
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂ အကြီးအကဲက တောင်းဆိုလိုက်တဲ့ သတင်း
-ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းတိုနဲ့ သရုပ်ဆောင်တွေ အပြင်းအထန် ဝေဖန်ခံနေရတဲ့ သတင်းနဲ့
-တောင်ကြီးမှာ မီးရှူးမီးပန်းလုပ်ရာက ပေါက်ကွဲမှုဖြစ်ပြီး တယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးခဲ့ရတဲ့သတင်း
-မြင်းခြံအကျဉ်းထောင်မှာ ဆေးကုသခွင့် အလုံအလောက်မရလို့ နိုင်ငံရေးအကျဉ်းသား တယောက် ကွယ်လွန်သွားတဲ့သတင်းနဲ့
-ရွေးကောက်ပွဲအသုံးစရိတ်တွေကို စစ်ကောင်စီလက်အောက်ခံကော်မရှင်က တိုးမြှင့်ပြင်ဆင် သတ်မှတ်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
- မြန်မာစစ်တပ်ရဲ့ ဓာတုလက်နက် အသုံးပြုမှု စောင့်ကြည့်အရေးယူဖို့ မြန်မာသံအမတ်ကြီးက တောင်းဆိုလိုက်တဲ့ သတင်း
- ရွှေကုက္ကိုလ် ကျားဖြန့်ခေါင်းဆောင် ရှီကျိကျန်းကို ထိုင်းက တရုတ်နိုင်ငံကို လွှဲပေးဖို့ပြင်နေတဲ့ သတင်းနဲ့
- ဖားကန့် မြေစာပုံပြိုကျပြီး ရေမဆေးကျောက်သမား ၂ ယောက် သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-မြန်မာစစ်ခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးမတက်ဘူးလို့ မလေးရှားဝန်ကြီးချုပ်က အတည်ပြု ပြောလိုက်တဲ့သတင်း
-ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD-CEC တချို့ တွေ့ခွင့်ရတဲ့ သတင်းမဟုတ်မှန်တဲ့သတင်းနဲ့
-မြန်မာပြည်တွင်အသုံးပြုနေတဲ့ Starlink အလုံး ၂၅၀၀ ကျော် အပိတ်ခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းတခုကို စစ်တပ်ဝင်စီးလို့ တရုတ်နိုင်ငံသားတွေ ထွက်ပြေးသွားတဲ့သတင်း
-နယ်စပ်ဖြတ်ကျော် ရာဇတ်မှုတွေရဲ့ အဓိကလက်သည်တရားခံ မြန်မာစစ်အုပ်စုကို အရေးယူဖို့ အာဆီယံကို တောင်းဆိုလိုက်တဲ့သတင်းနဲ့
-နာဂဒေသကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲမှုလို့ ကလေးငယ်အပါအဝင် ၂ ဦး သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-အလုပ်သမားအရေးလှုပ်ရှားတဲ့ ဒေါ်မျိုးမျိုးအေးနဲ့ ကိုသက်နှင်းအောင်တို့ ပြန်လွတ်လာတဲ့သတင်း
-ဦးကိုကိုကြီးနဲ့ ဒေါ်စန္ဒာမင်းတို့ ရန်ကုန်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ပြိုင်မယ့် သတင်းနဲ့
-မိုင်းငေါ့မြို့ကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ရွေးကောက်ပွဲ နီးလာချိန် တပ်မိသားစုတွေ လုံခြုံရေးအထူးဂရုစိုက်ဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းလိုက်တဲ့သတင်း
-TNLA ထိန်းချုပ်မြို့တွေကို စစ်တပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတဲ့သတင်းနဲ့
-အွန်လိုင်းလောင်းကစားရုံကို စစ်တပ်က ဝင်စီးပြီး တရုတ် ၁၅ ယောက်ကို ဖမ်းဆီးလွှဲပေးခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာ ပြည်သူကို ရက်ရက်စက်စက်သတ်ဖြတ်နေတာ အာဏာရှင်တွေရဲ့ စိတ်ရောဂါလား၊ မြန်မာရွေးကောက်ပွဲနဲ့ အာဆီယံ၊ NCA ၁၀ နှစ်ပြည့်ပွဲ၊ ဂါဇာစစ်ပွဲပြီးသွားပြီလား ၊ ဗင်နီဇွဲလားနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်စတာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေနဲ့အတူ ဒေါက်တာမိုး (ဆေး ၂ ) နဲ့ NUCC အဖွဲ့ဝင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးတို့က ပါဝင် ဆွေးနွေး ပေးထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားပယ်ချဖို့ အာဆီယံကို မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီက တောင်းဆိုလိုက်တဲ့သတင်း
-စစ်တပ် အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရပ်တန့်နေလို့ SSA- RCSS က ကြေညာလိုက်တဲ့သတင်းနဲ့
-သီပေါမြို့ထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ အောက်တိုဘာ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီပေးမယ်လို့ တရုတ်ကိုယ်စားလှယ်က ပြောလိုက်တဲ့ သတင်း
-ဟားခါးရဲစခန်းကို ချင်းကာကွယ်ရေးတပ်က တိုက်ခိုက်ပြီး အကျဉ်းသားတွေ ကယ်ထုတ်ခဲ့တဲ့ သတင်းနဲ့
-ကျားဖြန့်ဆက်နွှယ်သံသယနဲ့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၅၇,၀၀၀ ကျော်အထိရှိလာပြီဆိုတဲ့ သတင်းတွေ နားဆင်ကြရမှာပါ