
Sign up to save your podcasts
Or


ကရင်နီ (ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားအားလုံးနီးပါး လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (24 -JUNE-2023)
စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့နဲ့ မြန်မာ့ဒီမိုကရေစီအရေး အစိုးရက အဆောတလျင်အကူအညီပေးဖို့ ကနေဒါနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီပေါင်းစုံ လွှတ်တော်အမတ်တွေက ကနေဒါလွှတ်တော်မှာ ဇွန်လ ၂၂ ရက်က ပူးတွဲအဆို တင်သွင်းလိုက်ပါတယ်။
လုပ်ခလစာ တိုးတောင်းရာကနေ ဖမ်းဆီးခံရတဲ့ ဟိုစိမ့် (မြန်မာ)အထည်ချုပ်စက်ရုံက အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အီးယူ ဥရောပသမဂ္ဂသံရုံးက တောင်းဆိုလိုက်ပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (23 -JUNE-2023)
အထောက်အထားမဲ့ လုပ်သားတွေအတွက် ထိုင်းအစိုးရက ပန်းရောင်ကတ် ရိုက်ဖို့ တရားဝင် မထုတ်ပြန်သေးပေမယ့် ပွဲစား တချို့ ငွေကြိုတောင်းခံတာတွေကြောင့် ငွေကြို မပေးကြဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက သတိပေး ထားပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (21 -JUNE-2023)
ရန်ကုန်မြို့က နေအိမ်တွေမှာ အိမ်ငှားတွေအပေါ် စစ်ကောင်စီက စည်းကမ်းတင်းကျပ်လိုက်တာကြောင့် အိမ်ခန်းငှားရတာ ပိုမို ခက်ခဲသွားပြီး စိတ်ပိုင်းဆိုင်ရာ မလုံမခြုံဖြစ်နေရတယ်လို့ အိမ်ရှင်နဲ့ အိမ်ငှားတဲ့သူတွေက ပြောပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (20 -JUNE-2023)