခရိုနီနဲ့ စစ်တပ်ပိုင်ဟိုတယ်တွေမှာ  မတည်းခိုကြဖို့  အင်းလေးလူထုက တောင်းဆိုလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ

    6 min
  • ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေ

    ၂၀၂၃ ခုနှစ်မတိုင်ခင်မှာ ချင်းပြည်နယ်အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့အတွက်

    ချင်းပြည်ကောင်စီညီလာခံကို မကြာခင်မှာ ကျင်းပသွားမှာဖြစ်ပြီး
    လက်ရှိအချိန်မှာ ချင်းပြည်ဖွဲ့စည်းပုံရေးဆွဲရေးက ၉၀ ရာခိုင်နှုန်းအထိ
    ပြီးစီးနေပြီလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ
    ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။

    ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေးအတွက် ကြားကာလ

    ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီကနေ ဆောင်ရွက်နေရာမှာ တစ်ဆို့မှုတချို့
    ရှိနေတာကြောင့် ချင်းပြည်ကောင်စီဖွဲ့စည်းရေး ဆောင်ရွက်ခဲ့တာလို့လည်း CNF
    ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ချင်းအမျိုးသားတပ်ဦး CNF အပြင် ချင်းပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ

    အနိုင်ရကိုယ်စားလှယ်တွေနဲ့ မြို့နယ်နဲ့
    ဒေသအခြေပြုအဖွဲ့စည်းတွေရဲ့ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၁၀၈ ယောက်က
    စက်တင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ချင်းပြည်ကောင်စီ ညီလာခံဖြစ်မြောက်ရေးအတွက်
    အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။

    အဲဒီအစည်းအဝေးမှာ ချင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့၊

    ချင်းပြည်ကောင်စီဖွဲ့စည်းဖို့နဲ့ ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေး
    မဏ္ဍိုင်သုံးရပ်ထူထောင်ဖို့အတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရေး
    သဘောတူခဲ့ကြတာပါ။

    စစ်တပ်အာဏာသိမ်းပြီးတဲ့ အချိန်ကတည်း ချင်းပြည်နယ်မှာ

    ကြားကာလချင်းပြည်နယ် အစိုးရဖွဲ့စည်းနိုင်ဖို့ ချင်းအင်အားစုတွေကြား
    ညှိနှိုင်းဆောင်ရွက်ခဲ့ကြပေမဲ့ ဒီကနေ့အချိန်ထိ ချင်းပြည်နယ်တစ်ခုလုံးကို
    ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ကိုဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိပါဘူး။

    အဲဒီကာလတွေအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ

    ချင်းပြည်နယ်မှာရှိနေတဲ့ အရပ်ဖက်အဖွဲ့အစည်းနဲ့ အာဏာဖီဆန်ရေး
    လှုပ်ရှားမှုမှာပါဝင်တဲ့သူတွေ နိုင်ငံရေးပါတီတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ
    အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင်
    တော်လှန်ရေးအင်အားစုတွေပါတဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ
    (ICNCC) ကိုသာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ အဲဒီကောင်စီကနေ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့

    အဖွဲ့ဝင်တတတချို့က နုတ်ထွက်သွားခဲ့တာကြောင့်
    ပြည်နယ်အစိုးရတစ်ရပ်ပေါ်ပေါက်ရေး ဆွေးနွေးမှုတွေက ရှေ့ ဆက်မရဘဲ
    ရပ်တန့်နေခဲ့တာပါ။

    ကြားကာလအစိုးရတစ်ရပ်ပေါ်ပေါက်ဖို့အတွက် CNF အပါအဝင်

    ချင်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေက
    စစ်ရေးအရပူးပေါင်းဖွဲ့စည်းထားတဲ့ ချင်းဒေသကာကွယ်ရေး
    လက်နက်ကိုင်အဖွဲ့များပူးပေါင်းကော်မတီ (CJDC) မှာလည်း
    ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပေမဲ့ အားလုံးပါဝင်မှုအားနည်းမှုတွေရှိတယ်ဆိုတဲ့
    ဝေဖန်မှုတွေကြောင့် နှောင့်နှေးမှုတွေရှိခဲ့ပါတယ်။

    အဲဒီနောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ

    လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသအခြေပြု အုပ်ချုပ်ရေးအဖွဲ့တွေ
    အားလုံးပါတဲ့ ချင်းပြည်ကောင်စီကိုဖွဲ့စည်းဖို့ ဆောင်ရွက်ခဲ့ကြတာပါ။

    ချင်းပြည်နယ်အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက်

    ချင်းပြည်ကောင်စီဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမှာ ဖလမ်းမြို့နယ်က
    ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNO/CNDF) နဲ့
    ဇိုမီးဖက်ဒရယ်ယူနီယံ ZFU အဖွဲ့တွေ မပါဝင်ခဲ့ပါဘူး။

    အဲဒီအပြင် ချင်းပြည်ကောင်စီဖွဲ့စည်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး

    ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကြားမှာလည် လက်ရှိအချိန်ထိ
    သက်ဆိုင်ရာအစုအဖွဲ့တွေအကြား  ညှိနှိုင်းသဘောတူညီမှုမရှိသေးဘူးလို့ ICNCC
    အဖွဲ့ဝင်တချို့က  ဒီဗွီဘီကို ပြောပါတယ်။

    ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC နဲ့

    ချင်းပြည်ကောင်စီအကြား ဆက်လက်ဆောင်ရွက်မယ့်ကိစ္စတွေက ညှိနှိုင်ဖို့ရှိပေမဲ့
    လက်ရှိမှာ ညီလာခံဖြစ်မြောက်ရေးကြိုး စားဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်
    မလုပ်ဆောင်နိုင်သေးတာဖြစ်သလို နောက်အစည်းအဝေးတွေမှာလည်း အခုကျန်နေသေးတဲ့ ၂
    ဖွဲ့ တက်ရောက်နိုင် ဖို့အတွက် ရှင်းလင်းဆွေးနွေးမှုတွေ
    လုပ်ဆောင်နေရတယ်လို့ ချင်းပြည်ကောင်စီ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ
    ပြောရေးဆိုခွင့်ရှိသူ  ဒေါက်တာ Naing Tam Maung က ပြောပါတယ်။

    ချင်းပြည်ကောင်စီညီလာခံ ဖြစ်မြောက်ရေးကော်မတီ လက်ရှိအချိန်ထိ

    ပြည်ထောင်စုအဆင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာ
    ချင်းပြည်နယ်ကို ကိုယ်စားပြုပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ
    ICNCC က ဆွေးနွေးနေတာပါ။

    ချင်းပြည်ကောင်စီပေါ်ပေါက်လာခဲ့ရင်တော့ NUCC အနေနဲ့ ဘယ်အစုအဖွဲ့က

    ပါဝင်သင့်တယ် မပါဝင်သင့်ဘူးဆိုတာကို စဉ်းစားဆုံးဖြတ်မှာမဟုတ်ဘဲ အချင်းချင်း
    ပြန်လည်ညှိနှိုင်းဖြေရှင်းခိုင်းတဲ့ နည်းလမ်းပဲရှိတယ်လို့ NUCC မှာ
    ပါဝင်တဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ GSC အဖွဲ့ဝင်က
    ပြောပါတယ်။


    အောင်သူ

    9 min
  • ဆီပါမစ်အတွက် စစ်ဗိုလ်ချုပ်တွေကိုလာဘ်ထိုးရတဲ့ ဂါကြေး၊ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(01102023)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေး သုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ ဆီပါမစ်နဲ့ စစ်ဗိုလ်ချုပ်တွေကို လာဘ်ထိုးရတဲ့ ဂါကြေး၊ ပြည်ပရောက်တွေအတွက် ၁၀% အခွန်၊ NLD ၃၅ နှစ်ဖြတ်သန်းမှု စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min