
Sign up to save your podcasts
Or


စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာတော့ စစ်တပ်ပစ်ခတ်မှုကြောင့် သွေးမြေကျခဲ့ရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်နိုင်ငံတကာရဲ့အမြင်ပြောင်းလာပြီလား၊ ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
DVB
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သံဃာ ၅၂ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံ ထိုက်တဲ့ပစ်မှုဖြစ်ပြီး သံဃာထု တရပ်လုံးက စစ်ကောင်စီကို သပိတ်မှောက်တော်လှန်ကြဖို့ ရွှေဝါရောင် ဆရာတော်တွေက မိန့်ဆိုလိုက်ပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ဝင်း နိမ်မိတာရုံ ဆရာတော်ကြီးကို သေနတ်နဲ့ပစ်သတ်ခဲ့သူတွေဟာ စစ်ကောင်စီတပ် ဖြစ်တယ်လို့ မျက်မြင်သက်သေဆရာတော်က မိန့်ကြားလိုက်တဲ့သတင်း
-ကရင်နီပြည်နယ် ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်း ချုပ်နိုင်ပြီလို့ KNPP က ပြောကြားလိုက်တဲ့သတင်းနဲ့
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ကောင်စီ ပြောကြားလိုက်တဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်
ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်အတည်ပြု ပြဌာန်းပြီးတဲ့နောက် ပြည်တွင်းမှာ မနေလိုကြတဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီ တိမ်းရှောင် ရွှေ့ပြောင်းလာကြပါတယ်။ ဒီထဲမှာမှ အိမ်နီးချင်း ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ လူငယ်တွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ မျှော်လင့်ချက်တွေအကြောင်း ဇွဲသစ်က တင်ဆက်ပေးမှာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဆရာတော်ကြီး ၁ ပါး ပျံလွန်တော်မူသွားတဲ့သတင်း
-ပန်ဝါမြို့ အနီး မြေရှားသတ္တုတွင်း မြေပြိုကျပြီး လူ ၅၀ လောက် နစ် မြုပ်သွားတဲ့သတင်းနဲ့
-အမေရိကန်ထိန်းချုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံ ပြန်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံကောင်စီက တောင်းဆိုလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပြည်တွင်းပြည်ပမှာ ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့သတင်း
-ရိုဟင်ဂျာ ထောင်သောင်းချီ ပြေးစရာနေရာမရှိဖြစ်နေတယ်လို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးက ပြောကြားလိုက်တဲ့သတင်းနဲ့
-ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
အကျဉ်းထောင်မှာ ၄ ကြိမ်မြောက် မွေးနေ့ကို ဖြတ်သန်းနေရတဲ့
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်အချုပ်ထောင် ပြင်ပကို ပို့ထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ နေရာအတိအကျကို စစ်ကောင်စီက အတည်မပြုခဲ့ဘဲ
အချိန် ၂ လနီးပါး ကြာချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မြို့တော်ဝန်နဲ့ ကောင်စီဝင်တွေနေထိုင်ဖို့ ဆောက်ထားတဲ့ တိုက် ၈ လုံးထဲက တိုက်နံပါတ် ၆ မှာ ထိန်းသိမ်းထားတယ်လို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းတရားစွဲဆို စစ်ဆေးတာကိုလည်း အဲဒီတိုက် ၈ လုံးမှာပဲ စစ်ကောင်စီက ရုံးဖွင့်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတဦးက “ပထမဆုံးအမှုစစ်တော့ နေပြည်တော် ကောင်စီရုံး တိုက်နံပါတ် ၁ မှာ ရုံးခန်းလုပ်ပြီးတော့ စစ်တာ။ တိုက်နံပါတ် ၄ တို့ ၆ တို့မှာ နားရတယ်။ နားပြီးတော့မှ အဲဒီတရားခွင်ဘက်ကို သူတို့ပြန်ပို့တာ။ အခု တိုက်နံပါတ် ၆ မှာ ထားတယ်လို့တော့ ကြားတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို
လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က တင်သွင်းထားတဲ့ အထူးအယူခံ အားလုံးကို စစ်ကောင်စီတရားရုံးက ပယ်ချထားပါတယ်။
လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အချုပ်ထောင်ပြင်ပကို ပို့ဆောင်ထားတာဟာ ပြစ်မှုပြစ်ဒဏ် လျှော့ပေါ့တာမျိုး မဟုတ်ဘဲ
အာဏာစသိမ်းတုန်းက ရွေးကောက်ပွဲမှာ NLD က မလျော်ဩဇာသုံးခဲ့တာကြောင့်လို့ စစ်ကောင်စီက အကြောင်းပြချက်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် တရားစွဲဆိုရာမှာတော့ အမှု ၂၀ ဝန်းကျင်မှာ ရွေးကောက်ပွဲဥပဒေပုဒ်မနဲ့ ပတ်သက်တဲ့အမှု တခုသာ ပါဝင်ခဲ့တာပါ။
