
Sign up to save your podcasts
Or


ထိုင်းအစိုးရသစ်အနေနဲ့ မြန်မာနဲ့ပတ်သက်လို့ သိသာထင်ရှားတဲ့ မူဝါဒအပြောင်းအလဲတွေ ပြုလုပ်ဦးမှာမဟုတ်သေးဘဲ စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ ထိုင်း-မြန်မာအရေးလေ့လာသူတွေက သုံးသပ်လိုက်ပါတယ်။ ဒီသတင်းကို စိုးသူအောင်ပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေ စာရင်းမှာ မြန်မာကို အမေရိကန်က ထည့်သွင်း သတ်မှတ်လိုက်တဲ့သတင်း
-တနင်္သာရီဝန်ကြီးချုပ်ယာဉ်တန်းလုံခြုံရေး ရဲနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးသွားတဲ့ သတင်းနဲ့
- ၂ နှစ်ကျော်အတွင်း ရဲမှူးကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော်သေဆုံး၊ ၃၈၄ ယောက် ဒဏ်ရာရတဲ့ သတင်းတွေ နားဆင်ရမှာပါ။
စစ်အာဏာသိမ်းထားတဲ့အတွက် မြန်မာပြည်မှာ လူနာတွေရဲ့ ဘေးကင်းလုံခြုံစွာ ကုသခွင့်ကို အဆိုးဆုံး ချိုးဖောက်ခံနေရပြီလို့ စက်တင်ဘာလ ၁၇ ကျရောက်တဲ့ ကမ္ဘာ့လူနာများ ဘေးကင်း လုံခြုံရေးနေ့မှာ ဆရာဝန်တွေက ပြောလိုက်ကြပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ ကင်မ်ဂျုံအန်းရဲ့ ရထားစီး ရုရှားခရီးစဉ်၊ ထိုင်းထဲကျူးကျော်ဝင်နေတဲ့ မြန်မာစစ်တပ်၊ မုံရွာထောင် အစာငတ်ခံသပိတ်တိုက်ပွဲနဲ့ ရိုဟင်ဂျာအရေး၊ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ရန်ကုန်က အငှားတက္ကစီယာဉ်တွေမှာ Taxi Board တွေ ပြောင်းလဲ တပ်ဆင်ခိုင်းတဲ့အတွက် ပိုပြီး အလုပ်ရှုပ် အခက်အခဲ ဖြစ်စေတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
နေပြည်တော်မှာ ကျင်းပသည့် အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံကို နိုင်ငံ ၄ နိုင်ငံ မတက်ရောက်ဘဲ သပိတ်မှောက်ထားတဲ့သတင်း
-ဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် စစ်ကောင်စီ ဘဏ် ဝန်ထမ်း ၄၀ ကျော်ကို အကြမ်းဖက်သမားများအဖြစ် NUG က ကြေညာလိုက်တဲ့သတင်းနဲ့
-စစ်တွေမှာ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ ALP တပ်ရင်းမှူး တယောက် ပစ်သတ်ခံရတဲ့ သတင်းတွေ နားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ် ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီမှာ လုံးဝတာဝန်ရှိတယ်လို့ အန်အယ်လ်ဒီ ကြေညာလိုက်တဲ့သတင်း
-ကော်သူးလေပြည်ထူထောင်ဖို့ ကေအန်ယူက အကောင်အထည်ဖော်ဆောင်နေတဲ့သတင်းနဲ့
-လားရှိုးမှာ မိုးသည်းထန်၊ ရေကြီးရေလျှံလို့ နေအိမ်ပြိုကျပြီး လူ ၁ ဦး သေဆုံးခဲ့တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်းမှာ ယာယီဘေလီတံတားကနေ သွားလာနေရပြီး ကားခတွေ ဈေးပြန် မကျတဲ့အတွက် ကုန်ဈေးနှုန်းတွေလည်း ပြန်မကျဘဲ ရှိနေပါတယ်၊ ဒီသတင်းကိုတော့ ဝေဝေ ပေးပို့ထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ကို နောက်ဆုံးပေါ် လေယဉ်တွေနဲ့ အင်အားဖြည့်နေပေမဲ့ စစ်ကောင်စီရဲ့ ရှုံးနေဆဲ အခြေနေကတော့ ထူးခြားလာမှာ မဟုတ်ဘူးလို့ KNU ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာစစ်သားတွေ ထိုင်းမြေထဲကျူးကျော်ဝင်လာတဲ့ကိစ္စ ထိုင်းလွှတ်တော်အမတ်က လွှတ်တော်မှာ မေးခွန်းထုတ်လိုက်တဲ့သတင်း
-ကနောင်စစ်ဆင်ရေးမှာ စစ်ကောင်စီ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ လောက် သေဆုံးသွားတဲ့သတင်းနဲ့
-ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု တရားမျှတမှုရရှိရေး ပြင်သစ်က ပါဝင်ကူညီမယ်လို့ ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။