
Sign up to save your podcasts
Or


ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါပြီ။
ဒီတပတ်အစီအစဉ်မှာတော့ ပဲခူးတိုင်းနဲ့ ရန်ကုန် စစ်ရေးအခြေအနေ၊ ကနေဒါတောမီးနဲ့ ဖောက်ခွဲခံလိုက်ရလို့ ကျိုးပေါက်သွားတဲ့ ယူကရိန်းရေကာတာကြီးအကြောင်း စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (10 -JUNE-2023)
မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ တရုတ်အစိုးရတို့ မြန်မာပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ပေးဖို့ အမေရိကန် ရောက်မြန်မာတွေက ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေ အပါအဝင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ အားလုံးကို ရခိုင်ပြည်နယ်ထဲ သွားလာကူညီခွင့် စစ်ကောင်စီဘက်က ပိတ်ပင်လိုက်တယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (09-JUNE-2023)
အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ပြည်သူစစ်တွေပေါင်းပြီး ကိုးကန့်တပ်ဖွဲ့တွေရဲ့ထိန်းချုပ်ဧရိယာဘက်ကို စစ်အင်အားအများအပြား တိုးချဲ့လာတာကြောင့် တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တဲ့အခြေနေမှာ ရှိနေတယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်ကပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဝေဖန် ဆန္ဒပြသူတွေဘက်ကနေ ခုခံကာကွယ်ပေးနေတဲ့ မြန်မာနိုင်ငံက ရှေ့နေတွေဟာ စစ်အာဏာရှင်တွေရဲ့ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှု၊ တရားစွဲဆိုမှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဖမ်းဆီးခံထားရတဲ့ ရှေ့နေတချို့လည်း နှိပ်စက်ညှဉ်းပန်းခံနေရတယ်လို့ နယူးယောက်ခ်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြောလိုက်ပါတယ်။
စစ်ကောင်စီကို လက်နက်ဝယ်ယူခွင့်ပိတ်ဆို့ရေး၊ လေယာဉ်ဆီပိတ်ဆို့ရေးနဲ့ နိုင်ငံခြားငွေစီးဆင်းမှု ဖြတ်တောက်ရေးတို့အတွက် ကနေဒါလွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးတာဝန်ရှိသူကို ဒေသစံတော်ချိန် ဇွန်လ ၆ ရက်နေ့က ပြုလုပ်တဲ့ ၄၄ ကြိမ်မြောက် ကနေဒါလွှတ်တော်အစည်းအဝေးကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ပါတယ်။
ရုရှားစစ်တပ်က ယူကရိန်းကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်တပ်ကနေတဆင့် ဝယ်ယူတင်သွင်းနေတယ်ဆိုတဲ့ အာရှဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်ဝယ်ယူခွင့်ပိတ်ဆို့ရေး အနောက်နိုင်ငံတွေက ပြင်ဆင်လာကြတာပါ။
ကနေဒါလွှတ်တော် နိုင်ငံခြားရေးကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်နဲ့ အာရှဒေသတွင်းပညာရှင်တချို့ကို ဖိတ်ခေါ်ပြီး ဆွေးနွေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
"ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (08-JUNE-2023)