DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • မိသားစုဝင်အချင်းချင်း အကြမ်းဖက်မှုဟာ ရာဇဝတ်မှုတခုပဲ

    အိမ်တွင်းအကြမ်းဖက်မှုကို သွေးသားရင်းချာ၊ ဆွေမျိုးနီးစပ်၊ ရင်းနှီးကျွမ်းဝင်သူကြား ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတခုလို့ ဆိုနိုင်ပါတယ်။ လူ ၅ ယောက်မှာ ၁ ယောက်နှုန်းနဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ကြုံနေကြရတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ အမျိုးသမီး ၉ ‌ယောက်မှာ ၂ ယောက်နှုန်း၊ အမျိုးသား ၁၁ ယောက်မှာ ၂ ယောက်နှုန်းနီးပါး အထူးသဖြင့် လူငယ်စုံတွဲတွေကြားမှာ အိမ်တွင်းအကြမ်းဖက်မှုကို အများဆုံး ကြုံတွေ့ကြရတယ်လို့ Politics for Women Myanmar က ထုတ်ဝေတဲ့ ၂၀၂၄ ခုနှစ် ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် "ဂျန်ဒါအခြေပြုအကြမ်းဖက်မှုဆိုင်ရာ သိကောင်းစရာ" ပညာပေးအိတ်ဆောင်စာအုပ်ထဲမှာ ရေးသားထားပါတယ်။

    15 min
  • DVB Newsbreak ( ဒီဇင်ဘာ ၉ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင်  စစ်တပ်အရာရှိတချို့ကို AA က ဖမ်းမိ

    -မတ္တရာအနောက်ခြမ်းက ကျေးရွာတွေကို PDF တွေက ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့ 

    - ၂၀၂၅ ရွေးကောက်ပွဲကို လုံခြုံရေးအရ မဲဆန္ဒနယ် ၁၆၁ နေရာမှာပဲ ကျင်းပဖို့ရှိတဲ့သတင်းတွေ နားဆင်ကြရမှာပါ 

    6 min
  • တောင်ကိုရီးယားရဲ့ ဒီမိုကရေစီကို စမ်းသပ်လိုက်တဲ့ ၆ နာရီ စစ်အုပ်ချုပ်ရေး၊(WeeklyNewsDigest 07122024)


    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်မှာတော့ တောင်ကိုရီးယားရဲ့ ဒီမိုကရေစီကို စမ်းသပ်လိုက်တဲ့ ၆ နာရီ စစ်အုပ်ချုပ်ရေး၊ ၄ နှစ်ကြာကြံ့ကြံ့ခံနေဆဲ CDM ပြည်သူ့ဝန်ထမ်းများ၊ ကိုးကန့်အပစ်ရပ်မှုနောက်ကွယ် စတာတွေကို DVB ဝိုင်းတော်သားတွေနဲ့အတူ အထူးဧည့်သည်တော် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနဦးစီးဌာန CDM ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားပါ တို့က ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    27 min
  • စစ်ခေါင်းဆောင်လာမည့်သတင်းကြောင့် မန္တလေးတွင် လုံခြုံရေးတင်းကျပ်

    မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို

    စစ်ခေါင်းဆောင်လာမယ်ဆိုတဲ့ သတင်းကြောင့် မြို့ပေါ်မှာ
    လုံခြုံရေးတင်းကျပ်နေတယ်လို့ မန္တလေး ဒေသခံ PDF တွေက ပြောပါတယ်။

    ဒီဇင်ဘာ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ ပြုလုပ်နေတဲ့ မန္တလေးတိုင်း၊

    ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်သင်တန်းဆင်းပွဲနဲ့
    စစ်နည်းပညာတက်သိုလ်သင်တန်းဆင်းပွဲတွေကိုစ စ်ခေါင်းဆောင်တက်ရောက်နေပြီး နောက်ရက်တွေမှာ မန္တလေးမြို့၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ခရီးဆက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်နေတာပါ။ 

    https://burmese.dvb.no/post/680867

    3 min
  • DVB Newsbreak ( ဒီဇင်ဘာ ၆ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -မြန်မာသင်္ကြန်

    ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဝင်တာကြောင့် ခရီးသွားလုပ်ငန်း
    အထောက်အပံ့ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောလိုက်တဲ့သတင်း 

    -ICJ တရားရုံးမှာ မြန်မာကို တရားစွဲထားတဲ့အမှုကို  ကြားဝင်ဆောင်ရွက်ခွင့်ပြုဖို့ ဆလိုဗေးနီးယားနိုင်ငံက လျှောက်ထားလိုက်တဲ့သတင်းနဲ့

    -မြန်မာရေတပ်ဖမ်းထားတဲ့  ထိုင်းငါးဖမ်းလှေသားတွေကို  ပြန်လွှတ်ပေးတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဒီဇင်ဘာ ၅ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့  အပစ်ရပ်ကြေညာချက်အပေါ်  တရုတ်နိုင်ငံက ချီးကျူးလိုက်တဲ့ သတင်း

    -ရခိုင်ပြည်နယ် အမ်းမြို့ကို AA ထိန်းချုပ်လိုက်ပြီး  နပခ ကို ထိုးစစ်ဆင်နေတဲ့သတင်းနဲ့ 

    -နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်  ကိုရီးယားရောက် မြန်မာတွေ စိုးရိမ်ပူပန်နေကြတဲ့ သတင်း တွေ နားဆင်ရမှာပါ

    6 min
  • DVB Newsbreak ( ဒီဇင်ဘာ ၄ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -ဗန်းမော်နဲ့ မံစီမြို့တွေကို  KIAနဲ့  ပူးပေါင်းတပ်တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့သတင်း 

    -နွားထိုးကြီးမြို့နယ်မှာ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို စစ်တပ်ကဗုံးကြဲလို့  သင်တန်းသား  ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားတဲ့သတင်းနဲ့ 

    -အလုပ်အကိုင်ရှားပါးလာလို့  ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့ ရပ်နားသွားတဲ့သတင်းတွေ နားဆင်ကြရမှာ

    5 min
  • DVB Newsbreak ( ဒီဇင်ဘာ ၃ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -မြန်မာ့အရေး နိုင်ငံတကာကြားဝင်ဆောင်ရွက်ဖို့ ကုလလူ့အခွင့်အရေးကျွမ်းကျင်သူတွေက တောင်းဆိုလိုက်တဲ့သတင်း 

    -ဖယ်ခုံမှာ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက် သေဆုံးခဲ့တဲ့သတင်းနဲ့ 

    -ထိုင်းငါးဖမ်းစက်လှေကို ဖမ်းဆီးရာမှာ လူသေဆုံးမှုမရှိဘူးလို့  စစ်ကောင်စီက ငြင်းဆိုလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ

    5 min
  • DVB Newsbreak ( ဒီဇင်ဘာ ၂ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဒီဇင်ဘာ ၂   ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -

    -မြန်မာ့အရေးဆွေးနွေးပွဲ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတွက် အထောက်အပံ့ဖြစ်နိုင်တယ်လို့ လာအိုနိုင်ငံက ပြောလိုက်တဲ့သတင်း

    -ထိုင်းနိုင်ငံမှာ မိုးပျံတံတား ပြိုကျလို့  မြန်မာလုပ်သား ၄ ယောက် သေဆုံးသွားတဲ့သတင်းနဲ့ 

    -ကန့်ဘလူမှာ  PDF လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ရမှာပါ

    6 min
  • ICC ဖမ်းဝရမ်းထုတ်ခံရတော့မယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ (WeeklyNewsDigest 01122024)

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ICC ဖမ်းဝရမ်းထုတ်ခံရဖို့ နီးကပ်လာ၊ စစ်ကောင်စီတပ်တွေ တရုတ်နိုင်ငံဘက်ထွက်ပြေး၊ UWSA 'ဝ'တပ်ဖွဲ့နဲ့ ထိုင်းစစ်တပ် စစ်ရေးတင်းမာ စတဲ့အကြောင်းတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    27 min