
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-စစ်ကောင်စီကို အပြင်းထန်ဆုံးပုဒ်မနဲ့ အရေးယူဖို့ ILO က ဆုံးဖြတ်လိုက်တဲ့သတင်း
-EU က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ရန်ပုံငွေ ယူရို ၅ သန်း WFP မှတဆင့် ပေးအပ်လိုက်တဲ့သတင်းနဲ့
-စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် တလအတွင်း အမျိုးသမီး ၉၀ ကျော် သေဆုံးခဲ့ရတဲ့သတင်း တွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-မြန်မာအပါအဝင် ၁၂ နိုင်ငံမှ နိုင်ငံသားတွေကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့သတင်း
-တရုတ်နိုင်ငံသားတွေ မန္တလေးတိုင်းရှိ မြို့နယ်တချို့ကိုမသွားကြဖို့ သတိပေးထုတ်ပြန်လိုက်တဲ့ သတင်းနဲ့
-ငလျင်ဘေးသင့်ပြည်သူတွေအတွက် ဥရောပသမဂ္ဂ (EU) က ရန်ပုံငွေ ယူရို ၅ သန်းကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကတဆင့် ပေးအပ်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-ဘတ်ဂျက်အခြေအနေကြောင့် မဲဆန္ဒနယ် ၉၀ လောက်မှာသာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှိတဲ့သတင်း
-သေ့ဘောဘိုးစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်း
-စစ်ကောင်စီလေတပ်က ဆေးရုံနဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်နေတဲ့ သတင်း
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာသစ် ၁၇ ယောက် ထပ်တွေ့တဲ့သတင်း
-အပစ်ရပ်ကာလ ၁ လ သက်တမ်း ထပ်တိုးကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ က ကြေညာလိုက်တဲ့သတင်းနဲ့
-ထိုင်းတောင်ပိုင်းမှာ နစ်မြုပ်သွားတဲ့ မြန်မာကုန်သင်္ဘော နစ်မြုပ်သွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-ကချင်ပြည်နယ်မှာ မိုးကြီးရေလျှံလို့ ဒေသခံတွေ ရွေ့ပြောင်းနေကြရတဲ့သတင်း
-SSPP နဲ့ တိုက်ပွဲဖြစ်ပြီး MNDAA တပ်သား ၈ ယောက် ကျဆုံးသွားတဲ့သတင်း
-အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်ခါနီးမှာ သပိတ်ကျင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတဲ့သတင်းတွေ နားဆင်ရမှာပါ ။
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာ မြန်မာ့အရေးနဲ့ အာဆီယံထိပ်သီးအစည်းအဝေး၊ တဖြုတ်ဖြုတ်ကျရှုံးနေတဲ့ ကရင်ပြည်နယ်ထဲက တပ်စခန်းတွေ၊ ပြည်ပကျောင်းသားတွေကို ဗီဇာပိတ်ပင်မှုနဲ့ အမေရိကန်တက္ကသိုလ်ပညာရေး စတာတွေကို DVB ဝိုင်းတော်သားတွေက ဆွေးနွေး တင်ဆက်ပေးထားပါတယ်။
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို တဝက်ခွဲရောင်းချဖို့ ဦးအောင်ဆန်းဦးရဲ့ တရားရုံးကို လျှောက်ထားချက်ဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘဲ အစဉ်အလာမရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ အမွေဆိုင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ် တည်ရှိရာ ခြံဝင်းကို တဝက်ခွဲပြီး ရောင်းချဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက မေ ၂၉ ရက်က ကမာရွတ်ခရိုင်တရားရုံးကို လျှောက်ထားခဲ့တာပါ။
https://burmese.dvb.no/post/707513
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-ငလျင်ဘေးအလှူငွေ ကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်ထပ်မံ ရရှိခဲ့တဲ့သတင်း
-တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို တဝက်ခွဲရောင်းချဖို့ ဦးအောင်ဆန်းဦးက တရားရုံးကို လျှောက်ထားလိုက်တဲ့သတင်းနဲ့
-ကျောက်ဖြူမှာရှိတဲ့ နှင်းဖဲတောင်စခန်းကို AA တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်း
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-မုန်တိုင်းငယ် မြန်မာပြည်ဘက်သို့ ဦးတည်မယ့်အခြေအနေ မရှိပေမဲ့ မိုးကြီး ရေလျှံသတိပေးထားတဲ့သတင်း
-ဖားကန့် လုံးခင်းမှာ စစ်တပ်ကပစ်ခတ်လို့ အရပ်သား ၇ ယောက် သေဆုံးသွားတဲ့သတင်းနဲ့
-AA ထိန်းချုပ်နယ်မြေတွေမှာ ငှက်ဖျားရောဂါနဲ့ သေဆုံးမှုရှိလာတဲ့ သတင်းတွေ နားဆင်ကြရမှာ ပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-မြန်မာအရပ်သားပြည်သူတွေ ဘေးကင်းရေး အကြမ်းဖက်မှုရန်တန့်ဖို့ အာဆီယံက တောင်းဆိုလိုက်တဲ့သတင်း
-လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်ဖြစ်နိုင်တဲ့သတင်းနဲ့
-‘ဝ’ဒေသ မူးယစ်ဆေးပြဿနာ မဖြေရှင်းနိုင်ပါက ဝင်ရောက်နှိမ်နင်းမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