DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak (  နိုဝင်ဘာ ၂၀ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -မြန်မာနိုင်ငံမှာ တနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာတဲ့သတင်း

    -မြန်မာစစ်တပ်အတွက်ထောက်ပို့နေတဲ့ စီးပွားရေးဘဏ်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက အမေရိကန်ကို တောင်းဆိုလိုက်တဲ့သတင်း

    -MNDAA ခေါင်းဆောင် ယူနန်မှာ ဆေးကုသနေတယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်တဲ့သတင်းတွေနားဆင်ရမှာပါ

    6 min
  • DVB Newsbreak (  နိုဝင်ဘာ ၁၉ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ပုလဲမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေတဲ့သတင်း

    -ရခိုင်ပြည်နယ်မှာ  ၁ နှစ်အတွင်း အရပ်သား ၇၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သတင်းနဲ့

    -ကရင်နီဒေသမှာ ကလေးငယ်တွေ ရာသီတုပ်ကွေးဖြစ်ပွားပြီး ဆေးဝါးအကူအညီ လိုအပ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    5 min
  • DVB Newsbreak (  နိုဝင်ဘာ ၁၈ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့  လေယာဉ်နဲ့ ဗုံးကြဲခံရပြီး  ကလေးငယ် အပါအဝင် ပြည်သူတွေ ထိခိုက်၊ သေဆုံးတဲ့သတင်း 

    ရခိုင်မှာ  တနှစ်အတွင်း လေကြောင်းအပါအဝင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၇၁၃ ဦး သေဆုံးတဲ့သတင်း 

    မြန်မာ-တရုတ်နယ်စပ်တွင် ကျားဖြန့်လုပ်ငန်းများ တကျော့ပြန် အားကောင်းလာတဲ့သတင်းတွေ နားဆင်ရမှာပါ ။ 

    6 min
  • တကျော့ပြန်ရခိုင်စစ်ပွဲ ၁ နှစ်ပြည့် AA ရဲ့ စစ်ရေးအောင်မြင်မှု ၊ (WeeklyNewsDigest 17112024)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ 

    ဒီတပတ်အစီအစဉ်မှာတော့  တကျော့ပြန်ရခိုင်စစ်ပွဲ ၁ နှစ်အတွင်း  AA ရဲ့ စစ်ရေးအောင်မြင်မှု ၊ ပုလဲကို သိမ်းဖို့ကြိုးစားခဲ့တဲ့ ဗိုလ်နဂါးတပ်၊  ထရမ့်ပ်အစိုးရအဖွဲ့သစ်၊ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုနဲ့ COP29

    ထိပ်သီးအစည်းအဝေး စတဲ့အကြောင်းတွေကို  ဒီဗွီဘီ
    ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။ 

    30 min
  • ဗိုလ်နဂါး ဦးဆောင်သည့်တပ်များ ပုလဲမြို့ပေါ်မှ ပြန်ဆုတ်ခွာ၊ တိုက်ပွဲကြောင့် ပြည်သူသောင်းချီ စစ်ဘေးရှောင်

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီက တပ်သားအင်အားတိုးချပြီး

    လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်တာကြောင့် ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်တပ်တွေ မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

    နိုဝင်ဘာ ၁၄ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက ရဟတ်ယာဉ် ၄ စီးနဲ့တပ်သားအင်အား ၁၀၀ ကျော် ပုလဲမြို့ပေါ်ကို ထပ်မံပို့ဆောင်ခဲ့သလို

    လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဗိုလ်နဂါး
    ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်အဖွဲ့တွေဟာ ပုလဲမြို့ပေါ်ကနေ
    ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။

    စစ်ကောင်စီက ရဟတ်ယာဉ်နဲ့လာချတဲ့ စစ်သားတွေဟာ ဘုတလင်နယ်မှာ

    အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တဲ့ စစ်ကြောင်းက တပ်သားတွေဖြစ်တယ်လို့ ဒေသတွင်း PDF တွေက ပြောပါတယ်။

    နိုဝင်ဘာ ၁၁ ရက်မှာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်အဖွဲ့တွေက

