DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak 5.5 (၂၃ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တဲ့သတင်း

    -ဒေါ်လာဈေးနဲ့ စားအုန်းဆီဈေးတွေ မြင့်တက်နေတဲ့အပေါ် ကုန်သည်တွေကို  စစ်ကောင်စီက အပြစ်တင်ပြောကြားလိုက်တဲ့သတင်းနဲ့ 

    -ကရင်ပြည်နယ် ကော့ကရိတ်မှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် တပ်သားတွေ သေဆုံး ဒဏ်ရာရသွားတဲ့သတင်းတွေ နားဆင်ရမှာပါ။

    6 min
  • DVB Newsbreak 5.5 (၂၂ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -တပ်သားသစ် ၁ ဦးကို ကျပ်သိန်း ၃၀ အထိ စျေးပေါက်နေပြီး စစ်တပ်ထဲဝင်မယ့်သူမရှိ ဖြစ်နေတဲ့သတင်း 

    -ရန်ကုန်မြို့လယ်က နောက်ဖေးလမ်းကြားဥယျာဥ်တွေ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီးနေတဲ့သတင်းနဲ့

    -ပြည်ပမှာ နှစ်ပေါင်းများစွာ တိမ်းရှောင်နေတဲ့  ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံကို ပြန်ရောက်နေတဲ့သတင်း

    6 min
  • NCA စာချုပ်၏အနှစ်သာရကို ဆက်ကိုင်ဆွဲထားပြီး အလျော့အတင်းလုပ်ကာ ဆွေးနွေးဖို့ RCSS ပြော

    NCA စာချုပ်ရဲ့ အနှစ်သာရကို ဆက်လက်ကိုင်ဆွဲထားပြီး လက်နက်ကိုင်ပြီး မဖြေရှင်းကြဘဲ အလျော့အတင်း လုပ်ကာ သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးကြဖို့ လိုတယ်လို့ RCSS က ပြောပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားတာပါ။

    6 min
  • DVB Newsbreak 5.5 (၂၁ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို မြန်မာအပါအဝင် အိမ်နီးချင်း ၄ နိုင်ငံပူးပေါင်းစစ်ဆင်ရေးလုပ်မယ့်သတင်း

    -ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ ကိုင်ဆောင်ရင် အရေးယူမယ်လို့ စစ်ကောင်စီက သတိပေးလိုက်တဲ့သတင်းနဲ့ 

    -နေပြည်တော်ရှိ မာရဝိဇယဘုရား လူစည်ကားဖို့  အမျိုးသားရေးအဖွဲ့တွေက စီစဥ်ပေးနေရတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။


    6 min
  • NCAနဲ့ ကေအန်ယူ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(20082023)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ အန်စီအေနဲ့ ကေအန်ယူ၊ တိုက်ပိတ်ရိုက်နှက်ခံနေရတဲ့ နိုင်ကျဉ်းများ၊ ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ထိုင်းနယ်စပ်စီးပွားရေးဂယက် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • H&M အပါအဝင် နာမည်ကြီးကုမ္ပဏီများ မြန်မာအလုပ်သမား၏ အခွင့်အရေး ကာကွယ်ပေးရန်လို

    H&M အပါအဝင် နာမည်ကြီး အမှတ်တံဆိပ် အဝတ်အထည်ကုမ္ပဏီတွေအနေနဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အပြည့်အဝအကာအကွယ် မပေးနိုင်ရင် မြန်မာနိုင်ငံကနေ ထွက်သွားတာ အကောင်းဆုံးပဲလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

    5 min
  • DVB Newsbreak 5.5 (၁၈ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁၈  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -စစ်ကောင်စီလက်အောက်ခံ မြန်မာဘဏ် ၂ ခုအပ်ထားတဲ့   ဒေါ်လာ ၁ သန်းကျော်အပ်ငွေတွေကို ဘင်္ဂလားဒေ့ရှ်ဘဏ်က  ပိတ်ပြီး ထိန်းချုပ်ထားလိုက်တဲ့သတင်း

    -မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ  ထက်ဝက်ကျော်အထိ ကျဆင်းသွားတဲ့ သတင်းနဲ့

    -ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ဖြစ်ေပါ်ေနတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။

    7 min
  • DVB Newsbreak 5.5 (၁၇ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁၇  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -မြန်မာနိုင်ငံက   ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ တာဝန်မယူတော့ဘူးဆိုတဲ့သတင်း 

    -မြန်မာပြည်က အထည်ချုပ်စက်ရုံတွေမှာ ဖြစ်ပွားခဲ့တဲ့ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်ပေါင်း ၂၀ ကို  H&M က  စုံစမ်းစစ်ဆေးနေတဲ့သတင်းနဲ့


    -Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဖမ်းဆီးခံရပြီး ကျောင်းချိပ်ပိတ်ခံရတဲ့ သတင်းတွေ နားဆင်ရမှာဖြစ်ပါတယ်။၊ 

    6 min
  • သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသူများ ကာယိန္ဒြေပျက်ပြားသည်အထိ ပြုမူခံရ

    သာယာ၀တီထောင်နဲ့ထောင်တချို့မှာ  နိုင်ငံရေးအကျဉ်းသူတွေကို  ကာယိန္ဒြေပျက်ပြားတဲ့အထိ ပြုမူ‌ဆက်ဆံနေတယ်လို့ ထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေက ပြောပါတယ်။ ဒီသတင်းကိုမင်းညိုကပေးပို့ထားပါတယ်။

    6 min
  • DVB Newsbreak 5.5 (၁၆ ဩဂုတ် ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁၆  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -ဖားကန်မှာ ကျောက်မျက်လုပ်ကွက် မြေပြိုကျပြီး ပျောက်ဆုံးနေသူတွေထဲက  အလောင်း ၃၃ လောင်း ရှာတွေ့တဲ့သတင်း

    -ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီတပ်က အကြမ်းဖက် သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အယောက် ၄၀ ကျော်ရှိလာတဲ့သတင်းနဲ့ 

    -ကရင် ကျောင်းအုပ်ဆရာမ နော်ဟေသီဂျူး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်ခံရတဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။

    6 min