
Sign up to save your podcasts
Or


-အာဏာရှင်စနစ်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်နဲ့ အစားထိုးပြောင်းလဲရေး စုပေါင်း ကြိုးပမ်းကြရန် NUG က တိုက်တွန်းလိုက်တဲ့သတင်း
- ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုတွေကို မြန်မာပြည်တွင်းနဲ့ ပြည်ပနိုင်ငံတွေမှာ ပြုလုပ်ခဲ့ကြတဲ့ သတင်းနဲ့
-ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ရေဘေးနဲ့ကြုံတွေ့နေတဲ့သတင်းတွေကို နားဆင်ရမှာပါ
ရှစ်လေးလုံးအရေးတော်ပုံကြီး ၃၅နှစ်ပြည့်မြောက်ခဲ့ပေမယ့် စစ်အာဏာရှင်အမြစ်ပြတ်ရေးတိုက်ပွဲကိုတော့ ခုချိန်ထိ ဆင်နွှဲနေရ ဆဲပါ။ နောက်ဆုံးတိုက်ပွဲလို့ မှတ်ယူထားကြတဲ့ ဒီနွေဉီးတော်လှန်ရေးမှာ ခေတ်အဆက်ဆက် မပြီးပြတ်ခဲ့တဲ့ ရည်မှန်းချ က်တွေအားလုံး မလွှဲမသွေရရှိလိမ့်မယ်လို့ ၈၈ မျိုးဆက်တွေက ယုံကြည်ထားကြပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါ တယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
ဗိုလ်ချုပ် ၄ ယောက် အပါအဝင် စစ်တပ်က အရာရှိ ၆၀ ကျော် အနားပေးခံရတဲ့သတင်း
ကရင်ပြည်နယ်မှာ ရေကြီးပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက် နေတဲ့သတင်း
ရခိုင် စစ်ဘေးရှောင်စခန်းတချို့ ရေနစ်မြုပ်ပြီး စစ်ဘေးရှောင်မိသားစုတွေကို နေရာ ရွေ့ပြောင်း
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။
ဒီတပတ်အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်လျှော့ပေးမှု၊ စစ်အာဏာသိမ်း သက်တမ်းထပ်တိုးမှုနဲ့ အကျဉ်းသားများပြန်လွှတ်ပေးမှု စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ကမ္ဘာ့နာမည်ကျော် အမှတ်တံဆိပ် အဝတ်အထည်ချုပ်လုပ်ငန်းတွေ မြန်မာပြည်က ထွက်ခွာပေမဲ့ အထည်ချုပ်အလုပ်သမားတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။
လတ်တလော နာမည်ကြီး အဝတ်အထည်လုပ်ငန်း Zara အမှတ်တံဆိပ် အပါအဝင် ဂျာမန် အားကစား အဝတ်အထည်ကုမ္ပဏီ Jako တို့ဟာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အထည်အော်ဒါပေးတာ ရပ်ဆိုင်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
https://burmese.dvb.no/post/608141k
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
အာဏာသိမ်း စစ်ကောင်စီက ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့သတင်း
စစ်ကောင်စီဩဇာခံ ရန်ကုန်စည်ပင်ဝန်ထမ်း ၅၀ ခန့်ကို NUG အမည်ပျက်စာရင်းသွင်း တဲ့သတင်းနဲ့
ကရင်ပြည်နယ် ဘားအံနဲ့ မြဝတီမြို့တွေမှာ ရေကြီးရေလျှံတဲ့သတင်းတွေကို နားဆင်ရမှာပါ။
ပဲခူးတိုင်း၊ မုန်းမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းနေပြီး ကျေးရွာတွေအတွင်းကို နေ့ည လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်ပြည်သူ ၆ သောင်းနီးပါးဟာ နေရပ်မပြန်ရဲ သေးပဲ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-၂ ပတ်အတွင်း လူ ၂၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး ပြည်တွင်း နေရပ်စွန့်ခွာသူ ဦးရေ ၁ ဒသမ ၉ သန်းကျော်လာတဲ့သတင်း
- စစ်ကောင်စီက တရားသူကြီးချုပ်နဲ့ ဝန်ကြီးတချို့အပါအဝင် ထိပ်ပိုင်းအရာရှိတချို့ကို အနားပေးပြီး၊ ကောင်စီသစ်ပြန်လည်ဖွဲ့စည်းတဲ့သတင်းနဲ့
- ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ကနိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှု ၈၅ ကြိမ်နဲ့ နေအိမ် ၂,၇၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တဲ့အကြောင်း နားဆင်ရမှာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့
-နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတတို့အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ဖို့ NUG တောင်းဆိုလိုက်တဲ့သတင်း
-စစ်တပ် အာဏာသိမ်းသက်တမ်းထပ်တိုးမှုအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်ကြောင်း ထုတ်ပြန်လိုက်တဲ့သတင်း
- စစ်ကောင်စီက ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ ဖွဲ့စည်းလိုက်တဲ့သတင်းတွေကို နားဆင်ရမှာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဉီးဝင်းမြင့်တို့ဟာ မတရားဖမ်းဆီး ထောင်ချခံ ထားရတာ ဖြစ်လို့ စစ်ကောင်စီက ပြစ်ဒဏ်တချို့ လျော့ပေါ့ပေးတဲ့အပေါ် ကျေးဇူးတင်စရာမရှိဘူးလို့ NUG ဘက်က တုံ့ပြန်ပါတယ်။ ဒါဟာ နိုင်ငံတကာနဲ့ လူထုအမြင် ဝေဝါးအောင်လုပ်တဲ့ နိုင်ငံရေးအမြတ်ထုတ်မှုလို့ ဝေဖန်ပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။