DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • လူသားချင်းစာနာမှုအကူအညီများ နယ်စပ်ကနေတဆင့် ပြည်တွင်းရောက်အောင် လုပ်ဆောင်မည်

    မြန်မာပြည်သူတွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေကို နယ်စပ်ကနေတဆင့် ပြည်တွင်းထဲ ရောက်အောင် ချမှတ်ထားတဲ့ ပေါ်လစီတွေနဲ့အညီ လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်ရေး ဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက  ဩစတြေးလျနဲ့ နယူးဇီလန် ခရီးစဉ်အတွင်းမှာ ပြောဆိုပါတယ်။

    6 min
  • မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့တို့ တွေ့ဆုံမည်

    တရုတ်ကြားဝင်မှုနဲ့  မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့တို့ မိုင်းလားမှာ တွေ့ဆုံဖို့ရှိနေပါတယ်။ ဒီဆွေးနွေးပွဲဘာကြောင့်ဖြစ်လာသလဲ၊ ဘာတွေ ဆက်ဖြစ်နိုင် သလဲဆိုတာနဲ့ပတ်သက်လို့ အိမ်ရှင်မိုင်းလားအဖွဲ့နဲ့ လေ့လာသူတွေရဲ့ အမြင်သုံး သပ်ချက်တွေကို ထက်အောင်က ပြောပြပေးမှာပါ။

    4 min
  • ကျောက်ကြီးမြို့နယ်မှ စစ်ရှောင်ကလေးငယ် ၁၀,၀၀၀ နီးပါး အရေပြားရောဂါ ဖြစ်ပွားနေ

    ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ကျောက်ကြီးမြို့နယ် အတွင်းက စစ်ဘေးရှောင်ကလေးငယ် ၁၀,၀၀၀ နီးပါးဟာ နေထိုင်မကောင်းတာ၊ မိုးကာလ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတဲ့အတွက် အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

    3 min
  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတတို့ ရှေ့နေများနှင့် တွေ့ခွင့်မရ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ဟာ ရှေ့နေတွေနဲ့တွေ့ခွင့်မရဘဲ အဆက်အသွယ် လုံးဝအဖြတ်ခံထားရ တယ်လို့ အကူအညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ အကျဉ်းထောင်လက်စွဲဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဝါရင့်ရှေ့နေတယောက်က မှတ်ချက်ပေးပါတယ်။

    4 min
  • “ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (29-MAY-2023)

    ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၅  ခုနှစ်၊  နယုန်လဆန်း (၁၁ ) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၃  ခု၊ မေလ  ၂၉ ရက်၊ တနင်္လာနေ့ ညပိုင်း ဒီမိုကရက် တစ်မြန်မာ့အသံ (DVB) ရဲ့ “ချစ်သောကမ္ဘာမြေ” ရေဒီယိုအသံလွှင့် အစီအစဉ်

    31 min
  • DVB အထူးရေဒီယိုအစီအစဉ်သစ် “ချစ်သောကမ္ဘာမြေ” စတင်ထုတ်လွှင့်မည်

    ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ “ချစ်သောကမ္ဘာမြေ” ရေဒီယို

    အထူးအစီအစဉ်သစ်ကို   မေလ ၂၉ ရက် ဒီကနေ့ညပိုင်း စတင်ထုတ်လွှင့်ပေးတော့မှာ
    ဖြစ်ပါတယ်။

    ဒီအစီအစဉ်သစ်မှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့သတင်းတွေ၊

    ပြန်လည်ထူထောင်ရေး၊ ကူညီကယ်ဆယ်ရေးနဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့
    သတင်းအချက်အလက်တွေ၊ မုန်တိုင်းသင့်ဒေသက ပြည်သူတွေရဲ့ အသံတွေ၊ ရာသီဥတု၊
    သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေ၊
    ဆက်သွယ်မေးမြန်းချက်တွေကို ဒီဗွီဘီဝိုင်းတော်သားတွေက
    ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

    ဒီအစီအစဉ်သစ်နဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာနရဲ့ အယ်ဒီတာချုပ်
    ဦးအေးချမ်းနိုင်က “ မြန်မာနိုင်ငံမှာ အခုလို
    သဘာဝဘေးကပ်ဆိုးကျရောက်နေတဲ့အချိန် အရေးပေါ်အကူအညီ ရရှိရေးအတွက်
    သတင်းအချက်အလက်တွေကို ကျနော်တို့ အတတ်နိုင်ဆုံး ရှာဖွေ
    တင်ဆက်ပေးသွားမှာပါ”လို့ ပြောပါတယ်။ 

    ဒီအစီအစဉ်ကို မြန်မာစံတော်ချိန် ည ၇ နာရီကနေ ၇ နာရီခွဲ အထိ လှိုင်းတို ၁၃  မီတာ၊ ကီလိုဟာ့ဇ်  ၂၁၈၄၀  ကနေ ဖမ်းယူနားဆင်နိုင်ပါတယ်။

    ဒါ့အပြင်  ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)ရဲ့ အင်တာနက်စာမျက်နှာ ဝက်ဆိုက် http://burmese.dvb.no ၊  DVB News PODCAST ချန်နယ် https://podcasters.spotify.com/pod/show/DVBNEWS ၊  DVB TV News Facebook လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/DVBTVNews တွေကနေ တဆင့်လည်း နားဆင်နိုင်မှာဖြစ်ပါတယ်။

    https://burmese.dvb.no/archives/595991

    1 min
  • မြန်မာနိုင်ငံ၌ ခြောက်သွေ့စိုက်ဆင်းလေပြင်းများအန္တရာယ် သတိထားရန်လို

    မြန်မာနိုင်ငံမှာ အနောက်တောင် မုတ်သုံလေ ဝင်ရောက်ပြီးနောက် မိုးတိမ်တောင် ဖြစ်ပေါ်မှုနဲ့အတူ ခြောက်သွေ့ စိုက်ဆင်းလေပြင်းကိုလည်း သတိထားဖို့လိုတယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

    https://burmese.dvb.no/archives/595755

    4 min