
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ကချင်ပြည်နယ် မံစီမြို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ရရှိသွားတဲ့သတင်း
-မိုးကုတ်မြို့ ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်တဲ့သတင်းနဲ့
-ရွေးကောက်ပွဲ နည်းဥပဒေ မထုတ်ပြန်လို့ နိုင်ငံရေးပါတီတွေ အခက်ကြုံနေတဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ပိုဆိုးလာတဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ပူးတွဲထုတ်ပြန်လိုက်တဲ့သတင်း
-ရခိုင် စစ်ဘေးရှောင် ၃၀၀ လောက်လိုက်ပါလာတဲ့ သင်္ဘာ ၁ စီးကို ဟိုင်းကြီးကျွန်းအနီးမှာ စစ်ကောင်စီတပ်က တားဆီးထားတဲ့သတင်းနဲ့
-ထိုင်းကိုလာရင်း ပျောက်ဆုံးသွားတဲ့ တရုတ်နိုင်ငံက ဆယ်လီ သရုပ်ဆောင် တယောက် မြန်မာဘက်ခြမ်းမှာ ပြန်တွေ့တဲ့သတင်းတွေနားဆင်ကြရမှာပါ ။
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-စစ်ကောင်စီက အကျဉ်းသား ၆ ထောင်လောက်ပြန်လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်သာပါဝင်တဲ့ သတင်း
-ပုဏ္ဏားကျွန်း၊ ဖလမ်းနဲ့ တောင်သာမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့
-အာဏာသိမ်းပြီးနောက် ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀၀၀ လောက် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့သတင်း တွေနားဆင်ကြရမှာပါ
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ နှစ်သစ်ကူး သတင်းစကားများ၊ ကရင်နီ လွတ်မြောက်တော့မလား၊ စစ်မီးကူးလာတဲ့ ဧရာတီတိုင်း၊ ကိုရီးယားလေယာဉ်မီးလောင်ပေါက်ကွဲမှု စတဲ့အကြောင်းအရာတွေကို DVB ဝိုင်းတော်သားတွေက ပြန်လည်သုံးသပ် တင်ဆက်ပေးထားပါတယ်။
https://burmese.dvb.no/post/684622
မြန်မာနိုင်ငံရဲ့အခြေအနေက တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့
လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို
အဲဒီဆွေနွေးပွဲမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်က မပါပေမဲ့ ၇၄
လက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်မယ့်နည်းလမ်း
လက်ရှိမှာတော့ သက်ဆိုင်သူအားလုံးပါတဲ့ ဆွေးနွေးမှုမျိုးကို
အဲဒီအပြင် လက်ရှိ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကျပ်အတည်းတွေကို
ငွေဆောင်ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတဲ့ အချက် ၇ ချက်ထဲမှာ ဒီမိုကရေစီ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ရခိုင်ပြည်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတဲ့ သတင်း
-ဗန်းမော်မြို့နယ်ရဲစခန်းနဲ့ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်းနဲ့
-KBZpay သုံးစွဲသူတွေကြားမှာ ငွေကြေးခိုးယူခံရမှု သိသိသာသာ များပြားလာတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အောက်စဖို့ဒ်ကောလိပ်ကျောင်းအုပ်ကြီးက စစ်ကောင်စီထံ စာပေးပို့ တောင်းဆိုလိုက်တဲ့သတင်း
-တော်လှန်ရေးတာဝန်ထမ်းဆောင်လိုတဲ့ ခေါင်းဆောင်တွေကို NUG ကဖိတ်ခေါ် လိုက်တဲ့သတင်းနဲ့
-VPN ဝန်ဆောင်မှုပေးသူကို ထောင် ၆ လ ချမှတ်နိုင်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်းလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဇန်နဝါရီ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-နှစ်ကူးညက မန္တလေးနဲ့ ကရင်နီဒေသမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ လူ ၆ ယောက် သေဆုံးသွားတဲ့သတင်း
-အကျဉ်းသား၊ အကျဉ်းသူ ၁၆၉ ယောက်ကို NUG က လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့သတင်းနဲ့
-Kpay မှ ငွေခိုးယူမှုခံရမှုများပြားလာလို့ စိစစ်ဖော်ထုတ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ကရင်နှစ်သစ်ကူးနေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် KNU က ရှုတ်ချလိုက်တဲ့သတင်း
-မြန်မာစစ်တပ်ရဲ့ လက်နက်ဝယ်ယူမှုမှာ ထိုင်းဘဏ်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ သက်သေ အထောက်အထား မတွေ့တဲ့ သတင်းနဲ့
-၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာ့ လူဦးရေ ၅၁ ဒသမ ၃ သန်းသာရှိတော့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၃၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-အာဏာရှင်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆန္ဒမရှိဘူးလို့ ကရင်နှစ်သစ်ကူးနေ့မှာ ကေအန်ယူက ပြောကြားလိုက်တဲ့သတင်း
-တွေ့ဆုံဆွေးနွေးရေး လက်ကမ်းကြိုနေတယ်လို့ စစ်ခေါင်းဆောင်က ထပ်မံပြောကြားလိုက်တဲ့ သတင်းနဲ့
-ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်မမှူး အပါအဝင် ၇၀၀ ကျော်သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ။