
Sign up to save your podcasts
Or


စစ်ကောင်စီကိုတိုက်ရိုက်လှူဒါန်းလာတဲ့ အကူအညီပစ္စည်းတွေ ဒေသခံတွေဆီမရောက်ပဲ တပ်မိသား စုတွေကိုပဲဖြန့်ဝေပေးနေတယ်လို မိုခါမုန်တိုင်းသင့် ရခိုင်ဒေသခံတွေကပြောပါတယ်။ ဒီသတင်းကို ခိုင်ပန်းနု ပေးပိုထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၆ ရက် ညနေခင်းသတင်းတွေကတော့
-အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းဖို့ စစ်ကောင်စီက စီစဉ်နေတဲ့ သတင်း
-မူဆယ်မှာ တရုတ်စစ်အရာရှိတွေက ပြည်သူ့စစ်တွေကို စစ်သင်တန်းပေးနေတဲ့သတင်း
-ကျပ် ၂ သောင်းတန်ဂယက်ကြောင့် ရန်ကုန်မှာ လောင်စာဆီဈေးတက်နေတဲ့သတင်းတွေကို နားဆင်ရမှာပါ။
ငွေစက္ကူကျပ် ၂ သောင်းတန် အသစ်ကို စစ်ကောင်စီ ဘာကြောင့်ထုတ်ဝေတာလဲ၊ ငွေစက္ကူအသစ်ထုတ်ဝေတာကြောင့် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ သိနိုင်ဖို့ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတွေကိုဝေဝေက မေးမြန်းတင်ဆက်ထားပါတယ်။
-စစ်တပ်၏အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးရသည့် မြန်မာပြည်သူ ၃၈၀၀ ကျော်အတွက် ဝမ်းနည်းကြောင်း ကန်သံရုံးထုတ်ပြန်
-နှစ်သောင်းတန် ငွေစက္ကူထုတ်မယ့်သတင်းကြောင့် ဈေးကွက် ကမောက်ကမဖြစ်ပြီး ရွှေဈေး ဒေါ်လာဈေးတွေ ခုန်တက်သွားသလို အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်းဈေးကွက်အပေါ်ပိုပြီးရိုက်ခတ်
-လုပ်ငန်းမှတ်ပုံတင်ဖို့အမိန့်ထုတ်တဲ့အတွက် တနိုင်တပိုင် အွန်လိုင်း စီးပွားရေးလုပ်သူတွေ အခက်ကြုံ
စစ်ကောင်စီနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်ရေးညီလာခံကို တက်မှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အတွင်းရေးမှူး ၂ က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ ပါတဲ့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပချင်တာကြောင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို တက်ရောက်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ မြောက်ပိုင်းအဖွဲ့တွေဘက်ကတော့ လက်ရှိ နိုင်ငံရေးအခြေအနေတွေအရ အားလုံး ပါဝင်နိုင်မှုမရှိရင် တက်ရောက်မှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့တယ်လို့ စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဆိုင်းဆုက ဒီဗွီဘီကို ပြောပါတယ်။
-ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်တွေ စစ်ကောင်စီကထုတ်ဝေဖို့ရှိနေတာကြောင့် ကျပ်ငွေ တန်ဖိုး ထပ်မံ ကျဆင်းသွားတဲ့သတင်း
-ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ ကရင်နီပြည်နယ် လွိုင်ကော်အနီး တိုက်ပွဲတွေဖြစ်ပွားတဲ့သတင်း
-စစ်ကောင်စီကျင်းပမည့် ငြိမ်းချမ်ရေးညီလာခံမတက်ဘူးလို့ ဝ နဲ့ ကိုးကန့်အပါအဝင် မြောက်ပိုင်းအဖွဲ့တွေက ငြင်းဆိုလိုက်တဲ့သတင်း
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကျောက်စိမ်း၊ သံဖြူနဲ့ မြေရှားသတ္တုတွေ တရားမဝင် တူးဖော်မှု သိသိသာသာ မြင့်တက်နေပါတယ်။
ဒါ့အပြင် ကျောက်မျက်နဲ့ သတ္တု ဥပဒေပြင်ပ တင်ပို့မှုလည်း တိုးမြင့်လာတယ်လို့ သွေးစွန်ငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ အစီအရင်ခံစာအရ သိရပါတယ်။
ပြည်ပကို အဓိက တင်ပို့မှုက ကျောက်စိမ်း၊ မြေရှား၊ ခဲမဖြူ၊ ကြေးနီ၊ နီကယ်နဲ့ ပတ္တမြားတို့ ဖြစ်ပြီး အဲဒီထဲမှာ တရုတ်နိုင်ငံကို ကျောက်မျက်နဲ့ သတ္တု တင်ပို့မှု အများဆုံး ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်နေပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်တာ အားနည်းနေတယ်လို့ သွေးစွန်ငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကရင်-ကရင်နီ-ရှမ်းနယ်စပ် ယာဒိုကျေးရွာ အနီးဝန်းကျင်မှာ ဇူလိုင် ၁၁ ရက်ကစပြီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကယန်းပြည်သစ် တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) တပ်မဟာ (၂)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။
ဒီတပတ်အစီအစဉ်မှာတော့ ၇၆ နှစ်မြောက်အာဇာနည်နေ့၊ ထိုင်းနိုင်ငံရေးသုံးသပ်ချက်၊ စစ်ဘေးသင့် ကရင်နီပြည်သူတွေအကြောင်း စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။