
Sign up to save your podcasts
Or


အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်နိုင်ရင် စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေးအတွက် အာဆီယံထိပ်သီး အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချနိုင်ဖို့ NUG အစိုးရဘက်က မျှော်လင့်နေပါတယ်။ ဒီသတင်းကို စိုးသူအောင်က ပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
မြန်မာအရေး အပြုသဘောဆွေးနွေးပွဲကျင်းပချင်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားလိုက်တဲ့သတင်း
ရခိုင်၊ ကရင်၊ မွန်နဲ့ တနင်္သာရီဒေသတွေမှာ မိုးသည်းထန်ပြီး ရေကြီးနိုင်တဲ့သတင်းနဲ့
တရုတ် - မြန်မာ နယ်စပ်ဖြတ်ကျော် ၇ ရက်နေထိုင်ခွင့် တခါသုံးကတ်တွေ စတင်လုပ်ပေး နေတဲ့သတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။
စိုထိုင်းဆများပြီး အပူချိန်တက်လာတာကို ပင်လယ်ကွေ့ဒေသမှာ အလုပ်လုပ်သူတွေကြံ့ကြံ့ခံနေရပါတယ်။ ဒီနှစ်နွေရာသီမှာ ဥရောပတစ်လွှားက အပူလှိုင်းတွေဟာ တချို့မြို့တွေမှာ အပူချိန်၄၀ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်နေပါတယ်။ စိုးရိမ်ဖွယ် ကောင်းလောက်အောင်မြင့်တက်နေတာပြီး ပင်လယ်ကွေ့ဒေသမှာ ပုံမှန်မှတ်တမ်းတင်ထားတဲ့ ကာလတွေထက်တချို့ရက်တွေမှာ မြင့်တက်နေ တာကြောင့် လာမယ့်အနာဂတ်မှာ လေအပူချိန်တစ်ခုတည်းကိုပုံသေတိုင်းတာလို့ မရတော့ဘူးလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ သေးဆူလဲကျေးရွာနဲ့ ပူဖားကျေးရွာတို့မှာ ခြေကုပ်ယူ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော် သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရမိတယ်လို့ ကရင်နီပူးပေါင်းတပ်တွေက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ဆွေးနွေးသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်တဲ့သတင်း
-မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး Drone နဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးအပါအဝင် ၅ ဦးသေဆုံးပြီး ခရိုင်ရဲတပ်ဖွဲ့မှူးန့ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့သတင်းနဲ့
-အသက် ၃၀ ကျော် မသမာသူများစာရင်းမှာ ခရိုနီ ဦးတေဇ အပါအဝင် လုပ်ငန်းရှင် ၉ ဦးပါဝင်နေတဲ့သတင်းတွေနားဆင်ရဖို့ရှိပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆိုင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ တီမောသံတမန်ကို စစ်ကောင်စီနှင်ထုတ်မှု၊ နွေဦးတော်လှန်ရေးနိုင်ငံတကာညီလာခံ၊ TNLA တိုက်ပွဲ၊ တရုတ်စီးပွားရေးနဲ့ အိန္ဒိယဆန်ပြဿနာ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
အမျိုးသားယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှုကို မထိခိုက်စေဖို့ နိုင်ငံတကာအဖွဲ့အစည်း NGO၊ INGO တွေအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပိုမိုကြပ်မတ်ဖို့နဲ့ အကူအညီပေးနေတဲ့ နိုင်ငံနဲ့ အဖွဲ့တွေက အသုံးချနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၃၀ ရက်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။အဲဒီပြောဆိုချက်နဲ့ပတ်သက်လို့ NGO, INGO တွေက ပြန်လည် အပြစ်တင်ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ NGO တွေအနေနဲ့ လုပ်ကိုင်ရတာ ပိုမိုခက်ခဲလာပြီး အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ အခုလို ပြောဆိုပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။
https://burmese.dvb.no/post/612820
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-ဘုရားဖူးတွေမလာမှာစိုးလို့ မာရဝိဇယဘုရား ဝင်ကြေးမကောက်တော့ဘူးလို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း
-မန္တလေးတိုင်းကျန်းမာရေးဌာနရုံးရှေ့ ဗုံး ပေါက်ပြီး လက်ထောက်ညွှန်မှူးနဲ့ ဝန်ထမ်း ၄ ဦး ဒဏ်ရာရ သွားတဲ့သတင်းနဲ့
-ရန်ကုန်မှာ စစ်ကောင်စီက ဧည့်စာရင်းတွေစစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်သူတွေကို ဖမ်းဆီးကာ ကျပ် ၁ သိန်းနဲ့ပြန်ရွေးခိုင်းနေတဲ့သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-ဟင်္သာတမြို့နယ်မှာ ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် အကူအညီတွေလိုအပ်နေတဲ့ သတင်း
-ကချင်ပြည်နယ်မှာ ဒေသခံပြည်သူ ၂၀ လောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းနဲ့
-စစ်ကောင်စီက ဆန်ရည်ညွှန်းဈေး သတ်မှတ်လိုက်လို့ ပြည်တွင်း ဆန်မှောင်ခိုဈေးကွက်ပေါ်လာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ။
ဖူကူရှီးမား နူကလီးယားဓာတ်အားပေးစက်ရုံက ရေဆိုးတွေထုတ်လွှတ်မှုအပေါ် တိုကျိုမြို့ခံတွေက စိုးရိမ်နေကြပေမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေကတော့ ဒီလောက်စိုးရိမ်မကင်း မဖြစ်ဘူးလို့ ဆိုပါတယ်။ နော်နိုရင်း တင်ဆက်ပေးထားပါတယ်ရှင်။