DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • ကျားဖြန့်ဆက်လုပ်ပါက ပြည်နှင်ဒဏ်ပေးမည်ဟု တရုတ်လုပ်ငန်းရှင်များကို ကရင်လက်နက်ကိုင် သတိပေး

    ကရင်ပြည်နယ်အတွင်း ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးတာ၊

    ငွေလိမ်လည်တာတွေ မလုပ်ကြဖို့နဲ့ ဆက်လုပ်ကိုင်ရင် အရေးယူပြီး
    ပြည်နှင်ဒဏ်ပေးမယ်လို့ တရုတ်လုပ်ငန်းရှင်တွေကို ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကခေါ်ယူ သတိပေးခဲ့ပါတယ်။

    မြန်မာ - ထိုင်း နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF) အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) နဲ့ ဒီမိုကရေစီ အကျိုးပြုတပ်မတော် (DKBA) တို့က ရွှေကုက္ကိုလ်အပါအဝင် ကရင်ပြည်နယ်အတွင်း ကျားဖြန့် တရုတ် ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးတာ၊ ငွေလိမ်လည်တာတွေ ဆက်မလုပ်ကြဖို့ တရုတ် လုပ်ငန်းရှင်တွေကို ဇန်နဝါရီ ၁၅ ရက်က ခေါ်ယူ သတိပေးခဲ့တာပါ။

    BGF တပ်ဖွဲ့နဲ့ DKBA တို့က တရုတ်လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး

    ကျားဖြန့်အလုပ်တွေမှာ လူကုန်ကူးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ လိမ်လည်တာတွေ အပါအဝင် အသက်မပြည့်သေးသူတွေကို စေခိုင်းတာတွေရှိရင် လုပ်ငန်းပိတ်သိမ်းပြီး ပြည်နှင်ဒဏ်ပေးသွားမယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

    DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်က

    “နည်းလမ်းပေါင်းစုံနဲ့ လူတွေကို လိမ်ညာခေါ်ဆိုပြီး အတင်းအဓမ္မ
    ခိုင်းစေတယ်ဆိုတာ သိတယ်ဆိုရင် ဒါကို ပြင်းပြင်းထန်ထန် အရေးယူဖို့၊ လုပ်ငန်းပိတ်သိမ်းဖို့၊ ရပ်ဆိုင်းဖို့၊ နောက်ဆုံး ပြည်နှင်ဒဏ်ပေးဖို့ စည်းကမ်းတွေ ချရတာပေါ့။ စည်းမရှိ ကမ်းမရှိတော့ လူသားတွေကို ညှဉ်းဆဲတာလား၊ ရိုက်သလား ထုသလား အမျိုးမျိုး ကြားရတယ်။ နောက်နောင် လူသားတွေကို ညှဉ်းဆဲတာ၊ ရိုက်တာ၊ ကျင်စက်နဲ့ တို့တယ်ဆိုရင် ဒါသူတို့ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းရမယ်။ မောင်းထုတ်ခံရမယ်။ မိမိတိုင်းပြည်ကို ပြန်ဖို့ အဲ့အနေအထား ပြောထားတာ ရှိတာ။ဒီကို လာတဲ့ လုပ်ငန်းရှင် အသီးသီးကလည်း သူတို့အနေနဲ့ ဘာသာပြန်ပြီး ပြောကြဆိုကြတယ်။ သူတို့က သဘောတူတယ်။ လက်ခံတယ်။ ဒီအနေအထား
    ဆုံးဖြတ်ချက်ချကြတာပေါ့” လို့ ပြောပါတယ်။

    ဇန်နဝါရီလအတွင်း တရုတ်နာမည်ကြီး သရုပ်ဆောင် ဝန်ဇင်း ထိုင်း-မြန်မာမှာ လူကုန်ကူးခံခဲ့ရပြီး ပြန်လွတ်မြောက်လာပြီးနောက် တရုတ်ခရီးသွားတွေကြား ထိုင်းနိုင်ငံကို လည်ပတ်ဖို့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

    သရုပ်ဆောင် ဝန်ဇင်း ပြန်လည်တွေ့ရှိပြီးနောက် တရုတ် မော်ဒယ်တယောက်နဲ့ တရုတ် အမျိုးသမီးတို့လည်း ပျောက်ဆုံးနေပြီး ထိုင်းအာဏာပိုင်တွေဘက်ကလည်း လူကုန်ကူးခံရမှုတွေကို ကူညီကယ်ဆယ်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေပါတယ်။

    4 min
  • DVB Newsbreak ( ဇန်နဝါရီ ၁၇ ရက် ရက် ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ  ၁၇  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -စစ်တွေမြို့နယ်မှာ  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့သတင်း 

    -ကျားဖြန့်ဆက်လုပ်ပါက ပြည်နှင်ဒဏ်ပေးမယ်လို့ တရုတ်လုပ်ငန်းရှင်တွေကို ကရင်လက်နက်ကိုင်တွေက သတိပေးလိုက်တဲ့သတင်းနဲ့

    -ပတ်စပို့သက်တမ်းတိုးဖို့ အခက်အခဲရှိတဲ့ မြန်မာတွေကို  ကိုရီးယားက တရားဝင်နေထိုင်ခွင့်ပြုမယ့် သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇန်နဝါရီ  ၁၆  ရက်  ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ  ၁၆  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -ဖားကန့် နွံကန်ပြိုကျမှု ဘေးဒဏ်သင့်ခဲ့ရသူတွေကို ကူညီပေးဖို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြား လိုက်တဲ့သတင်း

