
Sign up to save your podcasts
Or


အာဏာသိမ်းစစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆိုင်ရာသဘောတူညီချက် ၁၃ ချက် အတည်ပြု ဆွေးနွေးနိုင်ခဲ့ပြီး တိုင်းပြည်တည်ဆောက်ရေးအတွက်စဉ်းစားရင် အာဏာလက်ဝယ်ရှိသူတွေနဲ့ ဆွေးနွေးရမှာဖြစ်တယ်လို့ NCA လက်မှတ် ထိုးထားတဲ့ PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
စစ်ကောင်စီတပ်စခန်းအားလုံး ကျသွားတဲ့ ကရင်နီပြည်နယ်ရဲ့ သံလွင်မြစ်အရှေ့ဘက်အခြမ်းဟာ လွတ်မြောက်ဒေသဖြစ်သွားပြီလို့ သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီဒေသကတဆင့် တိုက်ပွဲအရှိန်အဟုန်ဟာ ဘယ်လောက်အထိ ပြင်းထန်လာနိုင်သလဲ၊ စစ်ကောင်စီရဲ့ နေပြည်တော်ဝင်ပေါက်ကရော ဘယ်လောက်အထိ ခြိမ်းခြောက်ခံနေရသလဲ စတာတွေနဲ့ပတ်သက်လို့ လေ့လာသူတွေရဲ့ အမြင်သုံး သပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (27 -JUNE-2023)
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ ရေအောက်ရှိ တိုင်တန်းနစ်သင်္ဘောပျက်ဆီသွားသူတွေ သေဆုံးခဲ့ရတာ၊ ထိုင်းမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲနဲ့ ပန်းပန်တဲ့အမျိုးသမီးတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။