
Sign up to save your podcasts
Or


မြန်မာ့အရေးနဲ့ ပက်သက်လို့ အာစီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံအဖွဲ့ရဲ့ အာရုံစိုက်မှုဆုံချက်အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှာနိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးပါတယ်။
-သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် ချမှတ်ထားတဲ့ ရဟတ်ယာဉ်အမှု အထူးအယူခံ ကြားနာတဲ့သတင်း
-ကရင်နဲ့ ကချင်ပြည်နယ်ထဲက တိုက်ပွဲသတင်းတွေနဲ့
-ငွေလဲကုမ္ပဏီ ၁၀ ခု လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံရတဲ့သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၁ ရက် ညနေခင်းသတင်း
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ NUG ကိုဖိတ်ခေါ်အသိအမှတ်ပြုလိုက်တဲ့ အရှေ့တီမော၊ ကုလလူ့အခွင့်ရေးကောင်စီနဲ့ မြန်မာ့အရေး၊ ကူရာမဲ့ နိုင်ကျဉ်းတွေအကြောင်းနဲ့ Twitter ကို ယှဉ်ပြိုင်မယ့် Threads စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ထိုင်းနိုင်ငံမှာ ဒီနှစ် ပထမ ၄ လအတွင်း ကွန်ဒိုအခန်း ဝယ်ယူမှု အများဆုံးစာရင်းမှာ မြန်မာက နံပါတ် ၁ နေရာ ရှိနေပါတယ်။ ဝယ်ယူသူတွေထဲမှာ စစ်တပ်နဲ့ ဆက်စပ် အသိုင်းအဝိုင်းက ထိပ်ဆုံးမှာရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီကနေ သိရပါတယ်။
အာဆီယံ အမွေအနှစ်ဥယျာဉ်စာရင်းဝင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်မှာနေထိုင်နေကြတဲ့ ဆင်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီလိုအပ်နေသလို CDM ဆင်ဦးစီးမိသားစုတွေအတွက်လည်း စားဝတ်နေရေး အကူအညီတွေ လိုအပ်နေပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (07 -JULY-2023)