DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak ( ဒီဇင်ဘာ ၁၉ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    စစ်ကောင်စီတပ်တွင်း အရေးပါတဲ့ ရာထူးနေရာ အပြောင်းအလဲတွေ စစ်ခေါင်းဆောင် ကပြုလုပ်လိုက်တဲ့ သတင်း 

    -နွေဦးတော်လှန်ရေးကာလအတွင်း  ကလေးနဲ့ လူငယ် ၃,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ သတင်းနဲ့

    -မွန်တော်လှန်ရေးတပ် ၄ ဖွဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်မယ့် သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဒီဇင်ဘာ ၁၈ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -လားရှိုးကနေ ဆုတ်ခွာပေးဖို့  MNDAA ကို စစ်ကောင်စီက တောင်းဆိုလိုက်တဲ့သတင်း

    -သံတွဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးသွားတဲ့ သတင်းနဲ့ 

    -အင်းတကော်မှာ ပဲခူးမြစ်ကမ်းပါး ပြိုကျပြီး နေအိမ်တချို့ပျက်စီးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    5 min
  • DVB Newsbreak ( ဒီဇင်ဘာ ၁၇ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ ၄ သန်းခွဲထိတိုးလာတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်း 

    -  မာနယ်ပလောစခန်းကို KNLA ပူးပေါင်းတပ်တွေက  ပြန်လည်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့

    -MNDAA နဲ့  စစ်ကောင်စီတပ် ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဒီဇင်ဘာ ၁၆ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်တခုလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားလိုက်တဲ့သတင်း 

    -စစ်ကောင်စီနဲ့  MNDAA တို့ တရုတ်အစီအစဉ်နဲ့ ဆွေးနွေးနေတဲ့သတင်းနဲ့ 

    -ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် သွားမယ့်သတင်းတွေ နားဆင်ရဖို့ရှိပါတယ်

    6 min
  • အာဆတ်ခေတ်အလွန် ဆီးရီးယားရဲ့စိန်ခေါ်ချက်များ(WeeklyNewsDigest 15122024)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။

    ဒီတပတ်မှာတော့ အာဏာရှင် အာဆတ်ခေတ်အလွန် ဆီးရီးယားရဲ့ စိန်ခေါ်ချက်များ ၊ AA ရဲ့ မောင်တောအောင်ပွဲနဲ့ အမျိုးသမီးအရေးလှုပ်ရှားမှုအကြောင်းတွေကို DVB ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    27 min
  • ဆီးရီးယားအာဏာရှင်လို မြန်မာစစ်ခေါင်းဆောင် မကြာခင်ကျရှုံးမည်

    ဆီးရီးယားမှာ အာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့သလို မြန်မာစစ်ခေါင်းဆောင်လည်း မကြာခင်မှာ ကျရှုံးလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

    ဗဟိုပြန်ကြားရေးကော်မတီ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

    ဒီဇင်ဘာ ၈ ရက်မှာ ဆီးရီးယားတော်လှန်ရေးအင်အားစုတွေက

    မြို့တော်ဒမတ်စကတ်ကို သိမ်းယူပြီး ၁၃ နှစ်ကြာတော်လှန်ရေးကို
    အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တာပါ။

    ရုရှားအစိုးရရဲ့ထောက်ခံမှုနဲ့ အာဏာရှင်စနစ်ကျင့်သုံးနေတဲ့

    သမ္မတအာဆတ်ကတော့ ရုရှားနိုင်ငံကို ခိုလှုံခွင့်တောင်းခံပြီး
    ထွက်ပြေးတိမ်းရှောင်သွားခဲ့ရပါတယ်။

    မြန်မာနိုင်ငံမှာလည်း အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC)  ရဲ့

    ဖမ်းဝရမ်းထုတ်ခံရမယ့် အခြေအနေ၊ မြို့ပေါင်း ၉၀ အထိ
    ထိန်းချုပ်လာနိုင်ပြီဖြစ်တဲ့ ပြည်သူတွေရဲ့ လက်နက်ကိုင်
    တော်လှန်ရေးအခြေအနေတွေကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မကြာခင်မှာ ကျရှုံးလိမ့်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
    ဗဟိုပြန်ကြားရေးကော်မတီတာဝန်ရှိသူ ဦးငြိမ်းသစ်က ပြောဆိုလိုက်တာပါ။ 

