
Sign up to save your podcasts
Or


ရန်ကုန်မြို့တော်စည်ပင်ရဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းမှ စတင်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် MY CITY APP ကို YCDC မှမိတ်ဆက်လိုက်တဲ့အကြောင်း၊ TikTok ဟာ အမေရိကန်မှာ လုပ်ငန်းကို ပယ်ဖျက်ဖို့ မိခင်ကုမ္ပဏီ ByteDance အပေါ် တောင်းဆိုတဲ့ အမိန့်ကြော်ငြာစာနဲ့ ပတ်သက်ပြီး ထရမ့်အစိုးရကို တရားစွဲသွားမယ်လို့ အတည်ပြုဆိုတဲ့အ
Lava ကုမ္ပဏီကတော့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တိုင်းတာပေးတဲ့ ခလုတ်ဖုန်းတစ်မျိုးကို မိတ်ဆက်လိုက်တဲ့အကြောင်း၊ “Marketing in the New Normal” အွန်လိုင်းအခမဲ့ သင်တန်းဖွင့်လှစ်မယ်ဆိုတဲ့အကြောင်း၊ Apple ဟာ ဗုဒ္ဓဟူးနေ့က စတော့ရှယ်ယာ ဈေးကွက်တန်ဖိုး ဒေါ်လာ နှစ်ထရီလီယံ ကျော်လွန်သွားတယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
၂၀၂၀ ခုနှစ် ဇူလိုင်လမှာ မကျင်းပဖြစ်ခဲ့တဲ့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအတွက် စာမေးပွဲကြေးကို ဇူလိုင် ၉ ရက် က MAJA Facebook Page မှာ ကြေညာထားတဲ့ နည်းလမ်းများအတိုင်း အပြည့်အ၀ပြန်လည်ထုတ်ပေးနေဆိုတဲ့အကြောင်း၊ Samsung ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Unpacked ပွဲမှာ Galaxy Z Fold 2 ကိုမိတ်ဆက်ထားပြီး အသေးစိတ် အချက်အလက်နဲ့ ဈေးနှုန်းကို စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်နိုင်ဆိုတဲ့အကြောင်း၊ Apple ဟာ ၂၀၂၁ ခုနှစ် မတ်လမှာ iPad Air 4 ကိုမိတ်ဆက်နိုင်ပြီး iPhone 12 ရဲ့ A14 Bionic ချစ်ပ်ကို အသုံးပြုဖွယ်ရှိတယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
iPhone 12 စီးရီးအတွက် 5G အစိတ်အပိုင်းထည့်သွင်းဖို့ ဖုန်းထုတ်လုပ်မှု စရိတ်ကို လျှော့ချသွားမယ်ဆိုတဲ့ Apple အကြောင်း၊ မော်တော်ကား နည်းပညာဒီပလိုမာ (Automotive Engineering Diploma) ကို အောက်တိုဘာ ၂၀ ရက်မှာ Glory သင်တန်းကျောင်းတွင် ဖွင့်လှစ်သွားမယ့်အကြောင်း၊ Facebook ရဲ့နာမည်ကျော် အပြာရောင်ဘား ပါဝင်တဲ့ ဝက်ဘ်ဆိုက် ဒီဇိုင်းအဟောင်းကတော့ စက်တင်ဘာလမှာ ပျောက်ကွယ်သွားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
JOOX မှ ၂၀၂၀ ပထမနှစ်ဝက်ဆုပေးပွဲ ရွှေတံဆိပ်ဆုရှင်များနှင့် သီချင်းများကို ထုတ်ပြန်ကြေညာဆိုတဲ့အကြောင်း၊ OPPO Reno4 စမတ်ဖုန်းနဲ့ OPPO Smart Watch ကို သြဂုတ် ၂၂ ရက်မှာ ပြည်တွင်းစျေးကွက်ကို တရားဝင် မိတ်ဆက်မယ့်အကြောင်း၊ ဆွစ်ဇာလန်နိုင်ငံရှိ Swiss Education Group ရဲ့ ကျောင်းကြီး ငါးကျောင်းမှာ ၂၀၂၁ ခုနှစ် ကျောင်းဖွင့်ချိန်တွေအတွက် ပညာသင်ဆုတွေနဲ့ Financial Aid program တွေကို လျှောက်ထားနိုင်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Xiaomi ရဲ့အသစ်မိတ်ဆက်လိုက်တဲ့ OLED TV ကတော့ ထုတ်ချင်းပေါက် ဖောက်ထွင်းမြင်နိုင်တဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတယ်ဆိုတဲ့အကြောင်း၊ Covid-19 ကာလအတွင်းမှာ မဖွင့်လှစ်ဖြစ်ခဲ့တဲ့ Nikon