
Sign up to save your podcasts
Or


ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲတွေကို ပြည်တွင်းနေရာအနှံ့နဲ့ ပြည်ပနိုင်ငံတွေ အများအပြားမှာ ပန်းသပိတ်နဲ့ မွေးနေ့ဆုတောင်းပွဲတွေကို ဆင်နွှဲ ကျင်းပခဲ့ကြပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်ကိုနားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဘာလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုသွားတွေ့ရခြင်းရဲ့နောက်ကွယ်၊ မိုခါမုန်တိုင်း ၁ လပြည့်သုံးသပ်ချက် စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (17 -JUNE-2023)
ရှမ်းပြည်နယ်၊ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့စခန်းချထားကာ လမ်းသွားလမ်းလာ အရပ်သားပြည်သူတွေကိုလည်း ပစ်ခတ်သတ်ဖြတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
လုပ်ခလစာ တိုးတောင်းတဲ့ အလုပ်သမား ၇ ယောက် အလုပ်ထုတ်ခံရပြီး တယောက် ဖမ်းဆီးခံ ရတဲ့ ဟိုစိမ့်မြန်မာအထည်ချုပ်ဖြစ်စဉ် အပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှုတွေကို အရေးယူပေးဖို့ အလုပ်သမားအဖွဲ့တွေက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆီ တောင်းဆိုထားပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (16 -JUNE-2023)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုအေအာင်ဆန်းစုကြည်ဟာ ရှေ့နေအဖွဲ့နဲ့တွေ့ခွင့်မရတာ ၆လနီးပါးရှိလာပြီး စစ်ကောင်စီရဲ့လုပ်ရပ်ဟာ သူတို့ရဲ့ကြောက်တရားကိုဖော်ပြနေတာဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့မွေးနေ့မှာ ဖော်ဆောင်မယ့် ပန်းသပိတ်မှာ တနိုင်ငံလုံးက ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ ဒေါက်တာတေဇာဆန်းက မေတ္တာရပ်ခံပါတယ်။