DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • မြန်မာ့ဘဏ်ပြဿနာ၊ စစ်အုပ်စု၏တရုတ်ခရီးစဉ် (WeeklyNewsDigest 14072024)


    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ ဘဏ်တွေမှာ ငွေထုတ်မရတဲ့ပြဿနာ၊ ရှမ်းမန်းစစ်ဆင်ရေးနှင့် စစ်အုပ်စု၏တရုတ်ခရီးစဉ် ၊ သံဃာတွေပိုမိုပါဝင်လာတဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်၊ NATO ထိပ်သီးညီလာခံ- စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • မတ္တရာနှင့် စဉ့်ကူးမြို့နယ်အစပ်ကို စစ်တပ်က လက်နက်ကြီးပစ်ခတ်၊ လေကြောင်းတိုက်ခိုက်

    မန္တလေးတိုင်း၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်ကို စစ်ကောင်စီတပ်က 

    လက်နက်ကြီးနဲ့ အကြိမ် ၅၀ ကျော် ပစ်ခတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၁၀
    ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့ မတ္တရာ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

    မန္တလေးတိုင်းနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA

    နဲ့ PDF တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၁၀ ရက်မှာ
    အပြီးသတ်သိမ်းယူခဲ့သလို စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်မှာလည်း
    စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို တိုက်ခိုက် ပြီးနောက် အခုလို
    စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်နေတာပါ။

    4 min
  • DVB Newsbreak ( ဇူလိုင် ၁၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇူလိုင်  ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  

    ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ထိန်းချုပ်မရတော့သည့် တိုင်းပြည်ကို မြန်မာစစ်တပ်က ဖျက်ဆီးနေဟု ကုလကိုယ်စားလှယ်က ပြောကြားလိုက်တဲ့သတင်း 

    -ဧရာဝတီတိုင်းမှာ မြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် နေအိမ် ၁၅၀ ထက်မနည်း ရွှေ့ပြောင်းခဲ့ရတဲ့သတင်းနဲ့ 

    -ဘဏ်တွေမှာ  ငွေထုတ်ရခက်ခဲပြီး ၃ ရာခိုင်နှုန်းအထိ ပေးကာ ငွေထုတ်နေရတဲ့သတင်းတွေ  နားဆင်ကြရမှာပါ

    5 min
  • DVB Newsbreak ( ဇူလိုင် ၁၁ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇူလိုင်  ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  

    ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရသူ ၃၅၀ ကျော်ရှိလာတဲ့သတင်း 

    -ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ခြမ်းတခုလုံးကို တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက် ထိန်းချုပ်ထားတဲ့သတင်းနဲ့

    -K-Pay နဲ့  Wave ငွေသားထုတ်ယူသူတွေများပြားနေလို့  ကိုယ်စားလှယ်တွေ အခက်ကြုံနေတဲ့ သတင်းတွေ နားဆင်ရမှာပါ

    5 min
  • DVB Newsbreak ( ဇူလိုင် ၁၀ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇူလိုင် ၁၀  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  

    ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ဗီယက်နမ်၊ တရုတ်နဲ့ ယူအေအီးနိုင်ငံတွေက မြန်မာစစ်တပ်အတွက်  လေယာဉ်ဆီ ပံ့ပိုးပေးနေတယ်လို့ AI ထုတ်ပြန် ပြောကြားလိုက်တဲ့သတင်း 

    -ရန်ကုန်မြစ်အတွင်း  သမ္ဗန် မှောက်ပြီး လူ ၈ ဦးလောက် ပျောက်ဆုံးနေတဲ့သတင်းနဲ့ 

    -ဝိုင်းမော်မြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေမှာ ဝမ်းရောဂါတွေဖြစ်ပွားနေတဲ့ သတင်းတွေ နားဆင်ရမှာပါ

    5 min
  • DVB Newsbreak ( ဇူလိုင် ၉ ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇူလိုင် ၉  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  

    ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -လာမယ့် သီတင်း  ၂ ပတ်အတွင်း မိုးများပြီး  မြစ်ချောင်းတွေမှာ ရေကြီးရေလျှံနိုင်တယ်လို့ မိုးဇလက သတိပေးထားတဲ့သတင်း 

    -တရုတ်နှစ်သစ်ကူးနေ့ကို  အများပြည်သူရုံးပိတ်ရက်အဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာ လိုက်တဲ့သတင်းနဲ့ 

    -မြန်မာရေပိုင်နက်မှာ  ငါးခိုးဖမ်းတဲ့  အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး ဖမ်းဆီးအရေးယူခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    5 min
  • စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာဟာ ရှင်းဖို့နည်းလမ်းမဟုတ်

    စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာက စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေကြောင်း ပြသဖို့ဖြစ်ပြီး ဖြေရှင်းဖို့နည်းလမ်းမဟုတ်ဘူးလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်၊  ဝေဝေ သတင်းပေးပို့ထားပါတယ်။

    3 min
  • DVB Newsbreak ( ဇူလိုင် ၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့   ဇူလိုင် ၈  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -ရန်ကုန်မှာ ပြင်းထန်တဲ့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားနေတဲ့သတင်း 

    -တိုက်ပွဲတွေကြောင့် လားရှိုးမြို့အထွက်လမ်းမှာ စစ်ရှောင်ကား ထောင်ချီ ပိတ်မိနေတဲ့သတင်းနဲ့ 

    - သေဆုံးစစ်သည်တွေရဲ့ လစာတွေကို ထုတ်စားနေတဲ့ စစ်ကောင်စီတပ် အရာရှိတွေ ဖမ်းဆီးခံရ တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။

    5 min
  • ရေဘေးသင့်ကချင်၊ လားရှိုးတိုက်ပွဲ (WeeklyNewsDigest 07072024)


    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာတော့ ရေဘေးသင့်ကချင်၊ လားရှိုးတိုက်ပွဲနဲ့ ရှမ်းမြောက်စစ်ရေး ၊ ဘိုင်ဒင်-ထရမ့်ပ် Debate ဂယက် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • လပခ တိုင်းမှူးသစ် အလံဖြူထောင်လက်နက်ချရန် မန္တလေး PDF တိုက်တွန်း

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူးအသစ်

    ဗိုလ်ချုပ်အောင်ခိုင်ဝင်း အနေနဲ့ အလံဖြူထောင်
    လက်နက်ချတာအကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဆွေးနွေးညှိနှိုင်းဖို့ဆို
    တာမဖြစ်နိုင်တော့ဘူးလို့  မန္တလေးဒေသခံ PDF  က တိုက်တွန်းလိုက်ပါတယ်။

    ဇွန်လကုန်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) တိုင်းမှူး ဗိုလ်ချုပ်

    ကြည်ခိုင်ကို စစ်ခေါင်းဆောင်က ရာထူးကနေဖယ်ရှားပြီး တြိဂံတိုင်းမှူး
    ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို လပခ တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့တာပါ။

    မန္တလေးတိုင်း တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ထဲမှာ ပဲခူးမြို့၊

    ဝင်းနိမ္မိတာရုံဆရာတော်ပစ်သတ်ခံရမှုနဲ့  ဇွန် ၂၅ ရက်မှာ စတင်ခဲ့တဲ့
    မြောက်ပိုင်းမဟာမိတ်တွေရဲ့ ၁၀၂၇ နောက်ဆက်တွဲထိုးစစ်ကို
    မထိန်းနိုင်ခဲ့မှုတွေနဲ့ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြည်ခိုင်ကို ရာထူးက
    ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

    https://burmese.dvb.no/post/659136

    4 min