
Sign up to save your podcasts
Or


တရုတ်က အပစ်ရပ်ဖို့ ဖိအားပေးနေပေမယ့် ရှမ်းမြောက်မှာ တိုက်ပွဲတွေကတော့ ဆက်ရှိနေတယ်လို့ TNLA ဘက်က ပြောပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ရှိနေတဲ့သတင်း
-၃ နှစ်ကျော်အတွင်း မြန်မာပြည်တွင်းရှိ တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေ အကြိမ် ၁၇၀ ကျော် တိုက်ခိုက်ခံရတဲ့သတင်းနဲ့
-မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှု ရပ်ဆိုင်းဖို့ တောင်အာဖရိက တရားရုံးက အမိန့်ချမှတ် လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
စဉ့်ကူးမြို့သိမ်းတိုက်ပွဲမှာသုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးရမိထားပြီး မြို့ကို ပြန်လက်မလွှတ်ရအောင် ပြင်ဆင် ဆောင်ရွက်နေတယ်လို့ မန္တလေး PDF တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကိုသုတချမ်းသာ ပေးပို့ထားပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။
ဒီတပတ်အစီအစဉ်မှာတော့ ထရမ့်ပ်လုပ်ကြံပစ်ခတ်ခံရမှုနှင့် အမေရိကန်နိုင်ငံရေး၊ မန္တလေးကို ချဉ်းကပ်လာနေတဲ့ မန္တလေး PDF၊ ၃၂ နှစ်သားDVB စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
နိုင်ငံရေးပါတီ ၄ ပါတီရဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး တရုတ်အစိုးရက ဖိတ်ခေါ်တဲ့ ခရီးစဉ်ဟာ မြန်မာပြည်နဲ့ပတ်သက်တဲ့ သဘောထားကို ရှင်းပြဖို့ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အတွက်ဆိုပြီး စစ်ကောင်စီထံမှာ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၄ ခု ကို တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားထားတာပါ။
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အတည်ပြုထားတဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါးထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရက္ခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုရက်တစ်ပါတီ (ကျားဖြူ) တို့ကို တရုတ်အစိုးရက ဖိတ်ကြားထား တာဖြစ်ပါတယ်။
https://burmese.dvb.no/post/661046
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-အာဇာနည်နေ့ကို ရန်ကုန်မှာ လုံခြုံရေး အထူးတင်းကျပ်ပြီး ကျင်းပတဲ့သတင်း
-သိန္နီဈေးကို လေယာဉ်နဲ့ ဗုံးကြဲသွားလို့ SNLD ပါတီ မြို့နယ်အတွင်းရေးမှူးအပါအဝင် ၇ ဦးသေဆုံးသွားတဲ့ သတင်းနဲ့
-ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားနေလို့ ဆေးခွင့်ယူထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာပြည်အခြေအနေဟာ စကားလုံးနဲ့ ဖော်ပြလို့မရအောင် ဆိုးရွားနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်း
-ဝါရင့် ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်သွားတဲ့သတင်းနဲ့
-စစ်အာဏာသိမ်းပြီးနောက် တီဘီရောဂါဖြစ်နှုန်း ပိုများလာတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာ့စီးပွားရေးဘဏ်နဲ့ MOGE တို့ကို ပိတ်ဆို့ဒဏ်ခတ်ဖို့ NGO အဖွဲ့ ၂၄၀ က တောင်းဆို လိုက်တဲ့သတင်း
-နယ်စပ်ဖြတ်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်က လက်မခံဘဲ ပြန်လွှတ်လိုက်တဲ့သတင်းနဲ့
-ရဟတ်ယာဉ်၊ လေယာဉ်တွေနဲ့ အလင်းဝင်လာရင် ဆုငွေ ကျပ်သိန်း ၁၀,၀၀၀ ချီးမြှင့်မယ်လို့ MNDAA က ကြေညာလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-လူ့အခွင့်အရေး လေးစားလိုက်နာဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံက တောင်းဆိုလိုက်တဲ့သတင်း
-ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းမှာ မြစ်ရေပြီးပြီး ပြည်သူထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း ကျောင်းတွေ ပိတ်ထားရတဲ့သတင်းနဲ့
-ထိုင်းမှာ စီမံချက်ကာလ ၁ လကျော်အတွင်း မြန်မာလုပ်သား ၈၀,၀၀၀ ကျော် ဖမ်းဆီးခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ကိုးကန့်ဒေသလောက်ကိုင်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း
-မတ္တရာမြို့နယ်ရှိ စခန်း ၆ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပြိုင်တည်းစွန့်ခွာထွက်ပြေးသွားတဲ့ သတင်းနဲ့
-မြန်မာဘက် တင်ပို့မယ့် မူးယစ်ဆေးကုန်ကြမ်း ဓာတုပစ္စည်း တန်ချိန် ၉၀ ထိုင်းဆိပ်ကမ်းမှာ ဖမ်းဆီးရမိတဲ့သတင်းတွေ နားဆင်ကြရမှာပါ။