Free Basic Training ကို စက်တင်ဘာ ၅ ရက်နေ့မှာ ဖွင့်လှစ်မယ့်အကြောင်း၊ BC Finance မှ ဘဏ္ဍာရေးဆိုင်ရာ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး အတွက် Musoni ရဲ့ core banking system ကို စတင်အသုံးပြုဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Microsoft ဟာ နိုဝင်ဘာလအတွင်း Xbox Series X ကို အဓိက ဈေးကွက်တွေနဲ့ အပြိုင် ဂျပန်မှာလည်း ရောင်းချမယ့်အကြောင်း၊ MPT မှ MPT4U app သုံးစွဲသူ (၁၄) သန်း ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် ကံထူးရှင် (၁၄) ဦးအတွက် အထူးဆုအဖြစ် MPT Money ပိုက်ဆံ (၁၀) သိန်းနဲ့ ဒေတာလက်ဆောင်ပေါင်းများစွာကို ပေးအပ်သွားမယ့်အကြောင်း၊ Draper Startup House (DSH) နဲ့ LEARN Global Institute (LGI) တို့နားလည်မှုစာချွန်လွှာ (MOU) ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး LGI ကျောင်းသားများ မတည်ငွေရင်း ထောက်ပံ့မှု (Venture Capital Funding) ရရှိနိုင်မယ့် အခွင့်အရေးတွေနဲ့ ပိုမိုကောင်းမွန်သော သင်ကြားမှု အတွေ့အကြုံများ ပေးသွားမယ့်အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
အင်ဒီဂိမ်းတွေ ထုတ်လုပ်တဲ့ Panic ဟာ Playdate လို့ခေါ်တဲ့ အဝါရောင် လက်ကိုင်ဂိမ်းစက်ကို ဖန်တီးနေတဲ့အကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်တဲ့ Friendship and Cooperation ခေါင်းစဉ်ဖြင့် short video ပြိုင်ပွဲအတွက် ဗီဒီယိုထုတ်လုပ်သူတွေ၊ လူမှုကွန်ရက်မီဒီယာတွေ၊ ဘလော့ကာတွေနဲ့ စိတ်ပါဝင်စားသူတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားတဲ့ အကြောင်း၊ ဂျပန်နိုင်ငံရှိ ဂျပန်စာသင်တန်းကျောင်း တက်ရောက်လိုသူများ ပညာသင်စရိတ်အတွက် လျှောက်ထားနိုင်တဲ့ အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Google ဟာ Apple လိုပဲ ပေါ်လစီချိုးဖောက်မှုနဲ့ Play Store ကနေ Fortnite ကို ဖယ်ရှားလိုက်တဲ့အကြောင်း၊ ထရမ့်အစိုးရကို တရားစွဲဖို့ စီစဉ်နေတဲ့ TikTok အကြောင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဘေးကင်းလုံခြုံစေဖို့ မလိုအပ်တဲ့ သတင်းအချက်အလက် (spam) တွေကို တိုက်ဖျက်နိုင်ပြီး အခြားအသုံးပြုသူတွေကို နာမည်အလိုက် ရှာဖွေနိုင်မယ့် လုပ်ဆောင်ချက် အသစ်တစ်ခုကို မိတ်ဆက်လိုက်တဲ့ Viber အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
Apple ဟာ Car key နဲ့ Apple News+ အသံထွက်သတင်းတွေပါဝင်တဲ့ iOS 13.6 update ဖြန့်ချိအပြီး တစ်လအကြာမှာ အားနည်းချက်အနည်းငယ် ပြင်ထားတဲ့ iOS နဲ့ iPadOS 13.6.1 ကိုဖြန့်ချိလိုက်တဲ့အကြောင်း၊ Facebook ဟာ COVID-19 သတင်းမှား ဖြန့်ချိမှုကို တိုက်ဖျက်ဖို့ ဆောင်းပါး ဒါမှမဟုတ် အခြား လင့်ခ်တစ်ခုနဲ့ ပတ်သက်တဲ့ နောက်ခံအခြေအနေ ထောက်ပံ့ပေးမယ့် သတိပေးချက် မျက်နှာပြင်သစ်တစ်ခုထည့်သွင်းလိုက်တဲ့ အကြောင်း၊ မိုဘိုင်းပိုက်ဆံအိတ် အက်ပလီကေးရှင်း Citizens ကို စတင်မိတ်ဆက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။
From the publisher's feed