အာဏာစသိမ်းချိန်ကတည်းက ရွေးကောက်ပွဲကျင်းပပြီး အာဏာပြန်လွှဲပြောင်းပေးမယ်လို့ စစ်ခေါင်းဆောင်က အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး
ဒါပေမဲ့ ဒီမိုကရေစီနည်းလမ်းတကျ ရပ်တည်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ တိုင်းရင်းသားပါတီတွေကတော့ ပြည်တွင်းမှာ ရှင်သန်ရပ်တည်ဖို့ အခက်အခဲမျိုးစုံ ကြုံတွေ့နေရတာပါ။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “အမ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ အသက်လည်းကြီးပါပြီ။ ဒီလို ထောင်ထဲမှာ ရောက်နေတယ်ဆိုတာတော့ မကောင်းဘူးပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် သူ လွတ်လွတ်လပ်လပ်နဲ့ ကျန်းကျန်းမာမာ ရှိစေချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့
၂၀၂၂ ဇွန်ကနေ ၂၀၂၄ ဧပြီအထိ ၁ နှစ်နဲ့ ၁၀ လဝန်းကျင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီကနေ လက်ရှိအချိန်အထိ စုစုပေါင်း အချိန် ၃ နှစ်နဲ့ ၄ လနီးပါးကြာ ထိန်းသိမ်းခံထားရပြီး ရှေ့နေအဖွဲ့က တွေ့ဆုံခွင့်မရခဲ့တာ အချိန် ၁ နှစ်နဲ့ ၆ လနီးပါး ကြာမြင့်နေပြီ ဖြစ်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက “အမေစု
အစောပိုင်းကာလ ရုံးချိန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဆီက
NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “နိုင်ငံတကာကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးအတွက် စိတ်ပူနေကြတဲ့ အချိန်မှာ တခြားနိုင်ငံခေါင်းဆောင်တွေကလည်း တွေ့ဆုံဖို့အတွက် တောင်းတယ်၊ မပေးဘူးဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုနဲ့တောင် ပေးမတွေ့ဘူး၊ ရှေ့နေနဲ့တောင် ပေးမတွေ့ဘူးဆိုတာ အင်မတန်မှ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတရပ်ကို စစ်ကောင်စီက လုပ်နေတာပဲ။
အာဏာသိမ်း ၃ နှစ်ကျော်ကာလ ရောက်လာချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေအထိ ခရီးရောက်လာခဲ့ပြီး လူငယ်တွေရဲ့ တော်လှန်ရေးကို ဒေါ်အောင်ဆန်းစုကြည်က အားပေးထောက်ခံမယ်ဆိုတာ ယုံကြည်တယ်လို့ လက်နက်ကိုင် လူငယ်တော်လှန်ရေး ခေါင်းဆောင်တယောက်က
မင်းတပ် ပအဖမှ ကိုရောမန်က “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါမယ်၊ နေအိမ်အကျယ်ချုပ် ထားပါမယ်၊ ဟိုလိုလုပ်ပါမယ် ဒီလိုလုပ်ပါမယ်ပေါ့နော် ကစားမှာပဲ။ ဒါပေမဲ့ ဒီခေတ် တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ လူငယ်တွေက လူပုဂ္ဂိုလ်တဦးတယောက် အတွက် တိုက်ပွဲဝင်နေတာ မဟုတ်ဘူးလေ။
အဲဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့၊ ခြံအမှတ် ၅၄၊
လေလံထပ်တင်ဖို့ တရားပြိုင် ဦးအောင်ဆန်းဦးက ဆက်လက်ကြိုးစားနေပြီး ရှေ့နေအဖွဲ့က တရားရုံးကို ပြင်ဆင်ချက် တင်သွင်းပေမဲ့ စစ်ကောင်စီတရားရုံးက ဒုတိယအကြိမ် လေလံတင်ဖို့ကိုသာ ဦးစားပေး ကြားနာတာတွေ ပြုလုပ်နေပါတယ်။
သုတချမ်းသာ
DVB Newsbreak ( ဇွန် ၁၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးဆိုးရွားလာလို့ ဆေးကုသမှု ခံယူနေရတဲ့သတင်း
-ဖားကန့်မှာ ကမ်းပါးပြိုကျလို့ ရေမဆေးကျောက်ရှာသူ ၁ ဦး သေဆုံးသွားတဲ့သတင်းနဲ့
-လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တော်လှန်အမျိုးသမီးတွေက တောင်းဆိုလိုက်တဲ့ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်
စစ်ကောင်စီခေါင်းဆောင်က ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ထပ်မံ ပြောဆိုလာပါတယ်။ စစ်ကောင်စီ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပေးထားချက်ကို အသုံးပြုပြီး ကွက်ကြားရွေးကောက်ပွဲနဲ့ ထွက်ပေါက် ရှာလာနိုင်တယ်လို့လည်း သုံးသပ်တာတွေ ရှိပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-တော်လှန်ရေးကာလ ၃ နှစ်အတွင်း ကလေးသူငယ် ၈၀၀ ကျော် သေဆုံးခဲ့တဲ့သတင်း
-AA က မောင်တောမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖို့ရှိလို့ ဒေသခံတွေ ထွက်ခွာသွားဖို့ သတိပေးလိုက်တဲ့ သတင်းနဲ့
-မဏိပူရ အင်ဖာဗဟိုအကျဉ်းထောင်မှာ မြန်မာနိုင်ငံသား ၃၀ လောက် အစာငတ်ခံဆန္ဒပြနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