DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak 5.5 (၁၂ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -လက်နက်ကိုင်တော်လှန်ရေးကို လျှော့လို့မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူမရှုဖို့ NUG  ယာယီသမ္မတက ပြောကြားလိုက်တဲ့သတင်း 

    -စစ်တွေဒေသခံ ၂ ဦးကို အေအေနှင့် ဆက်နွှယ်မှုနဲ့  စွပ်စွဲပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တဲ့ သတင်းနဲ့ 

    -ကေအန်ယူ တပ်မဟာမှူးတွေ အစားထိုး ပြောင်းလဲခန့်အပ်လိုက်တဲ့သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ 


    6 min
  • DVB Newsbreak 5.5 (၁၁ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -ရုရှားနိုင်ငံက Su-30 ဂျက်တိုက်လေယာဉ် ၂ စင်း မြန်မာနိုင်ငံကို ပထမဆုံးအသုတ်ရောက်လာတဲ့သတင်း 

    -ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းငယ်ဖြစ်နိုင်ပြီး  ရေကြီးမြေပြိုနိုင်တယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်းနဲ့ 

    -မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြသူ ၁၄ ဦးကို ထောင်ပြင်မှာ သီးသန့်ခွဲပြီး ချုပ်ထားတဲ့ သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်


    6 min
  • အာဆီယံထိပ်သီးအစည်းအဝေးသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(10092023)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ အာဆီယံထိပ်သီးအစည်းအဝေး၊ ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့်၊ မြဝတီရဲစခန်း ဒရုန်းတိုက်ခိုက်မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရတဲ့သတင်းထောက် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • TNLA ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် DVB မေးမြန်းချက်

    TNLA ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) အနေနဲ့ သတင်းအချက်အလက်တွေ ပိုမိုပြည့်စုံဖို့နဲ့ သေချာစိစစ်ဖို့လိုတဲ့အကြောင်း၊ တချို့တဖက်သတ် စွပ်စွဲမှုတွေဟာ နိုင်ငံတကာနဲ့ တိုင်းရင်းသားအချင်းချင်းကြား အထင်အမြင် လွဲမှားမှုတွေ ဖြစ်စေနိုင်တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က တုံ့ပြန်လိုက်ပါတယ်။

    TNLAဟာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နယ်မြေတိုးချဲ့ပြီး စစ်အင်အား ကြီးထွားလာအောင်လုပ်တာတွေဟာ ဒေသတွင်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ International Crisis Group (ICG) က စက်တင်ဘာ လ ၄ ရက်မှာ အစီရင်ခံ စာတစ်စောင်ထုတ်ပြန် စွပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ကလေးစစ်သားအသုံးပြုတာ၊ အတင်းအကျပ် လူသစ်စုဆောင်းတာတွေပါ လုပ်ဆောင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

    ICG ရဲ့အစီရင်ခံစာပါ အချက်အလက် တွေနဲ့ပတ်သက်ပြီး TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို ဒီဗွီဘီ သတင်းထောက် အောင်သူက ဆက်သွယ် မေးမြန်းထားပါတယ်။


    9 min
  • နိုင်ငံခြားသားများကို ထိုင်းရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လိုက်စစ်ဆေးနေ

    ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို တရားဥပဒေနဲ့အညီ နေထိုင်တာ ရှိ၊ မရှိ ထိုင်းရဲတပ်ဖွဲ့က အင်အား အလုံးအရင်းနဲ့ လိုက်စစ်ဆေးနေတာကြောင့် မြန်မာတွေ သတိထား နေကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေးထားပါတယ်။


    4 min
  • DVB Newsbreak 5.5 (၀၈ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    - ဖမ်းဆီးမိသည့် တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ‘ဝ’ အုပ်ချုပ်ရေးက တရုတ်သို့ လွှဲပြောင်းပေး

    -ပြည်ပရောက်မြန်မာလုပ်သားများ စစ်ကောင်စီညွှန်ကြားချက်အတိုင်း ဘဏ်ကနေ ငွေမလွှဲကြရန် NUG တိုက်တွန်း

    -မြန်မာနိုင်ငံမှာဒီမိုကရေစီအုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်အာဏာရှင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်ဆိုတဲ့သတင်းတွေကို နားဆင်ရမှာပါ။ 


    6 min
  • DVB Newsbreak 5.5 (၀၇ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -ပြည်သူ့အာဏာကို စစ်ခေါင်းဆောင်ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ ခုခံတွန်းလှန်စစ် ၂ နှစ် ပြည့်မိန့်ခွန်းမှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်တဲ့သတင်း

    -မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် စစ်အာဏာရှင်ကို ဖိအားဆက်ပေးမယ်လို့ အမေရိကန် ဒုသမ္မတ ကပြောကြားလိုက်တဲ့သတင်းနဲ့ 

    -ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် စစ်ကောင်စီက  ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ။

    7 min
  • စစ်အာဏာသိမ်းနောက်ပိုင်း တပ်ဥပေဒတွေကို တိုးချဲပြီး ပြည်သူ့ကိုကာကွယ်တဲ့ဥပဒေ ဖျက်သိမ်း

    စစ်တပ်က အာဏာသိမ်ပြီးနောက်ပိုင်းမှာ တပ်မတော်ကိုကာကွယ်တဲ့ ဥပဒေတွေကိုတိုးချဲ့ခဲ့ပြီး ပြည်သူကိုကာကွယ်တဲ့ ဥ ပဒေတွေကိုဖျက်သိမ်းတာ၊ ရှိပြီးသားပုဒ်မတွေကို ပြစ်ဒဏ်တိုးတာတွေ ပြုလုပ်ထားတယ်လို့ ဉပေဒကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။

    6 min
  • ၂၀၂၆ ခု အာဆီယံအလှည့်ကျ ဥက္ကဌနေရာ မြန်မာအစား ဖိလစ်ပိုင်လွှဲပြောင်းယူ

    မြန်မာ့အရေးဖြေရှင်းဖို့အတွက် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်က လမ်းညွှန်ချက်အဖြစ် ဆက်ရှိနေဆဲဖြစ် တယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောဆိုလိုက်ပါတယ်။ ၂၀၂၆ခုနှစ်မှာတာဝန်ယူရမယ့် မြန်မာနိုင်ငံရဲ့ အာဆီယံအလှည့်ကျဥက္ကဌရာထူးနေရာကိုတော့ဖိလစ်ပိုင်က လွှဲပြောင်းရယူခဲ့ပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။

    4 min
  • DVB Newsbreak 5.5 (၀၆ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -၂၀၂၆ အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံအစား  ဖိလစ်ပိုင်က တာဝန်ယူမယ့်သတင်း၊ 

    -အာဆီယံခေါင်းဆောင်တွေရဲ့  ဆုံးဖြတ်ချက်ကို စစ်ကောင်စီက  ကန့်ကွက်လိုက်တဲ့သတင်းနဲ့

    -မြန်မာပြည်မြောက်ပိုင်းရှိ အွန်လိုင်းလိမ်လည်တဲ့ နေရာ ၁၁ ခုကို ဝင်စီးပြီး  လူပေါင်း ၂၆၀ ကျော်ကို ဖမ်းဆီးလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။

    6 min