DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • တရုတ်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်နိုင်ရေး ကြိုးပမ်းသင့်ကြောင်း နွေဦးတော်လှန်ရေးအင်အားစုများပြော

    စစ်အာဏာရှင်တော်လှန်ရေးအောင်မြင်ဖို့အတွက်တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က အရေးပါတာကြောင့် တရုတ်နိုင်ငံအပေါ်ဆန့်ကျင်ကန့်ကွက်နေတာထက် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်အောင် ကြိုးစားဖို့လိုတယ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တစ်ချို့နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

    6 min
  • လေစီးကြောင်းပြောင်းသွားသဖြင့် ရခိုင်ကို မုန်တိုင်း ထပ်ဝင်မည့်အခြေအနေ မရှိတော့

    ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ လေစီးကြောင်း ပြောင်းသွားတာကြောင့် အထက်လေပွေလှိုင်းအနေနဲ့သာ ကုန်းတွင်းကို ဝင်ရောက်ပြီး ပထမ ခန့်မှန်းထားသလို ရခိုင်ပြည်ကို ဆိုင်ကလုန်းဝင်ရောက်မယ့် အခြေအနေ မရှိတော့ဘူးလို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

    လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်တဲ့ အခြေအနေ လျော့နည်းသွားပေမဲ့ မုတ်သုံလေ အားကောင်းလာနိုင်ကာ မိုးသက်လေပြင်းတွေတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။

    https://burmese.dvb.no/archives/597193

    5 min
  • "ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (05-JUNE-2023)

    "ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (05 -JUNE-2023)

    ဒီကနေ့ညပိုင်း နားဆင်ရမယ့် သတင်းတွေတော့

    • ရခိုင်ကို ဆိုင်ကလုန်းဝင်ရောက်မယ့် အခြေအနေ မရှိတော့ဘူးလို့ မိုးလေဝသ ပညာရှင်က ပြောကြားလိုက်တဲ့သတင်း 

    • လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေ လျော့နည်းသွားပေမဲ့ မုတ်သုံလေ အားကောင်းလာနိုင်လို့ မိုးသက်လေပြင်းအန္တရာယ်သတိပြုကြဖို့ မိုးဇလက အကြံပြုလိုက်တဲ့ သတင်း။

    • မြောက်ဦးမြို့မှာ မုန်တိုင်းသင့်ပြည်သူတွေကိုကူညီပေးနေတဲ့ ပရဟိသမားတွေ ဖမ်းဆီး စစ်ဆေးခံနေ၇တဲ့ သတင်းတွေကိုနားဆင်ရမှာပါ။ 


    • 31 min
    • မြန်မာ့တော်ဝင်နဂါးတပ်တော် ဗိုလ်နဂါးနှင့် DVB မေးမြန်းခန်း

      မြန်မာ့တော်ဝင်နဂါးတပ်တော် ဗိုလ်နဂါးကို ဒီဗွီဘီသတင်းဌာနမှ မယမင်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။
      ====================================================================

      "ကျနော်ပြောချင်တာကတော့ တရုတ်အနေနဲ့ ပြည်သူတွေနဲ့ စစ်ကောင်စီကြားထဲက ပဋိပက္ခကို နားလည်သောအားဖြင့် စစ်ကောင်စီနဲ့ ဆက်ဆံရေးကို လျှော့ချစေချင်ပါတယ်။ ပြည်သူရဲ့ကြိုးစားအားထုတ်မှုအပေါ် ပါဝင်လာတာမျိုးပဲ ဖြစ်စေချင်ပါတယ်။ ဒါက နိုင်ငံရေးမှာ မဖြစ်မနေ ပါဝင်လာရတော့မယ့် အနေအထားအတွက်ဆိုရင် ပြောတာဖြစ်ပါတယ်။ ရေရှည်မှာ တရုတ်ရဲ့အကျိုးစီးပွားအတွက် ကောင်းမွန်တဲ့ အခြေအနေတရပ် ဖြစ်စေချင်တယ်ဆိုရင်တော့ ပြည်သူအားလုံး မလိုလားတဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို လျှော့ချစေချင်ပါတယ်။ မလွှဲသာမရှောင်သာ ဆက်ဆံတာမျိုးပဲ ဖြစ်သင့်တယ်လို့မြင်ပါတယ်"

      (ဗိုလ်နဂါး)


      25 min
    • နိုလင်းဟေဇာနဲ့ မြန်မာ့အရေးသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(04JUNE2023)

      ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်ကို နားဆင်နိုင်ပါတယ်။

      ဒီတပတ်အစီအစဉ်မှာတော့ နောက်ထပ်လာဦးမယ့်မုန်တိုင်းဘေး၊ နိုလင်းဟေဇာ မြန်မာ့အရေးဘာတွေစွမ်းဆောင်နိုင်ခဲ့သလဲ၊ မြောက်ကိုရီးယားရဲ့ စပိုင်ဂြိုလ်တု စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

      30 min
    • ဝါရှင်တန်ဒီစီတရုတ်သံရုံးရှေ့ မြန်မာအရေးလှုပ်ရှားသူများ ဆန္ဒပြ

      အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ ဒေသစံတော်ချိန် ဇွန် ၂ ရက် မွန်းလွဲပိုင်းက လုပ်တဲ့ ပြည်ပရောက် မြန်မာတွေရဲ့ တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို သံရုံး တာဝန်ရှိသူတွေက တိုင်ကြားခဲ့ပေမဲ့ ဒီစီအုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဆန္ဒပြပွဲ ဆက်လုပ်ဖို့ ခွင့်ပြုခဲ့ပါတယ်။   


      4 min