DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak 5.5 ( ၁ ရက် ဩဂုတ် ၂၀၂၃၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဩဂုတ် ၁  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် ၂ ဦးကို အပေါ်ပြစ်ဒဏ်လျှော့ပေးပြီး အကျဉ်းသား  ၇ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်း 

    -ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ် အေးချမ်းမှ ပြန်လည်ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့ သတင်းနဲ့ 

    -မုန်တိုင်းငယ် အရှိန်ကြောင့် လေပြင်းတိုက် ရေကြီးမြေပြိုနိုင်တဲ့ သတင်းတွေ နားဆင်ရမှာပါ


    6 min
  • စစ်ကောင်စီက ကာလုံအစည်းအဝေးခေါပြီး အရေးပေါ်ကာလ (၆)လထပ်တိုး

    စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလ (၆)လ သက်တမ်းထပ်တိုးခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ထွက် ပေါက်ပိတ်နေချိန်မှာ အာဏာကို ဒီလိုပဲ ဆက်ပြီးဆွဲဆန့်သွားဖို့ပဲရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ပြောဆိုပါတယ်။ ထက်အောင်သတင်းပေးပို့ထားပါတယ်။

    4 min
  • DVB Newsbreak 5.5 (၃၁ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -ဘားအံမြို့  သံလွင်တံတားထိပ် စစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲတဲ့သတင်း 

    -တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က ထိပ်တန်းအရာရှိသုံးယောက် ဖမ်းဆီးခံရတဲ့သတင်းနဲ့

    -မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ရေကြီးရေလျှံနေတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    6 min
  • မြန်မာပြည်သူများ နိုင်ငံတကာအကူအညီ ရမရ လေ့လာဖို့လို

    ကုလနဲ့ နိုင်ငံတကာစာနာထောက်ထားမှုဆိုင်ရာအဖွဲ့တွေဆီကအကူအညီတွေကို

    မြန်မာပြည်သူတွေ လက်ခံရယူနိုင်တာ ရှိမရှိဆိုတာကို အလှူရှင်နိုင်ငံတွေက လေ့လာမေးခွန်းထုတ်ဖို့လိုတယ်လို့NUG လူကယ်ပြန်ဝန်ကြီးက
    ပြောဆိုလိုက်ပါတယ်။

    4 min
  • ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှရွေ့ပြောင်းမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(30072023)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။

    ဒီတပတ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘယ်ရောက်နေလဲ၊ အမှတ်တရ ကိုဂျင်မီ၊ ကျပ် ၂ သောင်းတန်ဂယက်၊ ဟွန်ဆန်နဲ့ သက်ဆင်တို့ အကြောင်း စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။


    30 min
  • ပြည်တွင်းဘဏ်များတွင် ငွေအလွှဲအပြောင်းကိစ္စသာ အသုံးများနေ

    အာဏာသိမ်း စစ်ခေါင်းဆောင်က ဘဏ်တွေမှာ ငွေကြေးအပ်နှံမှုတွေ များစွာရှိနေပြီး ပုံမှန်အတိုင်း ငွေကြေး လည်ပတ်မှု ရှိနေတယ်လို့ ပြောဆိုနေပေမဲ့ လက်တွေ့မှာတော့ ဘဏ်တွေမှာ စုငွေအပ်တာထက် မဖြစ်မနေ ငွေအလွှဲအပြောင်းကိစ္စတွေမှာသာ အသုံးပြုကြတယ်လို့ ငွေလွဲလုပ်ငန်း လုပ်ဆောင်နေသူတွေက ပြောပါတယ်။

    5 min
  • DVB Newsbreak 5.5 (၂၈ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ 

    ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့

    -မြန်မာ့စီးပွားရေး ‌၄ ရာခိုင်နှုန်း တိုးတက်လာမယ်လို့  စစ်‌ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း 

    -ဘုတလင် ကျောင်းသားသမဂ္ဂရုံးကို စစ်တပ်က ဝင်စီးပြီး  ကျောင်းသားခေါင်းဆောင်  ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့သတင်း 


    -ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာ  မိုးသည်းထန်စွာရွာသွန်း၊ ရေကြီးရေလျှံပြီး နေအိမ်တွေ ရေနစ်မြုပ်နေတဲ့သတင်းတွေကို နားဆင်ရမှာပါ

    6 min
  • မြဝတီမြို့နယ်တိုက်ပွဲကြောင့် ထွက်ပြေးလာသူ ၄၀၀ ကျော်ကို ထိုင်းနယ်စပ်ဖြတ်ကျော်ခွင့်မပေး

    မြဝတီမြို့တောင်ဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၄၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော်ဝင် ရောက်ခွင့်မပေးတဲ့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင် နေရပါတယ်။

    3 min
  • စစ်ကောင်စီ ခွင့်ပြုချက်ဖြင့် မွန်နေရာဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်

    စစ်ကောင်စီ ခွင့်ပြုချက်နဲ့ မွန်ပြည်နယ် နေရာဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးလိုက်လံ ဆောင်ရွက်မှု အပေါ် မွန်လူထူအတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ မွန်ပြည်သစ်ပါတီရဲ့ လုပ်ဆောင် ချက်ဟာ စစ်ကောင်စီ လက်ကိုင်တုတ်မဖြစ်အောင်နဲ့ တော်လှန်ရေအင်အားစုတို့ကြား ပဋိပက္ခမဖြစ်ရေး အထူးသတိထားဖို့ လိုတယ်လို့ တိုင်းရင်းသားအရေးလေ့ာသူတွေ သုံးသပ်ပါတယ်။

    7 min
  • DVB Newsbreak 5.5 (၂၇ ဇူလိုင် ၂၀၂၃၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၇ ရက် ညနေခင်းသတင်းတွေကို

    တင်ဆက်ပေးပါမယ်။ 

    -ကျပ်နှစ်သောင်းတန် ငွေစက္ကူကို တရားမဝင်ငွေစက္ကူအဖြစ် သတ်မှတ်ကြောင်း

    NUGက ကြေညာလိုက်တဲ့သတင်း   

     -ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၀၀ လောက်

    အထိရှိလာတဲ့သတင်း

     -ရန်ကုန်နဲ့ မန္တလေးရှိ ရုပ်ရှင်ရုံတွေမှာ ကြည့်ရှုသူတွေ

    ပြန်လည်များပြားလာတဲ့ သတင်းတွေကို -နားဆင်ရမှာပါ။

    6 min