
Sign up to save your podcasts
Or


ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ မြန်မာပြည်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ မလွတ်လပ်တဲ့ ရွေးကောက်ပွဲ၊ TNLA လက်လွှတ်ခဲ့တဲ့ မိုးကုတ်ကို တော်လှန်ရေးတပ်တွေဆက်ထိန်းနိုင်မလား၊ နယူးယောက်မြို့တော်ဝန်သစ် မမ်ဒါနီ စတာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေနဲ့အတူ Access Now အဖွဲ့မှ မဝေဖြိုးမြင့်တို့က ပါဝင်ဆွေးနွေးပေးထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ရွေးကောက်ပွဲဝါဒဖြန့်ကမ်ပိန်းမှာ မပါဝင်လို့ သရုပ်ဆောင် ဖွေးဖွေးကို စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့သတင်း
-မိုးကုတ်မြို့က ပြည်သူတွေ သံပုံးတီးပြီး စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့သတင်းနဲ့
-ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်းခွဲခံရပြီး ရထားတိမ်းမှောက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-မြန်မာရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်စရာမရှိဘူးလို့ နယူးဇီလန်လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့သတင်း
-စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင် ထောင်ဒဏ် ၅ နှစ်အထိ ချခံရမယ်လို့ ချင်းပြည်ကောင်စီက သတိပေးလိုက်တဲ့သတင်းနဲ့
-မိုးကုတ်ကျောက်တွင်းမှာ မြေပြိုပြီး ၃ ဦးပိတ်မိနေတဲ့သတင်းတွေနားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-မြန်မာရွေးကောက်ပွဲရလဒ်က လူထုဆန္ဒ ထင်ဟပ်စေရမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့သတင်း
-ကိုးကန့် ငွေလိမ် ရာဇဝတ်ဂိုဏ်းဝင် ၅ ယောက်ကို တရုတ်က သေဒဏ်ပေးလိုက်တဲ့သတင်းနဲ့
-ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာမှာ မိုးအဆက်မပြတ်ရွာပြီး စပါးခင်းတွေ ပျက်စီးကုန်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးဖို့ ပြင်သစ်သမ္မတ တောင်းဆိုလိုက်တဲ့သတင်း
-ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်အနည်းဆုံး ၅ ဦးသေဆုံးသွားတဲ့ သတင်းနဲ့
-စတိတ်စင်ပေါ်ကနေ ညစ်ညမ်းစကားလုံးတွေပြောဆို ဆဲရေးတိုင်းထွာခဲ့တဲ့ ရက်ပါအဆိုတော်ကို ဖမ်းဆီးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-တောင်ကြီး တန်ဆောင်တိုင်မှာ လူသိန်းချီလာရောက်ပြီး လူပိ မူးလဲလို့ ဒဏ်ရာရသူတွေရှိနေ
-ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တဲကို စစ်တပ်က ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၃ ဦး ဒဏ်ရာရသွားတဲ့သတင်းနဲ့
-အူရီဒူးမြန်မာ- ပက်စီကုမ္ပဏီနဲ့ အလုပ်သမားအချို့ အကြား ပြေလည်မှုရပြီး အမှုပြန်ရုပ်သိမ်းလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ အာဆီယံဟာ စက္ကူကျားပဲလား၊ ရွေးကောက်ပွဲအတုမှာ ပြည်သူတွေ မပါဝင် မပတ်သက်ရေး၊ စစ်တပ်ဝါဒဖြန့် သရုပ်ဆောင်များနှင့် လူမှုရေးပြစ်ဒဏ်၊ ထရမ့်ပ်နဲ့ ရှီကျင့်ဖျင် ဘာတွေသဘောတူညီခဲ့ကြသလဲ စတာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေနဲ့အတူ "A Time With Kyaw Kyaw Thein" YouTube Channel အစီအစဉ်တင်ဆက်သူ ဦးကျော်ကျော်သိန်းတို့က ပါဝင် ဆွေးနွေးပေးထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ရွေးကောက်ပွဲဝါဒဖြန့်ရာမှာ မပါဝင်ဘဲ ငြင်းဆန်တဲ့ အနုပညာရှင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်လိုက်တဲ့သတင်း
-No Fly Zone သတ်မှတ်ပေးဖို့ ကိုရီးယားရောက်မြန်မာတွေကို သမ္မတထရမ့်ပ်ထံ အိတ်ဖွင့်ပေးစာပို့တောင်းဆိုလိုက်တဲ့သတင်းနဲ့
ကျောက်ဖြူနဲ့ ပုဏ္ဏားကျွန်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-စစ်တပ်ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားကို ဝေဖန်ခဲ့တဲ့ ဒါရိုက်တာ မိုက်တီး အပါအဝင် ၃ ဦး ဖမ်းဆီးခံရတဲ့သတင်း
-မိုးကုတ်နဲ့ မိုးမိတ်မြို့ကို TNLA လက်လွှတ်ပြီး စစ်ကောင်စီနဲ့ အပစ်ရပ်လိုက်တဲ့သတင်းနဲ့
-ဗန်းမောက်မြို့နယ်နဲ့ ၊ ကသာမြို့နယ်ကို စစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရန် ဒေသတွင်းနိုင်ငံများကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း
မြန်မာလူထုဆန္ဒကို လေးစားရန်နှင့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် NLD တောင်းဆို
ရခိုင်ရေပိုင်နက်ထဲ ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီးလိုက်တဲ့သတင်းတွေ နားဆင်ရပါမယ် ။