    စစ်ကောင်စီလက်အောက်ခံ အရာရှိ အရာခံတွေအားလုံးလည်း ဒီအခြေအနေကိုနားလည်ပြီး ပြည်သူ့ဘက်ကို ကူးပြောင်းကြဖို့ သူကတိုက်တွန်းပါတယ်။

    NLD ဗဟိုပြန်ကြားရေးကော်မတီတာဝန်ရှိသူ ဦးငြိမ်းသစ် က

    “ဆီးရီးယားကအာဆတ်ဆိုရင် ရုရှား၊ အီရန် တကယ့်အင်အားကြီးနိုင်ငံတွေရဲ့
    ထောက်ပံ့ကူညီမှုတွေ စစ်ရေးအကူအညီတွေ ရခဲ့တာပဲ။ ဒါပေမဲ့ သူဟာ ပြည်သူလူထုနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေရဲ့ စုပေါင်းတော်လှန်မှုကြောင့် အာဏာလက်လွှတ်ခဲ့ရတယ်။ အခု မင်းအောင်လှိုင်ဆိုလည်း
    အင်အားကြီးတဲ့နိုင်ငံတွေသူ့ဘက်က ထောက်ခံမှုတွေရှိနေပေမဲ့ ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ သူ့ရဲ့မတရားသဖြင့် အာဏာသိမ်းပြီးတော့
    ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကမ္ဘာကလည်း လက်မခံဘူး မြန်မာပြည်သူတွေကလည်း လက်မခံဘူး။ သူဟာ အခုဆိုရင် ICC ရဲ့ဝရမ်းထုတ်ပေးဖို့ လျှောက်ထားမှုပါခံထားရတယ်။ မကြာခင်သူဟာ ဝရမ်းပြေးဘဝကိုလည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မင်းအောင်လှိုင်က ဝရမ်းမှုရယ်၊ ပြည်သူလူထုက ဝိုင်းဝန်းဆန့်ကျင်မှုရယ်ကြောင့် သူလည်းပဲ မကြာခင် ကျရှုံးတော့မယ့် အာဏာရှင်တယောက်လို့ မြင်မိပါတယ်” လို့ ပြောပါတယ်။

    https://burmese.dvb.no/post/681829

    4 min
  • DVB Newsbreak ( ဒီဇင်ဘာ ၁၃ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂအကြီးအကဲက ထပ်မံတောင်းဆိုလိုက်တဲ့သတင်း 

    -မိုးဗြဲမြို့အနီး စစ်ကောင်စီတပ်က ဒရုန်းနဲ့ အဆိပ်ငွေ့ပြားတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့

    -ထိုင်းနိုင်ငံမှာ တရားမဝင်မြန်မာလုပ်သား ၁၃၀ နီးပါး ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ ။

    6 min
  • DVB Newsbreak ( ဒီဇင်ဘာ ၁၂ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -ဆီးရီးယားအာဏာရှင်

    ပြုတ်ကျသလို မြန်မာစစ်အာဏာရှင်ကိုလည်း အဆုံးသတ်
    နိဂုံးချုပ်ပေးနိုင်မယ်လို့ MUG ယာယီသမ္မတ ဒူဝါလရှီးလက
    ပြောကြားလိုက်တဲ့သတင်း

    -တောင်ငူလေတပ်နဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတဲ့သတင်းနဲ့

    -မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းကျဆင်းမယ်လို့  ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဒီဇင်ဘာ ၁၁ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -မောင်တောတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၄၅၀ လောက် သေဆုံးပြီး  စစ်သုံ့ပန်းတွေ အများအပြား ဖမ်းဆီးခံရတဲ့ သတင်း 

    -ဟားခါးအနီးမှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲလို့ မိသားစုဝင် ၄ ဦးသေဆုံးသွားတဲ့ သတင်းနဲ့ 

    -မြန်မာနိုင်ငံမှာ  တိုင်ဖွန်းမုန်တိုင်းယာဂီ တိုက်ခတ်ပြီး ၃ လကြာအထိ လူသားချင်းစာနာမှုအကူတွေ လိုအပ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဒီဇင်ဘာ ၁၀ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -စစ်ခေါင်းဆောင်ကို အမြန်ဖမ်းဝရမ်းထုတ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆို တဲ့သတင်း

    -အင်းစိန်ထောင်ဝန်ထမ်းတွေ ဖမ်းဆီးစစ်ဆေးခံနေရတဲ့သတင်းနဲ့

    -အယုဒ္ဓယမှာ မြန်မာဆောက်လုပ်ရေးလုပ်သား ၁၀၀ ကျော် ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ရမှာပါ

    6 min