
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းပြောဆိုနေတာက စစ်ကောင်စီ သက်တမ်းရှည်စေဖို့ ပံ့ပိုးပေးနေသလိုဖြစ်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တဲ့သတင်း
-မူဆယ်မှာ တိုက်ပွဲဖြစ်ပြီး နေအိမ်တွေ မီးလောင်၊ ရွာသားများ ထိခိုက်ဒဏ်ရာရ ထွက်ပြေး တိမ်းရှောင်နေရတဲ့သတင်းနဲ့
-လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဖားကန့် နန်ံယားကျေးရွာသားတွေ ပြန်လွတ်မြောက်လာတဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-နေပြည်တော်ကို အချိန်မရွေးတိုက်ခိုက်လာနိုင်လို့ သတိရှိကြဖို့ စစ်ကောင်စီက လိုက်လံနှိုးဆော်နေတဲ့ သတင်း
-တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ မိုးများပြီး ရေကြီးဘေးကြုံရနိုင်တဲ့ သတင်းနဲ့
-ပြည်ပကနေ တင်သွင်းတဲ့ ဆေးဝါးတွေ ဈေးတက်နေပြီး ကုမ္ပဏီတချို့ အရောင်းပိတ်လိုက်ရတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
ပြည်ပကနေ တင်သွင်းတဲ့ ဆေးဝါးတွေ အကုန်ဈေးတက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကုမ္ပဏီတချို့ အရောင်းပိတ်တဲ့အထိ ကြုံခဲ့ တယ်လို့ ရန်ကုန်မြို့ ဆေးဝါးနဲ့ ဆေးပစ္စည်း လက်လီလက်ကား ရောင်းချသူတွေက ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-တီမောသံရုံးယာယီတာဝန်ခံကို စစ်ကောင်စီက နှင်ထုတ်လိုက်တာနဲ့ ပတ်သက်လို့ NUG နဲ့ တီမောအစိုးရက တုံ့ပြန်လိုက်တဲ့သတင်း
-နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံ အကြံပြုချက်များ အလေးထားဆောင်ရွက်မယ်လို့ NUG ဝန်ကြီးက ပြောကြားလိုက်တဲ့သတင်းနဲ့
-ကရင်အပါအဝင် တိုင်းရင်းသားများအခွင့်အရေး တလက်မအလျော့မခံဆောင်ရွက်မယ်လို့ MFP ပါတီဥက္ကဋ္ဌ ထိမ်းဖိထားပြောကြားလိုက်တဲ့သတင်းတွေကို နားဆင်ရမှာပါ။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။
ဒီတပတ်အစီအစဉ်မှာတော့ နဂါးပူးတဲ့ စစ်အာဏာရှင်ခေတ်၊ ပရီဂိုရှင်သေဆုံးမှု။ လုံခြုံရေးကောင်စီ အစည်းအဝေး၊ မြန်မာ့စီးပွားရေးနဲ့ စစ်ကောင်စီရှင်းလင်းပွဲ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ် အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ကိုပြန်နိုင်ရေးနဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ NUG အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
https://burmese.dvb.no/post/611666
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ် တာဝန်ယူတာဝန်ခံဖို့ အမေရိကန်က ပြောကြားလိုက်တဲ့သတင်း
-ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့် နန့်ယား KBC ဘုရားကျောင်းမှာ ခိုလှုံနေသူ ၁၀၀ ကျော် ပေါ်တာ ဆွဲခံရတဲ့သတင်းနဲ့
-မြန်မာ့ဦးတော်လှန်ရေး နိုင်ငံတကာညီလာ ခံကျင်းပဖို့ရှိနေတဲ့သတင်းတွေ နားဆင်ရမှာပါ။
စစ်ကောင်စီက နိုင်ငံတကာငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုတွေမှာ ထိုင်းဘတ်နဲ့ ဆောင်ရွက်ခွင့်ပြုကြောင်း ဗဟိုဘဏ် ကြေညာပီးနောက်ပိုင်း ဘတ်ဝယ်စုသူတွေများပီး ကျပ်ငွေတန်ဖိုးမတည်ငြိမ်တာတွေဖြစ်နေတယ်လို့ ကုန်သည်တွေနဲ့ ငွေလဲ ဝန်ဆောင်မှုလုပ်ငန်းတွေဆီကနေ သိရပါတယ်။ ဒီသတင်းကို ဝေဝေပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးတဲ့သတင်း
-မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပံ့ပေးနေသူတွေကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ် လိုက်တဲ့သတင်းနဲ့
-ကျပ်နှစ်သောင်းတန်ငွေစက္ကူများ မသုံးစွဲကြဖို့ NUG က တားမြစ်မိန့်ထုတ်လိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ။
ကုန်ဈေးနှုန်းတက်တာ စီးပွားရေးသမားတွေကြောင့်လို စစ်ကောင်စီဝေဖန်အပြစ်တင်တဲ့အပေါ် ကုန်သည်တွေနဲ့ ပညာရှင်တွေကတော့ အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ တုံပြန်ပြောဆိုပါတယ် ၊ဒီသတင်း ကိုတော့ ဝေဝေပေးပို့ထားတာပါ။