DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခိုက်မှု၊၊ (WeeklyNewsDigest 18052025)

    ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ အိုးတိန်တွင်းရွာစာသင်ကြောင်း လေကြောင်းတိုက်ခိုက်ခံရမှု၊ ဗုံးကြဲမှုဒဏ်အပြင်းအထန်ခံနေရတဲ့ ရခိုင်ပြည်သူတွေ၊ ဒေါ်နယ်ထရမ့်ရဲ့ အာရပ်ခရီးနဲ့ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။



    27 min
  • အိုးတိန်တွင်းရွာလေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် တပ်ထောက်ခံသူများ သတင်းမှားဖြန့်ဝေနေ

    ဒီပဲယင်း၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် တပ်ထောက်ခံသူတွေက သတင်းအမှားတွေဖြန့်ဝေတာကို အစုလိုက်အဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ စောင့်ကြည့်တဲ့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။ ဝေဝေ သတင်းပေးပို့ထားပါတယ်။

    5 min
  • DVB Newsbreak (မေလ ၁၆ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

    DVB Newsbreak (မေလ ၁၆ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- 

    -အိုးတိန်တွင်းကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို ဩစတြေးလျနိုင်ငံက ရှုတ်ချလိုက်တဲ့သတင်း 

    -ရခိုင်မှာ စစ်တပ်က ၃ ရက်ဆက်တိုက် ဗုံးကြဲနေလို့ ကျောက်တော်မြို့ခံ သောင်းချီ ထွက်ပြေးနေရတဲ့သတင်းနဲ့ 

    -ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ဆုတောင်း စုစုပေါင်း ၈၀,၀၀၀ စုဆောင်းပြီး ကမ္ဘာ့စံချိန်တင်ဖို့ရှိနေတဲ့သတင်း 

    6 min
  • DVB Newsbreak (မေလ ၁၅ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- 

    -စစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက အရေးယူပေးဖို့  NLD က တောင်းဆိုလိုက်တဲ့သတင်း 

    -လုပ်ခလစာတိုးမြှင့်ရေး ချန်းရီဖိနပ်စက်ရုံက အလုပ်သမား ၆၀၀၀ ကျော်ဆန္ဒပြနေတဲ့သတင်းနဲ့ 

    -KIO/KIA ဥက္ကဋ္ဌဟောင်း ဦးလညော်ဇောင်းဟရား ကွယ်လွန်သွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak (မေလ ၁၄ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့- 

    -ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ  ဒဏ်ရာရ ကလေးငယ် ၂ ဦးထပ်မံ သေဆုံး သွားပြီး  သေဆုံးသူ ၂၄ ယောက်အထိ ရှိလာတဲ့သတင်း 

    -မိုးကုတ်နဲ့ နောင်ချိုမှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ပြည်သူလူထု နေအိမ်တွေ ပျက်စီးသွားတဲ့ သတင်းနဲ့

    - နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂ ယောက်  AA ပစ်ခတ်မှုကြောင့် ဒဏ်ရာရ သွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak (မေလ ၁၃ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-  

    -ဒီပဲယင်းစာသင်ကျောင်း လေကြောင်းဗုံးကြဲခံရမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးက ပြောလိုက်တဲ့သတင်း 

    -ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတဲ့သတင်းနဲ့  

    -ငလျင်ကြောင့် ပြိုကျခဲ့တဲ့ သာသနိကအဆောက်အအုံတွေ ပြန်ဆောက်ဖို့ အကူအညီ လိုအပ်နေတဲ့သတင်း  

    6 min
  • DVB-Radio ( မေလ ၁၂ ရက် ညပိုင်း၊ ငလျင်သဘာဝဘေး  ရေဒီယို အထူးအစီအစဉ်)

    ငလျင်သဘာဝဘေးနဲ့ ပတ်သက်ပြီး ထုတ်လွှင့်ပေးနေတဲ့ DVB ရဲ့ ရေဒီယိုအသံလွှင့် အထူး အစီအစဉ်ကို မြန်မာစံတော်ချိန် မနက်  ( ၇ နာရီခွဲကနေ ၈ နာရီ) အထိလှိုင်းတို ၃၁  မီတာ၊ ကီလိုဟာ့ဇ် ၉၄၃၀ ကနေတကြိမ်   ည (၇နာရီခွဲ) ကနေ ( ၈ နာရီ ) အထိ  လှိုင်းတို ၁၆  မီတာ၊  ကီလိုဟာ့ဇ် ၁၇၅၀၀ ကနေ တကြိမ် တနေ့ ၂ ကြိမ် ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်။

    30 min
  • DVB Newsbreak (မေလ ၁၂ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မေလ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-  

    -ဒီပဲယင်းရှိ NUG စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်များ အပါအဝင် ၁၉ ဦး သေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရသွားတဲ့သတင်း

    -မန္တလေးက ငလျင်ဒဏ်သင့် အဆောက်အအုံတွေ အမြန်ဆုံးရှင်းလင်းပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်တဲ့သတင်းနဲ့ 

    -အင်းစိန်မြို့နယ်မှာ  တရုတ်နိုင်ငံသား အထည်ချုပ်စက်ရုံပိုင်ရှင် ၁ ဦး ဖမ်းဆီး တရားစွဲခံရတဲ့ သတင်းတွေ နားဆင်ရမှာပါ

    6 min
  • ပုပ်ရဟန်းမင်းကြီး လီယို- ၁၄ ၊ (WeeklyNewsDigest 12052025)

    ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ စစ်ခေါင်းဆောင်ရဲ့ မော်စကိုခရီး၊ ပုပ်ရဟန်းမင်းကြီး လီယို- ၁၄ ၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ၊ အိန္ဒိယ-ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှု စတာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။



    27 min
  • DVB-Radio ( မေလ ၁၂ ရက် မနက်ပိုင်း၊ ငလျင်သဘာဝဘေး  ရေဒီယို အထူးအစီအစဉ်)



    ငလျင်သဘာဝဘေးနဲ့ ပတ်သက်ပြီး ထုတ်လွှင့်ပေးနေတဲ့ DVB ရဲ့ ရေဒီယိုအသံလွှင့် အထူး အစီအစဉ်ကို မြန်မာစံတော်ချိန် မနက်  ( ၇ နာရီခွဲကနေ ၈ နာရီ) အထိလှိုင်းတို ၃၁  မီတာ၊ ကီလိုဟာ့ဇ် ၉၄၃၀ ကနေတကြိမ်   ည (၇နာရီခွဲ) ကနေ ( ၈ နာရီ ) အထိ  လှိုင်းတို ၁၆  မီတာ၊  ကီလိုဟာ့ဇ် ၁၇၅၀၀ ကနေ တကြိမ် တနေ့ ၂ ကြိမ် ထုတ်လွှင့်ပေးနေပါတယ်။ မနက်ဖန်မှာလည်း ဆက်လက် ထုတ်လွှင့်ပေးဦးမှာမို့  စောင့်မျှော် နားဆင်နိုင်ပါတယ်။

    31 min