
Sign up to save your podcasts
Or


မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းမထုတ်ခင် လက်အောက်ခံအရာရှိအရာခံတွေ တော်လှန်ရေးအင်အားစုတွေနဲ့အမြန်ပူးပေါင်းကြဖို့ NUG သမ္မတရုံးတာဝန်ရှိသူက တိုက်တွန်းလိုက်ပါတယ်။
ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာ့အရေးဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံက ပြင်ဆင်နေတဲ့သတင်း
-ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တမြို့လုံးကို AA က အလုံးစုံထိန်းချုပ်ထားလိုက်တဲ့ သတင်းနဲ့
-လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ လှိုင်သာယာ အထည်ချုပ်အလုပ်သမားရာချီ အလုပ်ထုတ်ခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ကြိုးပမ်းမှုကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်တဲ့သတင်း
-သံတွဲမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ စစ်ဘေးရှောင်တွေ အပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာရသွားတဲ့သတင်းနဲ့
-နှစ်စဉ်အစီရင်ခံစာ မတင်တဲ့ ကုမ္ပဏီ ၁,၅၀၀ ကို စစ်ကောင်စီက မှတ်ပုံတင်ပယ်ဖျက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-‘ဝ’ တပ်ဖွဲ့နဲ့ နယ်မြေအငြင်းပွားမှုကို ဆွေးနွေးဖြေရှင်းမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောလိုက်တဲ့သတင်း
-မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီသွားမယ်လို့ တရုတ်အစိုးရက ပြောလိုက်တဲ့သတင်းနဲ့
-NUG အစိုးရအဖွဲ့ဝင်အားလုံးပြည်တွင်းမှာ လာစုကြဖို့ ယာယီသမ္မတက တိုက်တွန်းလိုက်တဲ့ သတင်း နားဆင်ကြရမှာပါ
DVB Newsbreak ( နိုဝင်ဘာ ၂၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
- UWSA ‘၀’ တပ်ဖွဲ့ နဲ့ ထိုင်းစစ်တပ်ကြား နယ်စပ် ပိုင်နက်အငြင်းပွားမှုဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့သတင်း
- မိုင်းကိုင်မြို့နယ်ရှိ SSPP တပ်စခန်း ၂ ခုကို RCSS ကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့သတင်းနဲ့
- စစ်ရေးပဋိပက္ခ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိတယ်လို့ TNLA ကကမ်းလှမ်း လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-သံတွဲမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေ သေဆုံးဒဏ်ရာရခဲ့တဲ့သတင်း
-မြန်မာဘက်ခြမ်း ကျားဖြန့်ဂိုဏ်းကနေ နိုင်ငံခြားသားတွေ ထိုင်းဘက်သို့ ထွက်ပြေးလာတဲ့သတင်းနဲ့
-မြန်မာကလေးသူငယ်တွေ မြေမြှုပ်မိုင်းဒဏ် အဆိုးဆုံးခံနေကြရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ နျူကလီးယားစစ်ပွဲဖြစ်တော့မလား၊ ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ၊ ကိုးကန့်နဲ့ တရုတ်ခြေလှမ်း၊ ILO နဲ့ မြန်မာအလုပ်သမားအရေးကိစ္စ စတဲ့အကြောင်းတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မဲမသမာမှု စစ်ခေါင်းဆောင်စွပ်စွဲချက် အခြေအမြစ်မရှိဟု NLD တုံ့ပြန်
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ CEC တွေက မဲမသမာမှုတွေကို အုပ်စုဖွဲ့ကျူးလွန်ခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်တယ်လို့ NLD ဘက်ကတုံ့ပြန်ပါတယ်။ ဒီသတင်းကို DVB သတင်းထောက် အောင်သူပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ စစ်ဘေးနဲ့ သဘာဝဘေးကြောင့် ကလေးသူငယ် ၁၃ သိန်းခွဲ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့သတင်း
-မှော်ဘီရှိ မြဝတီအသံလွှင့်ရုံ တိုက်ခိုက်ခံရတဲ့သတင်းနဲ့
-ကျားဖြန့်သံသယတရားခံ တရုတ်နိုင်ငံသား ၇၀၀ ကျော်ကို မြန်မာနိုင်ငံမှ တရုတ်ထံ လွှဲပြောင်းပေးခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့တဲ့သတင်း
-မြန်မာလူဦးရေ ၂ သန်းလောက်ကို WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် က ကူညီထောက်ပံ့ပေးမယ့်သတင်းနဲ့
- ကံပိုင်တည်မြို့နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