
Sign up to save your podcasts
Or


ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ စစ်အုပ်စုတွင်းအကျင့်ပျက်ခြစားမှု၊ ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်၊ မြန်မာမပါတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက တွေ့ဆုံ ဆွေးနွေးသတင်းစကားပါးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
မြန်မာ့အရေးကို ကမ္ဘာကပိုပြီးအာရုံစိုက်လာပြီး ပြည်သူတွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။
စစ်ကောင်စီက မြင့်တက်နေတဲ့ နိုင်ငံခြားငွေနဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအပါအဝင် စစ်ဗိုလ်ချုပ်တချို့ကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေဟာ ရေတိုမှာပဲ အဆင်ပြေနိုင်ပြီး ကုန်ဈေးနှုန်း ကျဆင်းဖို့ မဖြစ်နိုင်ဘူးလို့ လုပ်ငန်းရှင်တွေက သုံးသပ် ပြောပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေက ဒီမိုကရေစီမျှော်လင့်ချက်ကို ဖျက်ဆီးနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်တဲ့သတင်း
-မြန်မာပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီလို့ UNOCHA က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့
-မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေအတွက် အမေရိကန်က လူသားချင်းစာနာအကူအညီ ဒေါ်လာ ၁၁၆ သန်း ထပ်ပေးမယ်လို့ ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။
"သတင်းအတုတွေအတွက် စိတ်ပူနေလား။ အမှန်တရားကို သိချင်သလား။ ယုံကြည်ရတဲ့ မြန်မာသတင်းအားလုံးတစ်နေရာတည်းမှာဖတ်ရှုနိုင်မယ့် InforMM app ကိုသွားလိုက်ပါ။ DVB လိုမျိုး သင်အနှစ်သက်ဆုံး မီဒီယာတွေကို တစ်နေရာတည်းမှာ ရယူလိုက်ပါ။ ဆောင်းပါးတွေ၊ podcasts တွေ၊ မြန်မာသတင်းအားလုံး .....
ယခုပဲ Google Playstore သို့သွားပြီး InforMM - I.N.F.O.R.M.M ကိုရှာပါ။ ယုံကြည်ရသောသတင်းများကို ယခုပဲဒေါင်းလုဒ်ရယူလိုက်ပါ။"
ထိုင်း- မြန်မာနယ်စပ်ကို ပုံစံမျိုးစုံနဲ့ ရောက်ရှိလာကြပြီး စားဝတ်နေရေး ခက်ခဲနေကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် ထမင်းတနပ်ကို ၁၅ ဘတ်နှုန်းနဲ့ အိမ်တိုင်ယာရောက် လိုက်ပါပို့ဆောင်တဲ့ အစီအစဉ် စတင်လိုက်ပြီ ဖြစ်ပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-ရန်ကုန်တဖက်ကမ်း ဒလမှာ ကမ်းပါးပြိုကျမှုကြောင့် လူပေါင်း ၃၅၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ ထားရတဲ့သတင်း
-စစ်ကောင်စီက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်တဲ့သတင်းနဲ့
-ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ၆ လအတွင်း ကွန်ဒိုတိုက်ခန်း ဘတ်ငွေ ၁၂၇၄ သန်းဖိုး ဝယ်ယူထားတဲ့ သတင်းတွေ နားဆင်ရမှာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-လားရှိုးမှာ ဗုံးပေါက်ကွဲလို့ လူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတဲ့သတင်း
-စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိသေဆုံးသူပေါင်း အယောက် ၂၀ ရှိတဲ့သတင်းနဲ့
-နိုင်ငံခြားငွေလဲလှယ် ကုမ္ပဏီ ၁၂၀ ကျော်ကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းလိုက်တဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။
ချင်းပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေအတွင်း တိုက်ခိုက်မှုတွေကြောင့် ဘာသာရေး အဆောက်အဦပေါင်း ၉၅ ခု ပျက်စီး ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်ပါတယ်။ ဒီသတင်းကိုမင်းညိုက ပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ထဲမှာ ဖလပ်မော်တော် ၁ စီး ကျောက်ဆောင်နဲ့ တိုက်မိ နစ်မြုပ်ပြီး ကျောင်းသားတွေအပါအဝင် လူ ၁၀၀ နီးပါး ရေနစ်မြုပ်ခဲ့တဲ့သတင်း
-ထိုင်း-မြန်မာ နှစ်နိုင်ငံ လေတပ်ချင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တဲ့သတင်းနဲ့
-ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်က သူ့ရဲ့ မြန်မာပြည်ထောင်တွင်း အတွေ့အကြုံစာအုပ် ထုတ်ဝေ ဖြန့်ချိမယ့်သတင်း တွေကို နားဆင်ရမှာပါ။