
Sign up to save your podcasts
Or


ထိုင်းနိုင်ငံမှာ ဇွန်လ ၁၉ ရက်က Move Forward ပါတီ ဥက္ကဋ္ဌ ဖိထားကို လွှတ်တော်အမတ် အဖြစ်ကနေ ယာယီ ရပ်စဲခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးချယ်ခွင့်ကို ထိုင်းလွှတ်တော်မှာ ပယ်ချလိုက်တဲ့ အတွက် ဖိထားကို ဝန်းရံကြတဲ့ ထိုင်းပြည်သူတွေဟာ လွှတ်တော်ရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ထိုင်းပြည်သူတွေဟာ လွှတ်တော်ရှေ့၊ အစိုးရရုံးရှေ့နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့က အထင်ကရ နေရာတွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီကာလဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကူးအပြောင်း ကာလ ဖြစ်တာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ နိုင်ငံရေး ဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေး ပြောဆိုထားပါတယ်။
အဖမ်းဆီးခံ ရွှေပြောင်းမြန်မာကလေးငယ်တွေ ပညာဆက်လက်သက်ကြားနိင်ဖို့နဲ့
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်ကို နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တွေ့ဆုံမှု ဘာလဲဘယ်လဲ၊ မြန်မာမပါတဲ့အာဆီယံအစည်းအဝေး၊ ကရင်နဲ့ကရင်နီဒေသက စစ်ပွဲတွေအကြောင်း ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မြန်မာစစ်အာဏာရှင်တွေကို အသိအမှတ်မပြုသလို ဥရောပသမဂ္ဂနဲ့ ဆက်ဆံဖို့အတွက် အာဆီယံညှိနှိုင်းရေးမှူးအဖြစ် မြန်မာနိုင်ငံက အလှည့်ကျတာဝန်ယူမှာကိုလည်း အီးယူရဲ့ မူ၀ါဒရေးရာ အကြီးအကဲက လက်မခံ ကန့်ကွက်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်ကို စစ်ကောင်စီက အာဆီယံအစည်းအဝေးမှာ ထုတ်သုံးပြီး တွေ့ဆွေးနွေးရေးလမ်းကို သွားဖို့ကြိုးစားပေမယ့် တော်လှန်ရေးဟာ ပြည်သူ့လက်ထဲမှာ သာရှိတယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။ နှစ်ခြမ်းကွဲနေတဲ့ အာဆီယံနိုင်ငံ အစုအဖွဲ့တွေဆီက မြန်မာ့အရေးအတွက် တူညီတဲ့ဆန္ဒရပ်တည်ချက် တခုတည်းထွက်လာဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဆိုကြပါတယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းအကြောင်းအရာတွေကတော့
-လေကြောင်းတိုက်ခိုက်မှု၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်ရန် မြန်မာကို အာဆီယံတောင်းဆို
-ချင်းတွင်းမြစ်နဲ့ ဥရုချောင်း ရေကြီးနေလို့ မြစ်ကမ်းဘေးနေသူတွေကို သတိပေး
-ပြည်ပပို့ကုန်ကနေရတဲ့ နိုင်ငံခြားငွေပမာဏရဲ့ တဝက်ကို သတ်မှတ်နှုန်းနဲ့ လဲလှယ်ဖို့ ဗဟိုဘဏ်က ပြင်ဆင် သတ်မှတ်လိုက်တဲ့သတင်းတွေကို နားဆင်ရမှာပါ။