
Sign up to save your podcasts
Or


DVB-Radio ( ဧပြီ ၂၄ ရက် မနက်၊ ငလျင်သဘာဝဘေး အထူးရေဒီယိုအစီအစဉ်)
DVB ရဲ့ရေဒီယိုအသံလွှင့် အစီအစဉ်ကို မြန်မာစံတော်ချိန် မနက် ( ၇ နာရီခွဲကနေ ၈ နာရီ) အထိလှိုင်းတို ၃၁ မီတာ၊ ကီလိုဟာ့ဇ် ၉၄၃၀ ကနေတကြိမ်ထုတ်လွှင့်ပေးနေသလို ည (၇နာရီခွဲ) ကနေ ( ၈ နာရီ ) အထိလည်း လှိုင်းတို ၁၆ မီတာ၊ ကီလိုဟာ့ဇ် ၁၇၅၀၀ ကနေ တကြိမ် ထုတ်လွှင့်ပေးနေပါတယ်။ မနက်ဖန်မှာလည်း ဆက်လက် ထုတ်လွှင့်ပေးဦးမှာမို့ စောင့်မျှော် နားဆင်နိုင်ပါတယ်။
DVB Newsbreak ( ဧပြီ ၂၃ ရက် ၂၀၂၅၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
- အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ မြန်မာစစ်အုပ်စုကို အမေရိကန်-အာဆီယံဆွေးနွေးပွဲမှာ တောင်းဆိုလိုက်တဲ့သတင်း
-မြန်မာမှာ အင်အားပြင်းငလျင်လှုပ်ခဲ့ပေမဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်း ရုရှား ဆက်လုပ်မယ့်သတင်းနဲ့
-မြန်မာ့ပြည်တွင်းရေး တရုတ်စွက်ဖက်မှုကြောင့် ပြည်တွင်းစစ်မီး ပိုတောက်လောင်စေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-PDF တွေအင်အားကြီးမားလာပြီး သတိထားကြဖို့ ဒုစစ်ခေါင်းဆောင်က ပြောလိုက်တဲ့သတင်း
-တောင်ခမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ပါဗုံးနဲ့ ကြဲချတိုက်ခိုက်တဲ့သတင်းနဲ့
-ငလျင်ကြောင့် အဖြေလွှာတွေ မီးလောင်သွားတဲ့ ကျောင်းတွေ ဇွန် ၁၆ ရက် စာမေး ပွဲပြန်ဖြေရမယ့် သတင်းတွေနားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ငလျင်ဘေးသင့် မြန်မာပြည်သူတွေ သန့်ရှင်းတဲ့ရေ အရေးပေါ် အကူအညီလိုအပ်နေတဲ့သတင်း
-လားရှိုးကိစ္စနဲ့ပတ်သက်ပြီး တရုတ်မကောင်းကြောင်း မပြောဖို့ စစ်ခေါင်းဆောင်က သတိပေးလိုက်တဲ့သတင်းနဲ့
-ဘီးလင်းမှာ စစ်တပ်က ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ သံဃာတော်တွေနဲ့ ပြည်သူတွေ သေဆုံး ဒဏ်ရာရခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ။
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်နဲ့ NUG တို့ကိုတွေ့ဆုံမှု၊ ငလျင်ကြောင့်ပျက်စီးသွားတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ၊ မြန်မာ့ကူးပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ တရုတ်သမ္မတရဲ့ အာဆီယံဒေသတွင်းခရီးစဉ်စတဲ့အကြောင်းတွေကို အထူးဖိတ်ကြားထားတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာနက CDM ညွှန်ကြားရေးမှူး ဒေါက်တာထားထားပါနဲ့အတူ DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။
မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင်နဲ့ ဘန်ကောက်မှာတွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကို အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ မလေးရှားသံရုံးတာဝန်ရှိသူတွေထံ ပေးအပ်လိုက်ပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-မလေးရှားဝန်ကြီးချုပ်က မြန်မာစစ်ခေါင်းဆောင်နဲ့ရော NUG ဝန်ကြီးချုပ်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့သတင်း
-မကွေးအကျဉ်းထောင်တွင် ပစ်ခတ်မှုကြောင့် နိုင်ငံအရေး အကျဉ်းသား ၂ ယောက် သေဆုံးသွားတဲ့ သတင်းနဲ့
-လားရှိုးကို စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေ စတင်ဝင်ရောက်လာတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-လူသားစာနာမှု အကူအညီတွေကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးချနေတယ်လို့ NUG က ပြောလိုက်တဲ့သတင်း
-မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသား ၄,၉၀၀ လောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါလာတဲ့သတင်းနဲ့
-မန္တလေးနဲ့ နေပြည်တော်မှာ ငလျင်တွေ ထပ်လှုပ်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( ဧပြီ ၁၆ ရက် ၂၀၂၅၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-စစ်ခေါင်းဆောင်နဲ့ တဖက်သတ်ဆက်ဆံရေးလုပ်နေတဲ့ အာဆီယံကို တော်လှန်ရေးအဖွဲ့တွေက သတိပေးလိုက်တဲ့သတင်း
-မန္တလေးမှာ မိုးရွာသွန်းပြီး ငလျင်ဒဏ်ခံရတဲ့ အထပ်မြင့် တိုက် ၂ လုံးပြိုကျသွားတဲ့သတင်း
-၁၈ မိုင် စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-အပစ်ရပ်ကာလ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို နိုင်ငံတကာက စောင့်ကြည့်ဖို့ NUG အစိုးရက တိုက်တွန်းလိုက်တဲ့သတင်း
-ကော့ကရိတ်နဲ့ အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက် သေဆုံးသွားတဲ့ သတင်းနဲ့
-မီးလောင်သွားတဲ့ ၁၀ တန်း စာမေးပွဲအဖြေလွှာတွေကို ပြန်ဖြေခိုင်းတဲ့အပေါ် ဗကသများအဖွဲ့ချုပ်က ကန့်ကွက်လိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