    -ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်ကမ်ပိန်း သားဖြစ်သူ ကင်မ်အဲရစ် ဦးဆောင် ပြုလုပ်နေတဲ့ သတင်းနဲ့ 

    -မွန်ပြည်နယ် ရေးမြို့နယ်မှာ တိုက်ပွဲကြောင့် စာသင်ကျောင်း‌တွေ ပိတ်ထားရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇန်နဝါရီ  ၁၅  ရက်  ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ  ၁၅  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
    -KNDF အဖွဲ့ကို  တိုင်းရင်းသားသစ္စာဖောက်အဖွဲ့လို့  စစ်ခေါင်းဆောင်က စွပ်စွဲပြစ်တင်လိုက်တဲ့ သတင်း  
    -ဆီဆိုင်မြို့နယ်မှာ  PNO ပြည်သူ့စစ်က PNLA ရဲဘော် ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ သတင်းနဲ့
    -နိုင်ငံခြားငွေကို ရောင်းဝယ်လဲလှယ်ပေးနေတဲ့ ဖေ့စ်ဘွတ်ခ်တွေကို ဗဟိုဘဏ်က  အရေးယူလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇန်နဝါရီ  ၁၄ ရက်  ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ  ၁၄  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေ း ပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -ရွှေသောင်ယံမြို့အနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့သတင်း

    -ရွှေဘိုထောင်မှ လွတ်လာတဲ့  နိုင်ကျဉ်းအချို့ကို ပြန်ဖမ်းဆီးထားတဲ့သတင်းနဲ့ 

    -ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာတွေကို  ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့  အစားထိုးခန့်အပ်လိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇန်နဝါရီ  ၁၃ ရက်  ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ  ၁၃  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေ း ပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -ကျောက်တော်မှာ လေကြောင်းဗုံးကြဲမှုကြောင့်  AA  ဗဟိုနိုင်ငံရေးမှူးအပါအဝင် ဒေသခံတွေ သေဆုံး သွားတဲ့သတင်း 

    -ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျပြီး လူ ၈ ဦးသေဆုံး ၁၀၀ ကျော်ပျောက်ဆုံးနေတဲ့ သတင်းနဲ့ 

    -ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာက တောင်း ဆိုလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ 

    6 min
  • ကျားဖြန့်လက်ကပြန်လွတ်လာတဲ့ တရုတ်မင်းသား ၊ (WeeklyNewsDigest 12012025)

    ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ KIA ရဲ့ နှစ်သစ်အောင်ပွဲ၊ မလွတ်သေးတဲ့ နိုင်ကျဉ်းတွေ၊ ကျားဖြန့်လက်က ပြန်လွတ်လာတဲ့ တရုတ်မင်းသားဝန်ရှင်း၊ ထရမ့်နဲ့ အီလွန်မတ်စ်တို့ရဲ့ပြောစကားတွေကြောင့် ဂယက်ထနေတဲ့ အကြောင်းအရာတွေကို DVB ဝိုင်းတော်သားတွေက ပြန်လည်သုံးသပ် တင်ဆက်ပေးထားပါတယ်။

    27 min
  • ရမ်းဗြဲ၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ဟု AA တုံ့ပြန်

    ရခိုင်ပြည်နယ်က အရပ်သား ၄၀ ကျော် အစုလိုက်အပြုံလိုက်သေကျေအောင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ ဖြစ်စဉ်ဟာ သူရဲဘောကြောင်ပြီး အလုံးစုံပျက်သုန်းရေးကိုဦးတည်နေတဲ့လုပ်ရပ်တွေဖြစ်တယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရသူ ခိုင်သုခက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

    အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းက လေကြောင်းကတိုက်ခိုက်ခဲ့လို့ အရပ်သား ၅၀ နီးပါး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ စစ်တပ်ရဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ပြလိုက်တာဖြစ်တယ်လို့ ခိုင်သုခက ပြောဆိုလိုက်တာပါ။

    https://burmese.dvb.no/post/685722

    6 min
  • DVB Newsbreak ( ဇန်နဝါရီ ၁၀ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့အပေါ် လူ့အခွင့်ရေးလှုပ်ရှားသူတွေက ကြိုဆိုလိုက်တဲ့သတင်း 

    -စစ်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေး မူဝါဒမရှိဘူးလို့  AA က ပြောကြားလိုက်တဲ့သတင်းနဲ့ 

    -ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံဆွေးနွေးတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇန်နဝါရီ ၉ ရက်  ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲလို့ ပြည်သူ  ၄၀ လောက် သေဆုံးပြီး လူနေ အိမ် ၅၀၀ လောက် မီးလောင်ပျက်စီးသွားတဲ့သတင်း

    -မြန်မာနိုင်ငံက

    နျူကလီးယားပစ္စည်းတွေကို လက်နက်ဝယ်ယူပေးဖို့  မှောင်ခိုကူးခဲ့တယ်လို့ 
    ဂျပန် ယာကူဇာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်က   ဝန်ခံထွက်ဆိုလိုက်တဲ့သတင်းနဲ့ 

    -ဘားအံမှာ  ည ၁၂ မှ မနက် ၄ နာရီအတွင်း အပြင်ထွက်ပါက ပစ်ခတ်မယ်လို့  စစ်ကောင်စီက သတိပေးလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ

    6 min