
Sign up to save your podcasts
Or


ဂျမ်ဘာကျော်နိုင်တဲ့ Fixed Wing ဒရုန်းတွေ စစ်ကိုင်းတိုင်းထဲမှာ ပြန့်နှံ့နေပြီဖြစ်ပြီး တိုက်ပွဲဖော်ရာမှာ သိသာတဲ့ အောင်မြင်မှုတွေ ရှိတယ်လို့ မင်းကင်းဒေသခံ PDF Drone သမားတယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စစ်မှုထမ်းဥပဒေနဲ့ သင်တန်းပေးထားတဲ့ လူငယ်တွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေမှာ စတင် အသုံးပြုနေပါတယ်။ ဒီသတင်းကို သုတချမ်းသာ ပေးပို့ထားပါတယ်။
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ဒီမိုကရေစီခရီးကြမ်း၊ စစ်ကောင်စီ စီစဉ်နေတဲ့ ဆွေးနွေးပွဲ၊ စစ်အာဏာရှင်လက်ထက် ကလေးလုပ်သား စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မောင်တောမှာစစ်ကောင်စီ လက်ကျန်စခန်းနှစ်ခုပဲ ကျန်တော့ပြီး အေအေက ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေပါတယ်။ အေအေ မျှော်မှန်းတဲ့ Confederate ခရီးဟာလည်း နီးလာပြီလို့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းကလည်း ပြောပါတယ်။ ထက်အောင်က သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်လုံးကျွတ် သံမဏိနှင်းဆီသပိတ်ဆင်နွှဲကြဖို့ သပိတ်အင်အားစုက နှိုးဆော်လိုက်တဲ့သတင်း
-၃ နှစ်အတွင်း ကျန်းမာရေးကဏ္ဍအတွက် ကျပ်ငွေ ၁၅ ဘီလီယံကျော် အသုံးပြုခဲ့တယ်လို့ NUG ကထုတ်ပြန်လိုက်တဲ့သတင်းနဲ့
-ဗန်းမော်မြို့အနီး စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သံချပ်ကာကား ပျက်စီးသွားတဲ့ သတင်းတွေ နားဆင်ရမှာပါ
- အုတ်ဖိုမှာ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်ရေး ကူညီပေးဖို့ နိုင်ငံတကာကို NLD တိုက်တွန်းလိုက်တဲ့သတင်း
-ဖားကန့်မှာ ကျောက်မျက်လုပ်ကွက်ဟောင်း မြေပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး သွားတဲ့သတင်းနဲ့
-မန္တလေးမြို့ရှိ ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုဖြစ်တဲ့သတင်းတွေ နားဆင်ရမှာပါ
အာရက္ခတပ်တော် (AA) အနေနဲ့ စစ်သားစုဆောင်းဖို့လိုတဲ့ အဖွဲ့အစည်းမဟုတ်သလို ဒီကနေ့ အချိန်အထိ အတင်းအကျပ် စစ်သားစုဆောင်းခဲ့တာမရှိဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှု အဆိုးရွားဆုံးဖြစ်လာနေပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း
-စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက် ကလေးလုပ်သားဦးရေ တိုးလာတယ်လို့ ILO က ပြောကြားလိုက်တဲ့သတင်းနဲ့
-ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ပင်လောင်းနဲ့ ဖယ်ခုံ စစ်ရှောင်စခန်းတွေမှာ ရေကြီးနေတဲ့သတင်းတွေ နားဆင်ရမှာပါ
လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြောင့် လူစုလူဝေးကိစ္စတွေမှာ လုံခြုံရေးသတိရှိကြဖို့ သပိတ်ခေါင်းဆောင် တွေနဲ့ လေ့လာသူတွေက တိုက်တွန်းပါတယ်။ ထက်အောင် သတင်းပေးပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇွန် ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-စစ်ခေါင်းဆောင်နဲ့ ခရိုနီဦးတေဇမိသားစုအပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၇၀ ကို UK နိုင်ငံက ထပ်မံပိတ်ဆို့အရေးယူလိုက်တဲ့သတင်း
-ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA ကသိမ်းပိုက်ရရှိခဲ့တဲ့သတင်းနဲ့
-တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