DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak ( ဧပြီ ၁၄ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၄  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -  

    -ငလျင်ဘေးကြောင့် မန္တလေးသင်္ကြန်ကျင်းပနိုင်ခြင်းမရှိတဲ့သတင်း 

    -မြန်မာစစ်ခေါင်းဆောင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ဘန်ကောက်မှာ  တွေ့ဆုံဆွေးနွေးဖို့ ရှိတဲ့သတင်းနဲ့ 

    ကိုရီးယား ဂါချွန်တက္ကသိုလ်က ငလျင်ဘေးသင့် မြန်မာကျောင်းသားတွေ ကို ငွေကြေးထောက်ပံ့မယ့် သတင်းတွေနားဆင်ကြရမှာပါ

    6 min
  • ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ စိတ်ဒဏ်ရာ ဘယ်လိုကုစားမလဲ၊ ၊ (WeeklyNewsDigest 13042025)

    ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ စိတ်ဒဏ်ရာ ဘယ်လိုကုစားမလဲ၊ ငလျင်ဘေးအလွန် ကူးစက်ရောဂါတွေ၊ အင်းတော်-ဖလမ်းမြို့သိမ်းတိုက်ပွဲနဲ့ အမေရိကန်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်ဂယက် စတဲ့အကြောင်းတွေကို DVB ဝိုင်းတော်သားတွေနဲ့အတူ စိတ်ပညာအထူးပြု မဟာတန်းတက်ရောက်လေ့လာနေတဲ့ ဒေါက်တာမိုး (ဆေး၂ )တို့က ပါဝင်ဆွေးနွေးတင်ဆက်ပေးထားပါတယ်။



    27 min
  • ပျော်ဘွယ်၊ သဲတောနှင့် ဝမ်းတွင်းတွင် ငလျင်ထပ်လှုပ်၊ ပြန်လည်ထူထောင်ရေး မစနိုင်သေး

    အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ အခုရက်ပိုင်း ငလျင်တွေ ထပ်မံလှုပ်ခတ်နေတာကြောင့် ပြန်လည်ထူထောင်ရေး မလုပ်ဆောင်နိုင်သေးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ 

    https://burmese.dvb.no/post/700444

    2 min
  • DVB Newsbreak ( ဧပြီ ၁၁ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -  

    -မြန်မာပြည်သူတွေ မျှော်လင့်ချက်ကို လက်မလွှတ်ကြဖို့ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်တဲ့သတင်း

    -ချင်းပြည်နယ်မှာ စစ်တပ်ကဗုံးကြဲလို့  ကလေးတွေအပါအဝင် ၁၂ ယောက် သေဆုံးသွားတဲ့ သတင်းနဲ့ 

    -မြန်မာ ရွှေဈေး တကျပ်သားကို ၇၃ သိန်းအထိ ခုန်တက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဧပြီ ၁၀ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -  

    -ငလျင်ဒေသကိုစစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လူမဆန်တဲ့ ရက်စက်တွေ ဆက်လုပ်နေတယ်လို့ မြန်မာ သံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောလိုက်တဲ့သတင်း   

    -ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်နဲ့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့သတင်းနဲ့  

    -အင်းတော်တိုက်ပွဲကနေ ထွက်ပြေးသွား တဲ့ စစ်ကောင်စီတပ်မ ၇၇ တပ်မမှူး အပါအဝင် စစ်သုံ့ပန်းတွေ အရှင်ဖမ်းမိတဲ့ သတင်းတွေ နားဆင်ကြရမှာဖြစ်ပါတယ်

    6 min
  • DVB Newsbreak ( ဧပြီ ၉ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -  

    -ရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တဲ့ သတင်း

    -ငလျင်ဘေးသင့် မသန်စွမ်းအမျိုးသမီးတွေ အကူအညီလိုအပ်နေတဲ့ သတင်းနဲ့ 

    -ဖလမ်းမြို့ရှိ စစ်ကောင်စီတပ် ခလရ ၂၆၈ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဧပြီ ၈ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -  

    -ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေပြီး  မုန်တိုင်းဖြစ်နိုင်ခြေများနေတယ်လို့ ခန့်မှန်းထားတဲ့သတင်း 

    -ငလျင်ကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့အထိ ဖြစ်မလာနိုင်ဘူးလို့ နိုင်ငံရေးပါတီတွေက သုံးသပ်ပြောလိုက်တဲ့သတင်းနဲ့ 

    - ရခိုင်ပြည်နယ် မှာ စစ်ကောင်စီတပ်နဲ့  AA တပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဧပြီ ၇ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဧပြီ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -  

    -မြန်မာငလျင်ဘေးကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးသူပေါင်း  ၁၀၀၀၀ ကျော်ထိရှိလာတဲ့သတင်း 

    -ငလျင်ဘေးသင့်ဒေသမှာ ကူးစက်ရောဂါဖြစ်ပွားမှု အန္တရာယ်မြင့်မားနေတယ်လို့  WHO က သတိပေးလိုက်တဲ့သတင်းနဲ့ 

    -ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆောက်လုပ်နေတဲ့ သင်္ကြန်မဏ္ဍပ်ကို ပြန်ဖျက်သိမ်းနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • သေနတ်ပြောင်းဝက ငလျင်ဘေးကူညီကယ်ဆယ်ရေး၊ (WeeklyNewsDigest 30032025)

    ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ စစ်အာဏာရှင် သေနတ်ပြောင်းဝက ငလျင်ဘေးကူညီကယ်ဆယ်ရေး၊ သဘာဝဘေးဒဏ်ခံနေရတဲ့ မြန်မာပြည်သူတွနဲ့ မြေငလျင်သတင်းယူခွင့် ပိတ်ပင်ခံနေရဲ့ သတင်းသမားတွေ စတဲ့အကြောင်းတွေကို DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

    27 min
  • ဘန်ကောက်တွင် စစ်ခေါင်းဆောင်၏ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြမှု နှောင့်ယှက်ခံရ


    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ BIMSTEC ဘန်ကောက် ခရီးစဉ်ကို ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်တဲ့အဖွဲ့ကို ထိုင်းအမျိုးသားရေးအဖွဲ့တွေက ဒီကနေ့ ဧပြီလ ၅ ရက် မနက် ၁၁ နာရီ ဝန်းကျင် လာရောက် နှောင့်ယှက် တိုက်ခိုက်ခံခဲ့ရပါတယ်။

    အဲဒီ ဆန္ဒပြပွဲ မစတင်ခင်မှာပဲ ဆန္ဒပြ သပိတ်ခေါင်းဆောင် Bright Future အဖွဲ့ ဦးဆောင်သူ ကိုဆူရတ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းကာ ကာကွယ် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အဲဒီ ဖြစ်စဉ်ကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ကိုကိုမောင်ကို ဒီဗွီဘီ သတင်းထောက် ဇွဲသစ်က တိုက်ရိုက် ဆက်သွယ် မေးမြန်းထားပါတယ်။


    3 min