    ပုလဲမြို့ကို သိမ်းယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မြို့ကို
    အပြီးသတ်သိမ်းယူနိုင်ခါနီးအထိ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့တယ်လို့
    ဆိုပါတယ်။

    https://burmese.dvb.no/post/677891

    4 min
  • DVB Newsbreak (  နိုဝင်ဘာ ၁၅ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    - ပြည်ရွှေဆံတော်ဘုရားပွဲမှာ လှေကား ကျိုးကျလို့  ကလေးငယ်တွေ အပါအဝင် လူတချို့   ဒဏ်ရာရသွားတဲ့သတင်း 

    -စစ်တပ်ထောက်ခံသူ ရုပ်ရှင်သရုပ်ဆောင် ရန်အောင်ရဲ့ နေအိမ်ဗုံးခွဲ သတိပေးခံရတဲ့သတင်းနဲ့ 

    -မြန်မာမှာချုပ်လုပ်တဲ့

    နာမည်ကြီး  အထည်အမှတ်တံဆိပ် ၃ ခုကို တားဆီးပိတ်ပင်ဖို့ ကမ္ဘာ့အလုပ်သမား
    သမဂ္ဂက တော င်းဆိုတဲ့သတင်းတွေ နားဆင်ကြရမှာပါ 

    5 min
  • DVB Newsbreak (  နိုဝင်ဘာ ၁၄ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -မြန်မာနိုင်ငံမှာအရပ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်လို့  အမေရိကန်နဲ့ အင်ဒိုနီးရှား သမ္မတွေက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တဲ့သတင်း

    -ပုလဲမြို့ တမြို့လုံးနီးပါး ဗိုလ်နဂါးဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ 

    - ရခိုင်မှာ စစ်တပ် တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း အဆောက်အအုံ ၁၅၀ ကျော် ပျက်စီးခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak (  နိုဝင်ဘာ ၁၃ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ရှမ်းတဲလေတပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး  Y12 လေယာဉ် ၂ စီး ပျက်စီး၊ အရာရှိနှင့်တပ်သား ၆ ဦး ဒဏ်ရာရတဲ့သတင်း

    -မိုးကုတ်နဲ့ နောင်ချိုကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့်  ပြည်သူ အယောက် ၂၀ သေဆုံးသွားတဲ့ သတင်းနဲ့ 

    -ပြည်ပရောက်လုပ်သားတွေ စာချုပ်သက်တမ်းပြည့်တဲ့အခါ စစ်မှုပြန်ထမ်းရမယ့် သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak (  နိုဝင်ဘာ ၁၂ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၆ ယောက်သေဆုံးပြီး လူနေအိမ်တွေ ပျက်စီးသွားတဲ့သတင်း

    -စစ်ကောင်စီ ထောက်ပို့လေယာဉ် ၁ စီးကို AA က ပစ်ချလိုက်တဲ့သတင်းနဲ့ 

    -မြန်မာနိုင်ငံမှာ ရေဘေးကြုံရပြီး ၂ လအကြာအထိ အမျိုးသမီးတွေ ဒုက္ခမျိုးစုံ ဆက်ကြုံနေရတဲ့သတင်းတွေ နားဆင်ကြရမှာပါ 

    6 min
  • DVB Newsbreak (  နိုဝင်ဘာ ၁၁ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ နိုဝင်ဘာ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -တရုတ်နိုင်ငံက ပြန်လာတဲ့ စစ်ခေါင်းဆောင်ကို ကြိုဆိုဖို့  ဝန်ထမ်းတွေ အဓမ္မစေခိုင်းခံရတဲ့သတင်း  

    -စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်း အရပ်သားနေအိမ် ၁ သိန်းကျော် မီးရှို့ဖျက်ဆီးခံရတဲ့သတင်းနဲ့ 

    -ရုံးပိတ်ရက် မှားယွင်းဖော်ပြမိလို့ ပြက္ခဒိန်ထုတ်ဝေသူတွေကို  စစ်ကောင်စီက ခေါ်ယူသတိပေးခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min